ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာတွင် ယနေ့နံနက်အစောပိုင်း၌ လေဆင် နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့

 457

ရဲပြည့် (NP News) - စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာတွင် လေဆင်နှာ မောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်(၈)လုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်သည် ရွာသူရွာသားများ အိပ်စက်နေချိန် ယနေ့ (စက်တင်ဘာလ ၁၉ ရက်)၊ နံနက် ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်(၃)နာရီလောက်က ဝင်ရောက်တိုက်ခတ်သွားတာပါ။ လေဆင်နှာမောင်းရဲ့ အသံက အတော်ကို ကြောက်ဖို့ကောင်းပါတယ်။ အဲဒီအချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမလဲလည်းမသိတော့ဘူး။ ကိုယ်ကအိပ်နေတဲ့ အချိန်ဆိုတော့ ရုတ်တရက် ဘယ်သူက ထင်ထားမှာလဲ။ အိမ်ခေါင်းမိုးတွေပါလန်ထွက်သွားပြီးတော့ အိမ်ကတော့ နေလို့ရတော့မယ်မထင်ပါဘူး”ဟု လေးဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ပျက်စီးသွားရသည့် ကျေး ရွာနေ အမျိုးသမီးတစ်ဦးက NP News ကပြောသည်။

ထို့ပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ခုပေါ်သို့ အပင်လဲပြိုကျခဲ့ကြောင်း၊ အဆိုပါ နေအိမ်၌ အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်တို့ သည် ကံကောင်း၍သာ အသက်အန္တရာယ်မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။

“နေအိမ်ကတော့ (၄)လုံးပျက်စီးသွားတယ်။ အမိုးလန်သွားတာကတော့ (၄)အိမ်လောက်ရှိတယ်။ လောလောဆယ်တော့ သူတို့ကို ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်ပေးဖို့ ရေကြည်မြို့နယ်ကို တင်ပြထားတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာရောက်ပြီး လိုက်ကြည့်နေတယ်”ဟု မကျည်းလဟာကျေးရွာအုပ်ချုပ်ရေးမှူးက NP News ကိုပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များ၏ ပိုင်ရှင်များ သည် လက်လုပ်လက်စား အခြေခံလုပ်သားများဖြစ်ပြီး ယခုကဲ့သို့ နေအိမ်များ ဆုံးရှုံးခဲ့ခြင်းကြောင့် ဝမ်းရေးအပြင် ကျောတခင်းစာအတွက်ပါ စိုးရိမ်ပူပန်နေရသည့် အခြေအ နေများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

zawgyi version
ေရၾကည္ၿမိဳ႕နယ္၊ မက်ည္းလဟာေက်း႐ြာတြင္ ယေန႔နံနက္အေစာပိုင္း၌ ေလဆင္ႏွာေမာင္း ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူေနအိမ္(၈)လုံးနီးပါး ပ်က္စီးဆုံးရႈံးခဲ့
ရဲျပည့္ (NP News) - စက္တင္ဘာ ၁၉

ဧရာဝတီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္၊ မက်ည္းလဟာေက်း႐ြာတြင္ ေလဆင္ႏွာ ေမာင္း ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ေနအိမ္(၈)လုံးနီးပါးပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ေဒသခံျပည္သူတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္သည္ ႐ြာသူ႐ြာသားမ်ား အိပ္စက္ေနခ်ိန္ ယေန႔ (စက္တင္ဘာလ ၁၉ ရက္)၊ နံနက္ ၃ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“မနက္(၃)နာရီေလာက္က ဝင္ေရာက္တိုက္ခတ္သြားတာပါ။ ေလဆင္ႏွာေမာင္းရဲ႕ အသံက အေတာ္ကို ေၾကာက္ဖို႔ေကာင္းပါတယ္။ အဲဒီအခ်ိန္မွာ ဘာလုပ္လို႔ ဘာကိုင္ရမလဲလည္းမသိေတာ့ဘူး။ ကိုယ္ကအိပ္ေနတဲ့ အခ်ိန္ဆိုေတာ့ ႐ုတ္တရက္ ဘယ္သူက ထင္ထားမွာလဲ။ အိမ္ေခါင္းမိုးေတြပါလန္ထြက္သြားၿပီးေတာ့ အိမ္ကေတာ့ ေနလို႔ရေတာ့မယ္မထင္ပါဘူး”ဟု ေလးဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ အိမ္ပ်က္စီးသြားရသည့္ ေက်း ႐ြာေန အမ်ိဳးသမီးတစ္ဦးက NP News ကေျပာသည္။

ထို႔ျပင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္တစ္ခုေပၚသို႔ အပင္လဲၿပိဳက်ခဲ့ေၾကာင္း၊ အဆိုပါ ေနအိမ္၌ အိပ္ေပ်ာ္ေနသည့္ အမ်ိဳးသမီးတစ္ဦးႏွင့္ကေလးငယ္တို႔ သည္ ကံေကာင္း၍သာ အသက္အႏၲရာယ္မရွိခဲ့ေၾကာင္း အဆိုပါ ေဒသခံက ဆက္လက္ေျပာသည္။

“ေနအိမ္ကေတာ့ (၄)လုံးပ်က္စီးသြားတယ္။ အမိုးလန္သြားတာကေတာ့ (၄)အိမ္ေလာက္ရွိတယ္။ ေလာေလာဆယ္ေတာ့ သူတို႔ကို ကူညီေထာက္ပံ့ေရးေတြ လုပ္ေဆာင္ေပးဖို႔ ေရၾကည္ၿမိဳ႕နယ္ကို တင္ျပထားေတာ့ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက လာေရာက္ၿပီး လိုက္ၾကည့္ေနတယ္”ဟု မက်ည္းလဟာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက NP News ကိုေျပာသည္။

ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ပ်က္စီးဆုံးရႈံးသြားသည့္ ေနအိမ္မ်ား၏ ပိုင္ရွင္မ်ား သည္ လက္လုပ္လက္စား အေျခခံလုပ္သားမ်ားျဖစ္ၿပီး ယခုကဲ့သို႔ ေနအိမ္မ်ား ဆုံးရႈံးခဲ့ျခင္းေၾကာင့္ ဝမ္းေရးအျပင္ ေက်ာတခင္းစာအတြက္ပါ စိုးရိမ္ပူပန္ေနရသည့္ အေျခအ ေနမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္းလည္း သိရသည္။

Picture

Pho Htaung

19/09/2022 13:17

အဲဒါအကိုတို့ရွာလား

Related news

© 2021. All rights reserved.