အကြမ်းဖက်သမားတန်ပြန်ရေး အကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မည် မဟုတ်ကြောင်း (SCO) အဖွဲ့ ဆို

 1123

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

အကြမ်းဖက်သမားများ နှင့် အစွန်းရောက်များကို တန်ပြန်ရန်အကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်ဖက်မည်မဟုတ်ကြောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) က ကြေညာလိုက်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပနေပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ နှင့် ပါကစ္စတန်တို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်း ၁ဝ ခု၏ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထုတ်ပြန် ခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က "အဖွဲ့ဝင်နိုင်ငံများဟာ အကြမ်းဖက်သမား၊ အစွန်းရောက်အုပ်စု များ အသုံးပြုခြင်းကိုလက်မခံတဲ့အပြင် အကြမ်းဖက်သမားတန်ပြန်ရေး အကြောင်းပြချက်တွေနဲ့ ပြည်တွင်းရေးတွေကို ကြားဝင်စွက်ဖက်တာမျိုးတွေကိုလည်း လက်မခံဘူး။ ကုလသမဂ္ဂ ကြေညာစာတမ်း ပါအချက်များ၊ ရည်ရွယ်ချက်များ၊ နိုင်ငံတကာဥပဒေများအတိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင် သွားမှာဖြစ်တယ်။ ကမ္ဘာရေးရာပြဿာနာများ၊ ဒေသအတွင်း ပြဿနာများကိုဖြေရှင်းရာမှာ အပြန်အလှန် အကျိုးစီးပွားကိုအခြေခံပြီး စဉ်းစားဖြေရှင်းသွားမှာဖြစ်တယ်" ဟု သတင်းထုတ်ပြန်ထားသည်။

အဖွဲ့ဝင်နိုင်ငံများကြား ကာကွယ်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဆိုသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ၂ဝဝ၁ ခုနှစ်တွင် ရုရှား၊ တရုတ်တို့ဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်း ခဲ့ပြီး လက်ရှိအချိန်တွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအဖြစ် ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကာဇက်စတန်၊ အီရန်၊ ကာဂျစ္စတန်တို့ ပူးပေါင်းပါဝင်လျက် ရှိနေ ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဒေသအတွင်းဆိုင်ရာအဖွဲ့အစည်းများထဲတွင် အကြီးဆုံးအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့လူဦး ရေ၏ ၄ဝ ရာခိုင်နှုန်း ကမ္ဘာ့ဂျီဒီပီ၏ ၃ဝ ရာခိုင်နှုန်းရှိနေသည့်အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။

Zawgyi Version;
အၾကမ္းဖက္သမားတန္ျပန္ေရး အေၾကာင္းျပခ်က္ျဖင့္ အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္မည္ မဟုတ္ေၾကာင္း (SCO) အဖြဲ႕ ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

အၾကမ္းဖက္သမားမ်ား ႏွင့္ အစြန္းေရာက္မ်ားကို တန္ျပန္ရန္အေၾကာင္းျပခ်က္ျဖင့္ အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးကို ၾကားဝင္ဖက္မည္မဟုတ္ေၾကာင္း ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) က ေၾကညာလိုက္သည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးကို ဥဇဘက္ကစၥတန္ႏိုင္ငံတြင္ က်င္းပေနၿပီး ႐ုရွား၊ တ႐ုတ္၊ အိႏၵိယ ႏွင့္ ပါကစၥတန္တို႔အပါအဝင္ ကမာၻ႔ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံမွ ေခါင္းေဆာင္မ်ား၊ ႏိုင္ငံတကာ အဖြဲ႕အစည္း ၁ဝ ခု၏ ေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၏ အဖြဲ႕ဝင္ႏိုင္ငံမ်ားေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ သတင္းထုတ္ျပန္ ခဲ့သည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕က "အဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ အၾကမ္းဖက္သမား၊ အစြန္းေရာက္အုပ္စု မ်ား အသုံးျပဳျခင္းကိုလက္မခံတဲ့အျပင္ အၾကမ္းဖက္သမားတန္ျပန္ေရး အေၾကာင္းျပခ်က္ေတြနဲ႔ ျပည္တြင္းေရးေတြကို ၾကားဝင္စြက္ဖက္တာမ်ိဳးေတြကိုလည္း လက္မခံဘူး။ ကုလသမဂၢ ေၾကညာစာတမ္း ပါအခ်က္မ်ား၊ ရည္႐ြယ္ခ်က္မ်ား၊ ႏိုင္ငံတကာဥပေဒမ်ားအတိုင္း ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ သြားမွာျဖစ္တယ္။ ကမာၻေရးရာျပႆာနာမ်ား၊ ေဒသအတြင္း ျပႆနာမ်ားကိုေျဖရွင္းရာမွာ အျပန္အလွန္ အက်ိဳးစီးပြားကိုအေျခခံၿပီး စဥ္းစားေျဖရွင္းသြားမွာျဖစ္တယ္" ဟု သတင္းထုတ္ျပန္ထားသည္။

အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ကာကြယ္ေရးႏွင့္လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္လုပ္ကိုင္သြား မည္ျဖစ္ေၾကာင္း၊ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕က ဆိုသည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကို ၂ဝဝ၁ ခုႏွစ္တြင္ ႐ုရွား၊ တ႐ုတ္တို႔ဦးေဆာင္မႈျဖင့္ စတင္ဖြဲ႕စည္း ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမ်ားအျဖစ္ ႐ုရွား၊ တ႐ုတ္၊ ပါကစၥတန္၊ ဥဇဘက္ကစၥတန္၊ တာဂ်စ္ကစၥတန္၊ ပါကစၥတန္၊ အိႏၵိယ၊ ကာဇက္စတန္၊ အီရန္၊ ကာဂ်စၥတန္တို႔ ပူးေပါင္းပါဝင္လ်က္ ရွိေန ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕သည္ ေဒသအတြင္းဆိုင္ရာအဖြဲ႕အစည္းမ်ားထဲတြင္ အႀကီးဆုံးအဖြဲ႕အစည္းျဖစ္ၿပီး ကမာၻ႔လူဦး ေရ၏ ၄ဝ ရာခိုင္ႏႈန္း ကမာၻ႔ဂ်ီဒီပီ၏ ၃ဝ ရာခိုင္ႏႈန္းရွိေနသည့္အဖြဲ႕အစည္းျဖစ္ေၾကာင္းသိရသည္။

Picture

Moe Aung

16/09/2022 22:24

✍️

Picture

Ko Moe

16/09/2022 22:47

ဂုဏ်ယူပါတယ်ဗျာ။ဒီအဖွဲ့က ကုလကို ဦးဆောင်နိုင်စေချင်ပါတယ်။

Picture

Ko Moe

16/09/2022 22:48

လောကမှာ အချောင်သမား ဆိုတာ ရှက်စရာ ကောင်းပါတယ်။အချောင်သမား ဆိုတာ အများစုက ဘာမှ မပေးဆပ်ပဲ အကျိူးအမြတ်များများ လိုချင်တာခေါ်မှာပေါ့

Picture

Htun Aung Kyaw

16/09/2022 23:32

This purpose was very good.

Related news

© 2021. All rights reserved.