လက်ရှိအချိန်က စစ်ပွဲဖြစ်ရမယ့်အချိန်မျိုး မဟုတ်တော့ကြောင်း ရုရှားသမ္မတနှင့်တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ်ပြော

 739

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

အိန္ဒိယဝန်ကြီးချုပ် မိုဒီက လက်ရှိကာလဟာ စစ်ပွဲခေတ်မဟုတ်တော့ကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းဦးတည်ရမယ့် အချိန်မျိုးဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးမှာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်းအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားသမ္မတရဲ့ကျူးကျော်မှုများနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ်က လူသိရှင်ကြား ပထမဆုံးအကြိမ်ဝေဖန်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယအစိုးရဟာ ရုရှားနိုင်ငံထံမှစစ်လက်နက်ပစ္စည်းများဝယ်ယူနေသလို ရေနံများကို အဓိကထား ဝယ်ယူနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အစားအစာလုံခြုံရေး၊ စွမ်းအင်လုံခြုံရေးနဲ့ ဓါတ်မြေသြဇာ လုံလောက်စွာရရှိရေးကိစ္စများက အဓိကပြဿနာဖြစ်လျက်ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးချုပ်ကပြောပါတယ်။ ရုရှား သမ္မတပူတင်က အိန္ဒိယနိုင်ငံရဲ့စိုးရိမ်မှုများအပေါ် နားလည်ကြောင်း၊ ယူကရိန်းနဲ့ဖြစ်နေတဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ လိုလားနေကြောင်း ဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ယူကရိန်းနဲ့ရုရှားကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာအနောက်အုပ်စုနိုင်ငံများက ရုရှားကို ပိတ်ဆို့မှုများချမှတ်ဖို့ ဖိအားပေးခဲ့ပေမယ့်ကြားနေနိုင်ငံအဖြစ်သာရပ်တည်ခဲ့ကြောင်းသိရပါတယ်။ ရုရှား သမ္မတပူတင်က ယူကရိန်းသမ္မတ ဇီလန်စကီးဟာ လက်ရှိအချိန်မှာ စေ့စပ်ဆွေးနွေးမှုများလုပ်ဖို့ ပယ်ချထားပြီး မြေပြင်တိုက်ပွဲများမှာ စစ်ရေး ရည် မှန်းချက်များရရှိအောင်လုပ်ဆောင်နေကြောင်း ဆိုခဲ့ပါတယ်။

ရုရှားသမ္မတက "ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ရပ်တည်ချက်ကို သိပါတယ်။ အိန္ဒိယနိုင်ငံရဲ့စိုးရိမ်မှုတွေကိုနားလည်ပါတယ်။ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ လုပ်ဆောင်နေတယ်"လို့ပြောပါတယ်။ ရုရှားသမ္မတပူတင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကိုတက်ရောက်ချိန်အတွင်း တရုတ်သမ္မတ ရှီကျင့်ပင်အပါအဝင် အဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

zawgyi version
လက္ရွိအခ်ိန္က စစ္ပြဲျဖစ္ရမယ့္အခ်ိန္မ်ိဳး မဟုတ္ေတာ့ေၾကာင္း ႐ုရွားသမၼတႏွင့္ေတြ႕ဆုံစဥ္ အိႏၵိယဝန္ႀကီး ခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီက လက္ရွိကာလဟာ စစ္ပြဲေခတ္မဟုတ္ေတာ့ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းဦးတည္ရမယ့္ အခ်ိန္မ်ိဳးျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ အိႏၵိယဝန္ႀကီးခ်ဳပ္ဟာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးမွာ ႐ုရွားသမၼတပူတင္နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္းအခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕မ်ား တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ုရွားသမၼတရဲ႕က်ဴးေက်ာ္မႈမ်ားနဲ႔ပတ္သက္ၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္က လူသိရွင္ၾကား ပထမဆုံးအႀကိမ္ေဝဖန္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ အိႏၵိယအစိုးရဟာ ႐ုရွားႏိုင္ငံထံမွစစ္လက္နက္ပစၥည္းမ်ားဝယ္ယူေနသလို ေရနံမ်ားကို အဓိကထား ဝယ္ယူေနတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအတြက္ အစားအစာလုံၿခဳံေရး၊ စြမ္းအင္လုံၿခဳံေရးနဲ႔ ဓါတ္ေျမၾသဇာ လုံေလာက္စြာရရွိေရးကိစၥမ်ားက အဓိကျပႆနာျဖစ္လ်က္ရွိေနေၾကာင္း အိႏၵိယ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ ႐ုရွား သမၼတပူတင္က အိႏၵိယႏိုင္ငံရဲ႕စိုးရိမ္မႈမ်ားအေပၚ နားလည္ေၾကာင္း၊ ယူကရိန္းနဲ႔ျဖစ္ေနတဲ့စစ္ပြဲကိုအျမန္ဆုံးအဆုံးသတ္ဖို႔ လိုလားေနေၾကာင္း ဆိုခဲ့ပါတယ္။

အိႏၵိယႏိုင္ငံဟာ ယူကရိန္းနဲ႔႐ုရွားၾကားျဖစ္ပြားခဲ့တဲ့ စစ္ပြဲမွာအေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားကို ပိတ္ဆို႔မႈမ်ားခ်မွတ္ဖို႔ ဖိအားေပးခဲ့ေပမယ့္ၾကားေနႏိုင္ငံအျဖစ္သာရပ္တည္ခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွား သမၼတပူတင္က ယူကရိန္းသမၼတ ဇီလန္စကီးဟာ လက္ရွိအခ်ိန္မွာ ေစ့စပ္ေဆြးေႏြးမႈမ်ားလုပ္ဖို႔ ပယ္ခ်ထားၿပီး ေျမျပင္တိုက္ပြဲမ်ားမွာ စစ္ေရး ရည္ မွန္းခ်က္မ်ားရရွိေအာင္လုပ္ေဆာင္ေနေၾကာင္း ဆိုခဲ့ပါတယ္။

႐ုရွားသမၼတက "ယူကရိန္း စစ္ပြဲနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံရဲ႕ရပ္တည္ခ်က္ကို သိပါတယ္။ အိႏၵိယႏိုင္ငံရဲ႕စိုးရိမ္မႈေတြကိုနားလည္ပါတယ္။ စစ္ပြဲကို အျမန္ဆုံး အဆုံးသတ္ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္"လို႔ေျပာပါတယ္။ ႐ုရွားသမၼတပူတင္ဟာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအစည္းအေဝးကိုတက္ေရာက္ခ်ိန္အတြင္း တ႐ုတ္သမၼတ ရွီက်င့္ပင္အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ေခါင္းေဆာင္မ်ားနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.