ဗီယက်နမ်မှာ ခရီးသွားများဝင်ရောက်ခွင့်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကမ္ဘာကျော် ရထားလမ်းဘေး ကဖေးများကို ပိတ်ရန် အမိန့်ပေးထား

 604

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

ဗီယက်နမ်မြို့တော်ရှိ အာဏာပိုင်များဟာ ကျဉ်းမြောင်းပြီး မီတာ ၃ဝဝ ကျော်ရှည်လျားတဲ့ ကမ္ဘာကျော် မီးရထားလမ်းဘေး ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များကို ယာယီပိတ်ထားဖို့ အမိန့်ပေး ခဲ့ပါတယ်။

ဟနွိုင်းမြို့လယ်ရှိ ဟွန်ခမ်းခရိုင်မှ တာဝန်ရှိသူများဟာ နိုင်ငံတော်ရဲ့မီးရထားလမ်းမှ လုံခြုံရေး ချိုးဖောက်မှုများကို အပြစ်တင်ပြီး ဧရိယာအတွင်းရှိ ဆိုင်များအားလုံး နောက်သုံးရက်အတွင်း ပိတ်ရမှာဖြစ် ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဘယ်လောက်ကြာထိ ပိတ်မယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အခုလိုပိတ်ဆို့မှုဟာ အသေးစားစီးပွားရေးလုပ်ငန်းများနဲ့ ဒေသန္တရအစိုးရတို့ကြား ထိပ်တိုက်တွေ့မှုကြောင့် ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုများနဲ့ရင်ဆိုင်ခဲ့ရတဲ့ အထင်ကရနေရာတစ်ခုအတွက် မသေချာမရေရာတဲ့အနာဂတ်ကို ဖြစ်စေပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါကြောင့် ပျက်စီးသွားတဲ့ခရီးသွားလုပ်ငန်းတွေကို ပြန်လည် တည်ဆောက်ဖို့ အစောတလျင်လုပ်ဆောင်နေတာကြောင့် ဗီယက်နမ်ကလည်း နိုင်ငံခြားဧည့်သည်တွေကို သတိကြီးစွာ လက်ခံနေတာဖြစ်ပါတယ်။

ဟနွိုင်းမီးရထားလမ်းမှာ ၂ဝ၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူသိများတဲ့မတော်တဆမှုကြောင့် အာဏာပိုင် များက အတားအဆီးများနဲ့ပိတ်ဆို့ထားပြီး ဘေးကင်းရေးအတွက် စိုးရိမ်ကာ လမ်းပတ်ပတ်လည်ရှိ ကော်ဖီ ဆိုင်များကိုပိတ်ဖို့ တားမြစ်ထားခဲ့ပါတယ်။ ယင်းနောက် ကူးစက်ရောဂါပိတ်ဆို့ကန့်သတ်မှုများနဲ့ ဗိုင်းရပ်စ် ကန့်သတ်မှုများကြောင့် ၂ နှစ်ခန့် ခရီးသွားများဝင်ရောက်မှုငြိမ်သက်သွားခဲ့ပြီးနောက် မတ်လမှာ စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါရထားလမ်းကို ၂ဝ ရာစုအစပိုင်းလောက်က ပြင်သစ်တို့အုပ်ချုပ်ခဲ့ပြီး ယခုအခါ နိုင်ငံပိုင် အော်ပရေတာဖြစ်တဲ့ ဗီယက်နမ်မီးရထားမှ ပြေးဆွဲလျက်ရှိပါတယ်။ ယင်းအဝန်းအဝိုင်းမှာ ၁၉၅ဝ - ၁၉၆ဝ ခုနှစ်များအတွင်းက မီးရထားဝန်ထမ်းတွေအတွက် လူနေအဆောက်အအုံတွေ ဆောက်လုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းကမှ စီးပွားရေးလုပ်ငန်းများ စတင်ခဲ့ပါတယ်။

ခရိုင်အာဏာပိုင်များဟာ ဒေသခံများနဲ့ ခရီးသွားများရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက် ခရီးသွား ဆွဲဆောင်မှုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ၎င်းတို့ရဲ့ကိုယ်ပိုင်အစီအစဉ်ကိုလုပ်ဆောင်နေပြီး ရထားဖြတ်သန်းဖို့ နာရီများ သတ်မှတ်ခြင်းအပါအဝင် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နေ ကြောင်း ဒေသတွင်းသတင်းဝက်ဘ်ဆိုက် Dan Tri အရ သိရပါတယ်။

ဗီယက်နမ်ဟာ ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာကာ နိုင်ငံခြားဧည့်သည် ၅ သန်းထိ ဝင်ရောက်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ဗီယက္နမ္မွာ ခရီးသြားမ်ားဝင္ေရာက္ခြင့္ကို ျပန္လည္ဖြင့္လွစ္ခဲ့ေပမယ့္ ကမာၻေက်ာ္ ရထားလမ္းေဘး ကေဖးမ်ားကို ပိတ္ရန္ အမိန႔္ေပးထား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

ဗီယက္နမ္ၿမိဳ႕ေတာ္ရွိ အာဏာပိုင္မ်ားဟာ က်ဥ္းေျမာင္းၿပီး မီတာ ၃ဝဝ ေက်ာ္ရွည္လ်ားတဲ့ ကမာၻေက်ာ္ မီးရထားလမ္းေဘး ေကာ္ဖီဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ေဈးဆိုင္မ်ားကို ယာယီပိတ္ထားဖို႔ အမိန႔္ေပး ခဲ့ပါတယ္။

ဟႏြိဳင္းၿမိဳ႕လယ္ရွိ ဟြန္ခမ္းခ႐ိုင္မွ တာဝန္ရွိသူမ်ားဟာ ႏိုင္ငံေတာ္ရဲ႕မီးရထားလမ္းမွ လုံၿခဳံေရး ခ်ိဳးေဖာက္မႈမ်ားကို အျပစ္တင္ၿပီး ဧရိယာအတြင္းရွိ ဆိုင္မ်ားအားလုံး ေနာက္သုံးရက္အတြင္း ပိတ္ရမွာျဖစ္ ေၾကာင္း စက္တင္ဘာ ၁၄ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။

ဘယ္ေလာက္ၾကာထိ ပိတ္မယ္ဆိုတာေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။ အခုလိုပိတ္ဆို႔မႈဟာ အေသးစားစီးပြားေရးလုပ္ငန္းမ်ားနဲ႔ ေဒသႏၲရအစိုးရတို႔ၾကား ထိပ္တိုက္ေတြ႕မႈေၾကာင့္ ထပ္ခါတလဲလဲ ၿခိမ္းေျခာက္မႈမ်ားနဲ႔ရင္ဆိုင္ခဲ့ရတဲ့ အထင္ကရေနရာတစ္ခုအတြက္ မေသခ်ာမေရရာတဲ့အနာဂတ္ကို ျဖစ္ေစပါတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြမွာ COVID-19 ကပ္ေရာဂါေၾကာင့္ ပ်က္စီးသြားတဲ့ခရီးသြားလုပ္ငန္းေတြကို ျပန္လည္ တည္ေဆာက္ဖို႔ အေစာတလ်င္လုပ္ေဆာင္ေနတာေၾကာင့္ ဗီယက္နမ္ကလည္း ႏိုင္ငံျခားဧည့္သည္ေတြကို သတိႀကီးစြာ လက္ခံေနတာျဖစ္ပါတယ္။

ဟႏြိဳင္းမီးရထားလမ္းမွာ ၂ဝ၁၉ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ လူသိမ်ားတဲ့မေတာ္တဆမႈေၾကာင့္ အာဏာပိုင္ မ်ားက အတားအဆီးမ်ားနဲ႔ပိတ္ဆို႔ထားၿပီး ေဘးကင္းေရးအတြက္ စိုးရိမ္ကာ လမ္းပတ္ပတ္လည္ရွိ ေကာ္ဖီ ဆိုင္မ်ားကိုပိတ္ဖို႔ တားျမစ္ထားခဲ့ပါတယ္။ ယင္းေနာက္ ကူးစက္ေရာဂါပိတ္ဆို႔ကန႔္သတ္မႈမ်ားနဲ႔ ဗိုင္းရပ္စ္ ကန႔္သတ္မႈမ်ားေၾကာင့္ ၂ ႏွစ္ခန႔္ ခရီးသြားမ်ားဝင္ေရာက္မႈၿငိမ္သက္သြားခဲ့ၿပီးေနာက္ မတ္လမွာ စီးပြားေရးလုပ္ငန္းမ်ား တျဖည္းျဖည္း ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။

အဆိုပါရထားလမ္းကို ၂ဝ ရာစုအစပိုင္းေလာက္က ျပင္သစ္တို႔အုပ္ခ်ဳပ္ခဲ့ၿပီး ယခုအခါ ႏိုင္ငံပိုင္ ေအာ္ပေရတာျဖစ္တဲ့ ဗီယက္နမ္မီးရထားမွ ေျပးဆြဲလ်က္ရွိပါတယ္။ ယင္းအဝန္းအဝိုင္းမွာ ၁၉၅ဝ - ၁၉၆ဝ ခုႏွစ္မ်ားအတြင္းက မီးရထားဝန္ထမ္းေတြအတြက္ လူေနအေဆာက္အအုံေတြ ေဆာက္လုပ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္းကမွ စီးပြားေရးလုပ္ငန္းမ်ား စတင္ခဲ့ပါတယ္။

ခ႐ိုင္အာဏာပိုင္မ်ားဟာ ေဒသခံမ်ားနဲ႔ ခရီးသြားမ်ားရဲ႕လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးဖို႔အတြက္ ခရီးသြား ဆြဲေဆာင္မႈတစ္ခုအျဖစ္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ၎တို႔ရဲ႕ကိုယ္ပိုင္အစီအစဥ္ကိုလုပ္ေဆာင္ေနၿပီး ရထားျဖတ္သန္းဖို႔ နာရီမ်ား သတ္မွတ္ျခင္းအပါအဝင္ လုံၿခဳံေရးစည္းမ်ဥ္းမ်ားကို လိုက္နာေဆာင္႐ြက္ေန ေၾကာင္း ေဒသတြင္းသတင္းဝက္ဘ္ဆိုက္ Dan Tri အရ သိရပါတယ္။

ဗီယက္နမ္ဟာ ယခုႏွစ္အတြင္း ခရီးသြားလုပ္ငန္း ျပန္လည္ေကာင္းမြန္လာကာ ႏိုင္ငံျခားဧည့္သည္ ၅ သန္းထိ ဝင္ေရာက္လာဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.