ကုလအကြီးအကဲ ပူတင်နှင့် စကားပြောဆိုစဉ် ရုရှားဓာတ်မြေသြဇာတင်ပို့ဖို့ တိုက်တွန်း

 798

Htay Oung (NP News) - စက်တင်ဘာ ၁၇

ယူကရိန်းနိုင်ငံ ပင်လယ်နက်ဒေသမှ သီးနှံတင်ပို့ရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စက်တင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က စကားပြောဆိုစဉ် ကုလသမဂ္ဂမှ ကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး ရုရှားအမိုးနီးယားဓါတ်မြေသြဇာတင်ပို့မှုတိုးချဲ့ဖို့ တိုက်တွန်းခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြော ပြတယ်လို့ Reuters က ယမန်နေ့ရေးသားပါတယ်။

ရုရှားဓာတ်မြေသြဇာများ တင်ပို့တဲ့ကိစ္စနဲ့စပ်လျဉ်းပြီး ကျန်ရှိနေတဲ့အတားအဆီးများကို ဖယ်ရှားဖို့မှာ လုံးဝ မရှိမဖြစ်လိုအပ်ကြောင်း ပူတင်နဲ့ စကားပြောပြီးနောက် ဂူတားရက်စ်က သတင်းထောက်တွေကို ရှင်းပြပါ တယ်။

ဇူလိုင် ၂၂ ရက်နေ့မှာ ယူကရိန်းနိုင်ငံ ပင်လယ်နက်ဒေသက သီးနှံနဲ့ ဓာတ်မြေသြဇာများ သင်္ဘောတင်ပို့မှု ပြန်လည်စတင်ခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ တူရကီနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးတဲ့ အစုံလိုက်သဘော တူညီချက်မှာ ရုရှားရဲ့စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာများ ချောမောစွာတင်ပို့နိုင်ရေးဟာ အဓိကအချက် ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးမီက ရုရှားနိုင်ငံဟာ အဲဒီသဘောတူညီချက်ကိုဝေဖန်ခဲ့ပြီး သူ့ရဲ့တင်ပို့မှုမှာ အဟန့်အတားဖြစ် နေသေးကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

သဘောတူညီချက်မှာ အမိုးနီးယား အဓိကဖြစ်တဲ့ နိုက်ထရိတ်ဓါတ်မြေလည်းပါ၀င်ပါတယ်။ ရုရှားနိုင်ငံ ဗော်လ်ဂါဒေသမှ ယူကရိန်းပင်လယ်နက်ဆိပ်ကမ်း ပစ်ဒင်ညီ (ယူးဇင်) ကို အမိုးနီးယားများ ပို့လွှတ်နေတဲ့ ပိုက်လိုင်းဟာ ဖေဖော်ဝါရီလ ယူကရိန်းကို ရုရှားက ကျူးကျော်စဉ်ကတည်းက ရပ်တန့်သွားခဲ့ပါတယ်။ ယခုအခါ ကုလသမဂ္ဂအနေနဲ့ အဲဒီ အမိုးနီးယားတင်ပို့မှု ပြန်လည်စတင်နိုင်ဖို့ ကြား၀င်စေ့စပ်လျက်ရှိပါ တယ်။

ပင်လယ်နက်မှတဆင့် ရုရှားအမိုးနီးယား တင်ပို့မှုဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုများရှိနေကြောင်း၊ အဲဒီကိစ္စဟာ ကမ္ဘာ့မြေသြဇာစျေးကွက်မှာ ထိရှလွယ်အခြေအနေရှိနေကြောင်း၊ “မြေသြဇာဈေးကွက် အစီအစဉ်အဆင်ပြေစေဖို့ ကြိုးစားနေကြောင်း၊ စိုက်ပျိုးရာမှာ ယခင်ထက် အများကြီးလျော့နည်းပြီး ဓါတ်မြေသြဇာရရှိနေတယ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ သတင်းများရရှိနေကြောင်း၊ အဲဒီအတွက် ၂ဝ၂၂ ခုနှစ်မှာ အမှန်တကယ်စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်နိုင်ချေရှိကြောင်း ဂူတာရက်စ်က မှတ်ချက်ပေးပါ တယ်။

ပင်လယ်နက် ရုရှားဆိပ်ကမ်းများမှ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတွေ တင်ပို့မှုအချို့ရှိခဲ့ပေမယ့် လိုအပ် တဲ့ပမာဏထက် အများကြီးနည်းပါးနေတယ်လို့ ပူတင်နဲ့ စကားပြောဆိုစဉ် ရုရှားဓာတ်မြေသြဇာ တင်ပို့မှု ကို တွန်းအားပေးခဲ့သူ ကုလအကြီးအကဲက ရှင်းပြပါတယ်။

အိမ်နီးချင်းနိုင်ငံကို မော်စကိုရဲ့ကျူးကျော်မှုနဲ့ပတ်သက်ပြီး ရုရှားအစားအစာနဲ့ ဓာတ်မြေသြဇာတွေကို ပိတ်ဆို့အရေးယူထားခြင်း မရှိကြောင်း အမေရိကန်နဲ့ အခြားနိုင်ငံများက အလေးပေးပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပို့ကုန်များအပေါ်မှာ အေးတိအေးစက်ဖြစ်ရတဲ့ သက်ရောက်မှုရှိကြောင်း မော်စကိုက အခိုင် အမာပြောနေပါတယ်။

အဲဒီအတွက် ရုရှားရဲ့မကျေနပ်ချက်တွေကိုဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြောပါတယ်။ ကုလသမဂ္ဂကတော့ စားနပ်ရိက္ခာနဲ့ ဓာတ်မြေ သြဇာတင်ပို့ရေးသဘောတူညီချက်ဟာ ယခုအချိန်အထိ အောင်မြင်နေပေမဲ့ စစ်ပွဲအဆုံးသတ်ဖို့အတွက် က အလှမ်းဝေးနေသေးတယ်လို့ ထင်မြင်ချက်ပေးပါတယ်။

ငြိမ်းချမ်းရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်နဲ့ နိုင်ငံ တကာဥပဒေများအရ မကြာခင် ငြိမ်းချမ်းရေးဖြစ်ထွန်းလာမယ်လို့ပြောမိရင်တော့ လိမ်လည်ရာရောက်မှာ ဖြစ်ကြောင်း၊ ပူတင်နဲ့ စကားပြောဆိုရာမှာ စစ်သုံ့ပန်းများအကြောင်းလည်း ပါဝင်ကြောင်း၊ ဇူလိုင်လ “အိုလင်နစ်ဗ်ဂါ“ ယူကရိန်းမြို့ရှေ့တန်းမှာ တိုက်ခိုက်ခံရပြီ့း မော်စကို ကျောထောက်နောက်ခံပြု ခွဲထွက် ရေးသူပုန်များက အကျဉ်းသားများကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ကိစ္စ၊ ရုရှားထိန်းချုပ်ထားတဲ့ “ဇာပိုရီဇင်းရှား” နျူကလီးယား ဓာတ်အားပေးစက်ရုံတိုက်ခိုက်ခံရခြင်းကိစ္စတို့အတွက် ကုလသမဂ္ဂ အချက်အလက်ရှာဖွေ ရေးမစ်ရှင်အကြောင်း၊ အိုလင်နစ်ဗ်ဂါကိစ္စ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် က စုံစမ်းစစ်ဆေးရာမှာ ရုရှားဘက်က အတားအဆီးမပြုခဲ့ကြောင်း၊ နှစ်ဘက်စလုံးက စစ်သုံ့ပန်းတွေ အားလုံး ဖလှယ်ကြလိမ့်မယ်လို့ အခိုင်အမာမျှော်လင့်ကြောင်း ဂူတားရက်စ်က ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမစ်ရှင်ကတော့ ရုရှားဟာ စစ်သုံ့ပန်းများ ထံ ဝင်ခွင့်မပြုကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုအချို့နဲ့ စစ်ရာဇဝတ်မှုကျူးလွန်ဖွယ်အထောက်အထားများ ရရှိ ထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

#ရုရှားဓါတ်မြေသြဇာ #ရုရှားနှင့်ယူကရိန်းပင်လယ်နက်ဆိပ်ကမ်း

(Reuters., 15 September 2022,” U.N. chief spoke with Putin, pushes Russian fertilizer exports ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ကုလအႀကီးအကဲ ပူတင္ႏွင့္ စကားေျပာဆိုစဥ္ ႐ုရွားဓာတ္ေျမၾသဇာတင္ပို႔ဖို႔ တိုက္တြန္း
Htay Oung (NP News) - စက္တင္ဘာ ၁၇

ယူကရိန္းႏိုင္ငံ ပင္လယ္နက္ေဒသမွ သီးႏွံတင္ပို႔ေရးကိစၥနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတ ဗလာဒီမာပူတင္နဲ႔ စက္တင္ဘာလ ၁၄ ရက္၊ ဗုဒၶဟူးေန႔က စကားေျပာဆိုစဥ္ ကုလသမဂၢမွ ၾကားဝင္ေစ့စပ္ေပးထားတဲ့ သေဘာတူညီခ်က္ကို ဆက္လက္ထိန္းသိမ္းထားၿပီး ႐ုရွားအမိုးနီးယားဓါတ္ေျမၾသဇာတင္ပို႔မႈတိုးခ်ဲ႕ဖို႔ တိုက္တြန္းခဲ့ေၾကာင္း ကမာၻ႔ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္က ေျပာ ျပတယ္လို႔ Reuters က ယမန္ေန႔ေရးသားပါတယ္။

႐ုရွားဓာတ္ေျမၾသဇာမ်ား တင္ပို႔တဲ့ကိစၥနဲ႔စပ္လ်ဥ္းၿပီး က်န္ရွိေနတဲ့အတားအဆီးမ်ားကို ဖယ္ရွားဖို႔မွာ လုံးဝ မရွိမျဖစ္လိုအပ္ေၾကာင္း ပူတင္နဲ႔ စကားေျပာၿပီးေနာက္ ဂူတားရက္စ္က သတင္းေထာက္ေတြကို ရွင္းျပပါ တယ္။

ဇူလိုင္ ၂၂ ရက္ေန႔မွာ ယူကရိန္းႏိုင္ငံ ပင္လယ္နက္ေဒသက သီးႏွံနဲ႔ ဓာတ္ေျမၾသဇာမ်ား သေဘၤာတင္ပို႔မႈ ျပန္လည္စတင္ခဲ့ပါတယ္။ ကုလသမဂၢနဲ႔ တူရကီႏိုင္ငံတို႔က ၾကားဝင္ေစ့စပ္ေပးတဲ့ အစုံလိုက္သေဘာ တူညီခ်က္မွာ ႐ုရွားရဲ႕စားနပ္ရိကၡာနဲ႔ ဓာတ္ေျမၾသဇာမ်ား ေခ်ာေမာစြာတင္ပို႔ႏိုင္ေရးဟာ အဓိကအခ်က္ ျဖစ္တယ္လို႔ ဆိုပါတယ္။

မၾကာေသးမီက ႐ုရွားႏိုင္ငံဟာ အဲဒီသေဘာတူညီခ်က္ကိုေဝဖန္ခဲ့ၿပီး သူ႔ရဲ႕တင္ပို႔မႈမွာ အဟန႔္အတားျဖစ္ ေနေသးေၾကာင္း ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

သေဘာတူညီခ်က္မွာ အမိုးနီးယား အဓိကျဖစ္တဲ့ ႏိုက္ထရိတ္ဓါတ္ေျမလည္းပါ၀င္ပါတယ္။ ႐ုရွားႏိုင္ငံ ေဗာ္လ္ဂါေဒသမွ ယူကရိန္းပင္လယ္နက္ဆိပ္ကမ္း ပစ္ဒင္ညီ (ယူးဇင္) ကို အမိုးနီးယားမ်ား ပို႔လႊတ္ေနတဲ့ ပိုက္လိုင္းဟာ ေဖေဖာ္ဝါရီလ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္စဥ္ကတည္းက ရပ္တန္႔သြားခဲ့ပါတယ္။ ယခုအခါ ကုလသမဂၢအေနနဲ႔ အဲဒီ အမိုးနီးယားတင္ပို႔မႈ ျပန္လည္စတင္ႏိုင္ဖို႔ ၾကား၀င္ေစ့စပ္လ်က္ရွိပါ တယ္။

ပင္လယ္နက္မွတဆင့္ ႐ုရွားအမိုးနီးယား တင္ပို႔မႈျဖစ္ႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားရွိေနေၾကာင္း၊ အဲဒီကိစၥဟာ ကမာၻ႔ေျမၾသဇာေစ်းကြက္မွာ ထိရွလြယ္အေျခအေနရွိေနေၾကာင္း၊ “ေျမၾသဇာေဈးကြက္ အစီအစဥ္အဆင္ေျပေစဖို႔ ႀကိဳးစားေနေၾကာင္း၊ စိုက္ပ်ိဳးရာမွာ ယခင္ထက္ အမ်ားႀကီးေလ်ာ့နည္းၿပီး ဓါတ္ေျမၾသဇာရရွိေနတယ္လို႔ ကမာၻ႔ႏိုင္ငံအသီးသီးမွ သတင္းမ်ားရရွိေနေၾကာင္း၊ အဲဒီအတြက္ ၂ဝ၂၂ ခုႏွစ္မွာ အမွန္တကယ္စားနပ္ရိကၡာျပတ္လပ္မႈျဖစ္ႏိုင္ေခ်ရွိေၾကာင္း ဂူတာရက္စ္က မွတ္ခ်က္ေပးပါ တယ္။

ပင္လယ္နက္ ႐ုရွားဆိပ္ကမ္းမ်ားမွ စားနပ္ရိကၡာနဲ႔ ဓာတ္ေျမၾသဇာေတြ တင္ပို႔မႈအခ်ိဳ႕ရွိခဲ့ေပမယ့္ လိုအပ္ တဲ့ပမာဏထက္ အမ်ားႀကီးနည္းပါးေနတယ္လို႔ ပူတင္နဲ႔ စကားေျပာဆိုစဥ္ ႐ုရွားဓာတ္ေျမၾသဇာ တင္ပို႔မႈ ကို တြန္းအားေပးခဲ့သူ ကုလအႀကီးအကဲက ရွင္းျပပါတယ္။

အိမ္နီးခ်င္းႏိုင္ငံကို ေမာ္စကိုရဲ႕က်ဴးေက်ာ္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားအစားအစာနဲ႔ ဓာတ္ေျမၾသဇာေတြကို ပိတ္ဆို႔အေရးယူထားျခင္း မရွိေၾကာင္း အေမရိကန္နဲ႔ အျခားႏိုင္ငံမ်ားက အေလးေပးေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ပို႔ကုန္မ်ားအေပၚမွာ ေအးတိေအးစက္ျဖစ္ရတဲ့ သက္ေရာက္မႈရွိေၾကာင္း ေမာ္စကိုက အခိုင္ အမာေျပာေနပါတယ္။

အဲဒီအတြက္ ႐ုရွားရဲ႕မေက်နပ္ခ်က္ေတြကိုေျဖရွင္းဖို႔ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း အေမရိကန္က ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ေျပာပါတယ္။ ကုလသမဂၢကေတာ့ စားနပ္ရိကၡာနဲ႔ ဓာတ္ေျမ ၾသဇာတင္ပို႔ေရးသေဘာတူညီခ်က္ဟာ ယခုအခ်ိန္အထိ ေအာင္ျမင္ေနေပမဲ့ စစ္ပြဲအဆုံးသတ္ဖို႔အတြက္ က အလွမ္းေဝးေနေသးတယ္လို႔ ထင္ျမင္ခ်က္ေပးပါတယ္။

ၿငိမ္းခ်မ္းေရးဟာ မရွိမျဖစ္လိုအပ္တယ္လို႔ယုံၾကည္ပါတယ္။ ဒါေပမဲ့ ကုလသမဂၢပဋိညာဥ္စာခ်ဳပ္နဲ႔ ႏိုင္ငံ တကာဥပေဒမ်ားအရ မၾကာခင္ ၿငိမ္းခ်မ္းေရးျဖစ္ထြန္းလာမယ္လို႔ေျပာမိရင္ေတာ့ လိမ္လည္ရာေရာက္မွာ ျဖစ္ေၾကာင္း၊ ပူတင္နဲ႔ စကားေျပာဆိုရာမွာ စစ္သုံ႔ပန္းမ်ားအေၾကာင္းလည္း ပါဝင္ေၾကာင္း၊ ဇူလိုင္လ “အိုလင္နစ္ဗ္ဂါ“ ယူကရိန္းၿမိဳ႕ေရွ႕တန္းမွာ တိုက္ခိုက္ခံရၿပီ့း ေမာ္စကို ေက်ာေထာက္ေနာက္ခံျပဳ ခြဲထြက္ ေရးသူပုန္မ်ားက အက်ဥ္းသားမ်ားကို သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ကိစၥ၊ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ “ဇာပိုရီဇင္းရွား” န်ဴကလီးယား ဓာတ္အားေပးစက္႐ုံတိုက္ခိုက္ခံရျခင္းကိစၥတို႔အတြက္ ကုလသမဂၢ အခ်က္အလက္ရွာေဖြ ေရးမစ္ရွင္အေၾကာင္း၊ အိုလင္နစ္ဗ္ဂါကိစၥ ကုလအခ်က္အလက္ရွာေဖြေရးမစ္ရွင္ က စုံစမ္းစစ္ေဆးရာမွာ ႐ုရွားဘက္က အတားအဆီးမျပဳခဲ့ေၾကာင္း၊ ႏွစ္ဘက္စလုံးက စစ္သုံ႔ပန္းေတြ အားလုံး ဖလွယ္ၾကလိမ့္မယ္လို႔ အခိုင္အမာေမွ်ာ္လင့္ေၾကာင္း ဂူတားရက္စ္က ေျပာပါတယ္။

ဒါေပမဲ့ ယူကရိန္းမွာ ေရာက္ရွိေနတဲ့ ကုလသမဂၢလူ႔အခြင့္အေရးမစ္ရွင္ကေတာ့ ႐ုရွားဟာ စစ္သုံ႔ပန္းမ်ား ထံ ဝင္ခြင့္မျပဳေၾကာင္း၊ ညႇဥ္းပန္းႏွိပ္စက္မႈအခ်ိဳ႕နဲ႔ စစ္ရာဇဝတ္မႈက်ဴးလြန္ဖြယ္အေထာက္အထားမ်ား ရရွိ ထားေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

#႐ုရွားဓါတ္ေျမၾသဇာ #႐ုရွားႏွင့္ယူကရိန္းပင္လယ္နက္ဆိပ္ကမ္း

(Reuters., 15 September 2022,” U.N. chief spoke with Putin, pushes Russian fertilizer exports ” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.