ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှချေးယူခြင်း၊ ငွေတိုက်စာချုပ်ရောင်းချခြင်းအပါအဝင် ပြည်ပချေးငွေတို့ဖြင့် ဖြည့်ဆည်းရန် နစက လျာထား

 885

မျိုးကြီး (NP News) - စက်တင်ဘာ ၁၉

ယခုဘဏ္ဍာနှစ်၌ ပြည်ထောင်စုဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှချေးယူခြင်း၊ ငွေတိုက်စာချုပ်ရောင်းချခြင်းအပါအဝင် ပြည်ပချေးငွေတို့ဖြင့် ဖြည့်ဆည်းရန် နစကမှလျာထားကြောင်း သတင်းရရှိသည်။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်အတွက် အများဆုံးငွေချေးယူနိုင်သည့်ပမာဏမှာ ငွေကျပ်ဘီလျံ ၉၂ဝဝ ဖြစ်ကြောင်း နစက၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ထို့ကြောင့် ပြည်ထောင်စု၏လိုငွေအား ငွေတိုက်စာချုပ် ရောင်းချခြင်းမှ ငွေကျပ် ၁၁၁၃ ဒသမ ၉၃၁ ဘီလျံ(ပြည်တွင်းမှ ချေးယူငွေ၏ ၁၅ ရာခိုင်နှုန်း)၊ ငွေတိုက်လက်မှတ်ရောင်း ချခြင်းမှ ငွေကျပ် ၃၁၂ ဒသမ ၂၇၉ ဘီလျံ(ပြည်တွင်းမှချေးယူငွေ၏ ၄ ရာခိုင်နှုန်း)ဖြင့် လိုငွေဖြည့်ဆည်းရန် လျာထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် လိုငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခြင်း ငွေကျပ် ၆ဝဝဝ ဘီလျံ (ပြည်တွင်းမှချေးယူငွေ၏ ၈၁ ရာခိုင်နှုန်း) နှင့် ပြည်ပမှချေးငွေ ငွေကျပ် ၁၇၇၃ ဒသမ ၇၉ဝ ဘီလျံဖြင့် ဖြည့်ဆည်းရန် လျာထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်မှာ ငွေကျပ် ၃ဝ၈၃၃ ဒသမ ၃၉၆ ဘီလျံရှိမည်ဖြစ်ကာ ရငွေပိုင်းတွင် ငွေကျပ် ၂၃၄၃၄ ဒသမ ဝ၁ဝ ဘီလျံရရှိမည်ဖြစ်သည့်အတွက် စုစုပေါင်းလိုငွေမှာ ငွေကျပ် ၇၃၉၉ ဒသမ ၃၈၆ ဘီ လျံရှိမည်ဟု ဝန်ကြီးဌာနက ခန့်မှန်ထားသည်။

ယခုဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ အသုံးစရိတ်သုံးစွဲမှုများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိကကျသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်ရေး ဦးစားပေးသုံးစွဲရန် ရည်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က ပြောသည်။

ထို့ပြင် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တစ်ဦးချင်းဝင်ငွေတိုးမြင့်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်ရေးတို့တွင်လည်း ဦးစားပေးသုံးစွဲရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ဆက်လက်ပြော သည်။

zawgyi version
ဘတ္ဂ်က္လိုေငြကို ဗဟိုဘဏ္မွေခ်းယူျခင္း၊ ေငြတိုက္စာခ်ဳပ္ေရာင္းခ်ျခင္းအပါအဝင္ ျပည္ပေခ်းေငြတို႔ျဖင့္ ျဖည့္ဆည္းရန္ နစက လ်ာထား
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၉

ယခုဘ႑ာႏွစ္၌ ျပည္ေထာင္စုဘတ္ဂ်က္လိုေငြကို ဗဟိုဘဏ္မွေခ်းယူျခင္း၊ ေငြတိုက္စာခ်ဳပ္ေရာင္းခ်ျခင္းအပါအဝင္ ျပည္ပေခ်းေငြတို႔ျဖင့္ ျဖည့္ဆည္းရန္ နစကမွလ်ာထားေၾကာင္း သတင္းရရွိသည္။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္အတြက္ အမ်ားဆုံးေငြေခ်းယူႏိုင္သည့္ပမာဏမွာ ေငြက်ပ္ဘီလ်ံ ၉၂ဝဝ ျဖစ္ေၾကာင္း နစက၏ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ ျပည္ေထာင္စု၏လိုေငြအား ေငြတိုက္စာခ်ဳပ္ ေရာင္းခ်ျခင္းမွ ေငြက်ပ္ ၁၁၁၃ ဒသမ ၉၃၁ ဘီလ်ံ(ျပည္တြင္းမွ ေခ်းယူေငြ၏ ၁၅ ရာခိုင္ႏႈန္း)၊ ေငြတိုက္လက္မွတ္ေရာင္း ခ်ျခင္းမွ ေငြက်ပ္ ၃၁၂ ဒသမ ၂၇၉ ဘီလ်ံ(ျပည္တြင္းမွေခ်းယူေငြ၏ ၄ ရာခိုင္ႏႈန္း)ျဖင့္ လိုေငြျဖည့္ဆည္းရန္ လ်ာထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုသည္။

ထို႔ျပင္ လိုေငြအား ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ေခ်းယူျခင္း ေငြက်ပ္ ၆ဝဝဝ ဘီလ်ံ (ျပည္တြင္းမွေခ်းယူေငြ၏ ၈၁ ရာခိုင္ႏႈန္း) ႏွင့္ ျပည္ပမွေခ်းေငြ ေငြက်ပ္ ၁၇၇၃ ဒသမ ၇၉ဝ ဘီလ်ံျဖင့္ ျဖည့္ဆည္းရန္ လ်ာထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ သိရသည္။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စု၏ စုစုေပါင္းအသုံးစရိတ္မွာ ေငြက်ပ္ ၃ဝ၈၃၃ ဒသမ ၃၉၆ ဘီလ်ံရွိမည္ျဖစ္ကာ ရေငြပိုင္းတြင္ ေငြက်ပ္ ၂၃၄၃၄ ဒသမ ဝ၁ဝ ဘီလ်ံရရွိမည္ျဖစ္သည့္အတြက္ စုစုေပါင္းလိုေငြမွာ ေငြက်ပ္ ၇၃၉၉ ဒသမ ၃၈၆ ဘီ လ်ံရွိမည္ဟု ဝန္ႀကီးဌာနက ခန႔္မွန္ထားသည္။

ယခုဘ႑ာေရးႏွစ္တြင္ အစိုးရ၏ အသုံးစရိတ္သုံးစြဲမႈမ်ားသည္ ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳးတိုး တက္မႈအတြက္ အဓိကက်ေသာ ကုန္ထုတ္လုပ္မႈ၊ ကုန္သြယ္မႈ၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို အေထာက္အကူျပဳႏိုင္ေရး ဦးစားေပးသုံးစြဲရန္ ရည္မွန္းထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဦးဝင္းရွိန္က ေျပာသည္။

ထို႔ျပင္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝျမင့္မားေရး၊ တစ္ဦးခ်င္းဝင္ေငြတိုးျမင့္ေရး၊ အလုပ္ အကိုင္အခြင့္အလမ္းရရွိေစေရး၊ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ ငန္းမ်ား ဖြံ႕ၿဖိဳးေရး၊ ျပည္ပပို႔ကုန္ျမႇင့္တင္ေရးႏွင့္ သြင္းကုန္အစားထိုး ထုတ္လုပ္ေရးတို႔တြင္လည္း ဦးစားေပးသုံးစြဲရန္ ရည္မွန္းထားေၾကာင္းလည္း ၎က ဆက္လက္ေျပာ သည္။

Related news

© 2021. All rights reserved.