တရုတ်နိုင်ငံရှိ အထပ် ၄၂ ထပ်မြင့် အဆောက်အဦးတစ်ခု မီးလောင်

 851

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

တရုတ်နိုင်ငံ Changsha မြို့ရှိ အထပ် ၄၂ထပ်မြင့်သည့် China Telecom အဆောက်အဦးတစ်ခု စက်တင်ဘာ ၁၆ ရက်နေ့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါအဆောက်အဦးကို ပြီးခဲ့သည့် ၂ဝဝဝ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ပြီး Changsha မြို့အတွင်းရှိ အဆောက်အဦးများထဲ အမြင့်ဆုံးအဆောက်အဦးဖြစ်ကြောင်းသိရသည်။

အဆိုပါအဆောက်အဦးသည် အမြင့် ၆၅၆ ပေမြင့်များကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသည့်အရေအတွက်ကို မသိသေးကြောင်း တရုတ်နိုင်ငံပိုင် CCTV က ဖော်ပြထား သည်။ မီးလောင်မှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးများ အဆောက်အဦးဝန်းကျင်တွင်အုပ်ဆိုင်းနေပြီး အဆောက်အဦးရှိ အခန်းပေါင်းများစွာ မီးလောင်ကျွမ်းခံခဲ့ရကြောင်းသိရသည်။

မီးသတ်သမားများသည် မီးငြိမ်းသတ်နိုင်ရေး နှင့် ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေကြောင်း တရုတ်သတင်းမီဒီယာတွေက ဖော်ပြထားသည်။

Changsha မြို့သည် လူဦးရေ ၁ဝ သန်း နေထိုင်နေသည့်မြို့ဖြစ်ကြောင်း၊ အဆိုပါအဆောက် အဦးသည် မီးရထားဘူတာရုံနှင့် ကပ်လျက်ရှိနေကြောင်း သိရသည်။

တရုတ်မီးသတ်ဌာနက မီးငြိမ်းသတ်ရန်အတွက် မီးသတ်သမားပေါင်း ၂၈ဝ၊ မီးသတ်ကားပေါင်း အနည်းဆုံး ၃၆ စီးအသုံးပြုထားကြောင်း၊ မီးလောင်ရသည့်အကြောင်းအရင်းကို အတိအကျ မသိသေးကြောင်း ဆိုသည်။

ကနဦးစုံစမ်းချက်များအရ အဆိုပါအဆောက်အဦး၏အပြင်ဘက်နံရံမှတစ်ဆင့် မီးလောင်ကျွမ်းကျင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်မီးသတ်ဌာနက ပြောသည်။
တရုတ်မီးသတ်ဌာနက "လက်ရှိမှာ မီးငြိမ်းသတ်နေပြီး အသေပျောက်မတွေ့သေးဘူး" ဟုဆိုသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရွိ အထပ္ ၄၂ ထပ္ျမင့္ အေဆာက္အဦးတစ္ခု မီးေလာင္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

တ႐ုတ္ႏိုင္ငံ Changsha ၿမိဳ႕ရွိ အထပ္ ၄၂ထပ္ျမင့္သည့္ China Telecom အေဆာက္အဦးတစ္ခု စက္တင္ဘာ ၁၆ ရက္ေန႔တြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အဆိုပါအေဆာက္အဦးကို ၿပီးခဲ့သည့္ ၂ဝဝဝ ျပည့္ႏွစ္တြင္ တည္ေဆာက္ခဲ့ၿပီး Changsha ၿမိဳ႕အတြင္းရွိ အေဆာက္အဦးမ်ားထဲ အျမင့္ဆုံးအေဆာက္အဦးျဖစ္ေၾကာင္းသိရသည္။

အဆိုပါအေဆာက္အဦးသည္ အျမင့္ ၆၅၆ ေပျမင့္မ်ားေၾကာင္း၊ မီးေလာင္မႈေၾကာင့္ ထိခိုက္ေသဆုံးသည့္အေရအတြက္ကို မသိေသးေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္ CCTV က ေဖာ္ျပထား သည္။ မီးေလာင္မႈေၾကာင့္ ထြက္ေပၚလာသည့္ မီးခိုးမ်ား အေဆာက္အဦးဝန္းက်င္တြင္အုပ္ဆိုင္းေနၿပီး အေဆာက္အဦးရွိ အခန္းေပါင္းမ်ားစြာ မီးေလာင္ကြၽမ္းခံခဲ့ရေၾကာင္းသိရသည္။

မီးသတ္သမားမ်ားသည္ မီးၿငိမ္းသတ္ႏိုင္ေရး ႏွင့္ ပိတ္မိေနသူမ်ားကို ကယ္တင္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း တ႐ုတ္သတင္းမီဒီယာေတြက ေဖာ္ျပထားသည္။

Changsha ၿမိဳ႕သည္ လူဦးေရ ၁ဝ သန္း ေနထိုင္ေနသည့္ၿမိဳ႕ျဖစ္ေၾကာင္း၊ အဆိုပါအေဆာက္ အဦးသည္ မီးရထားဘူတာ႐ုံႏွင့္ ကပ္လ်က္ရွိေနေၾကာင္း သိရသည္။

တ႐ုတ္မီးသတ္ဌာနက မီးၿငိမ္းသတ္ရန္အတြက္ မီးသတ္သမားေပါင္း ၂၈ဝ၊ မီးသတ္ကားေပါင္း အနည္းဆုံး ၃၆ စီးအသုံးျပဳထားေၾကာင္း၊ မီးေလာင္ရသည့္အေၾကာင္းအရင္းကို အတိအက် မသိေသးေၾကာင္း ဆိုသည္။

ကနဦးစုံစမ္းခ်က္မ်ားအရ အဆိုပါအေဆာက္အဦး၏အျပင္ဘက္နံရံမွတစ္ဆင့္ မီးေလာင္ကြၽမ္းက်င္ခဲ့ျခင္းျဖစ္ေၾကာင္း တ႐ုတ္မီးသတ္ဌာနက ေျပာသည္။
တ႐ုတ္မီးသတ္ဌာနက "လက္ရွိမွာ မီးၿငိမ္းသတ္ေနၿပီး အေသေပ်ာက္မေတြ႕ေသးဘူး" ဟုဆိုသည္။

Related news

© 2021. All rights reserved.