တောင်အာဖရိကမှာ အိုမီခရွန်အမျိုးအစားခွဲအသစ် တွေ့ရှိ

 589

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

တောင်အာဖရိကမှာ စက်တင်ဘာလ ၁၅ ရက် ကြသပတေးနေ့က BA.2.75 (ခေါ်) အိုမီခရွန် အမျိုးအစား ခွဲအသစ်ကိုတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အမျိုးအစားခွဲအသစ်ဟာ လက်ရှိအချိန်မှာ သက်ရောက်မှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရပါတယ်။

အမျိုးသားကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖော့စတာမိုဟဲ က အဆိုပါအမျိုးအစားခွဲကို ဂါတန်း ပြည်နယ်မှာ ဇူလိုင်လက စတင်တွေ့ရှိခဲ့ပြီး ယင်းအချိန်မှစ အခြားဒေသများမှာ ထပ်မံတွေ့ရှိခြင်း မရှိသေး ကြောင်း ပြောကြားခဲ့ပါတယ်။

"ဒါက စိတ်ဝင်စားစရာပါ၊ စိုးရိမ်စရာမဟုတ်ပါဘူး၊ ဒါကြောင့် BA.4 နဲ့ BA.5 ကို နှိုင်းယှဉ်ရင် ဘာသက် ရောက်မှုမှ ပြင်းပြင်းထန်ထန် မရှိပါဘူး" လို့ မစ္စတာ မိုဟဲ က ပြောကြားပါတယ်။

BA.4 နဲ့ BA.5 ဟာ တောင်အာဖရိကမှာ အထင်ရှားဆုံးအမျိုးအစားခွဲများအဖြစ် ဆက်လက်တည်ရှိနေ သော်လည်း လူဦးရေရဲ့ခုခံအားအဆင့်မြင့်မားမှုကြောင့် ယခုပြင်းထန်မှုနည်းပါးနေတာကြောင့် ပြည်သူ များ အထိတ်တလန့်မဖြစ်စေဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံအတွင်း ကူးစက်မှုအသစ်များ ဆက်လက်ကျဆင်းနေခြင်းကြောင့် တောင်အာဖရိကဟာ အဓိက Covid-19 ပိတ်ဆို့ကန့်သတ်မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ကပ်ရောဂါဟာ မပြီးသေးဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။ မစ္စတာမိုဟဲ ဟာ Covid-19 ကာကွယ်ဆေး မထိုးရသေးသူများကို ကာကွယ်ဆေးထိုးဖို့နဲ့ မိမိကိုယ်ကိုကာကွယ်ဖို့ boost shots များခံယူဖို့ တိုက်တွန်းခဲ့ပါတယ်။ တောင်အာဖရိကရှိ လူဦးရေရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးထိုးပြီးသားဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္အာဖရိကမွာ အိုမီခ႐ြန္အမ်ိဳးအစားခြဲအသစ္ ေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

ေတာင္အာဖရိကမွာ စက္တင္ဘာလ ၁၅ ရက္ ၾကသပေတးေန႔က BA.2.75 (ေခၚ) အိုမီခ႐ြန္ အမ်ိဳးအစား ခြဲအသစ္ကိုေတြ႕ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ေသာ္လည္း အမ်ိဳးအစားခြဲအသစ္ဟာ လက္ရွိအခ်ိန္မွာ သက္ေရာက္မႈ တစ္စုံတစ္ရာမရွိေသးေၾကာင္း သိရပါတယ္။

အမ်ိဳးသားက်န္းမာေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဖာ့စတာမိုဟဲ က အဆိုပါအမ်ိဳးအစားခြဲကို ဂါတန္း ျပည္နယ္မွာ ဇူလိုင္လက စတင္ေတြ႕ရွိခဲ့ၿပီး ယင္းအခ်ိန္မွစ အျခားေဒသမ်ားမွာ ထပ္မံေတြ႕ရွိျခင္း မရွိေသး ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

"ဒါက စိတ္ဝင္စားစရာပါ၊ စိုးရိမ္စရာမဟုတ္ပါဘူး၊ ဒါေၾကာင့္ BA.4 နဲ႔ BA.5 ကို ႏႈိင္းယွဥ္ရင္ ဘာသက္ ေရာက္မႈမွ ျပင္းျပင္းထန္ထန္ မရွိပါဘူး" လို႔ မစၥတာ မိုဟဲ က ေျပာၾကားပါတယ္။

BA.4 နဲ႔ BA.5 ဟာ ေတာင္အာဖရိကမွာ အထင္ရွားဆုံးအမ်ိဳးအစားခြဲမ်ားအျဖစ္ ဆက္လက္တည္ရွိေန ေသာ္လည္း လူဦးေရရဲ႕ခုခံအားအဆင့္ျမင့္မားမႈေၾကာင့္ ယခုျပင္းထန္မႈနည္းပါးေနတာေၾကာင့္ ျပည္သူ မ်ား အထိတ္တလန႔္မျဖစ္ေစဖို႔ တိုက္တြန္းထားပါတယ္။

ႏိုင္ငံအတြင္း ကူးစက္မႈအသစ္မ်ား ဆက္လက္က်ဆင္းေနျခင္းေၾကာင့္ ေတာင္အာဖရိကဟာ အဓိက Covid-19 ပိတ္ဆို႔ကန႔္သတ္မႈအားလုံးကို ႐ုပ္သိမ္းလိုက္ၿပီျဖစ္ေပမယ့္ ကပ္ေရာဂါဟာ မၿပီးေသးဘူးလို႔ က်န္းမာေရးဌာနက ေျပာပါတယ္။ မစၥတာမိုဟဲ ဟာ Covid-19 ကာကြယ္ေဆး မထိုးရေသးသူမ်ားကို ကာကြယ္ေဆးထိုးဖို႔နဲ႔ မိမိကိုယ္ကိုကာကြယ္ဖို႔ boost shots မ်ားခံယူဖို႔ တိုက္တြန္းခဲ့ပါတယ္။ ေတာင္အာဖရိကရွိ လူဦးေရရဲ႕ ၅ဝ ရာခိုင္ႏႈန္းေက်ာ္ဟာ ကာကြယ္ေဆးထိုးၿပီးသားျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.