စစ်ရေး၊ လက်နက်ကိုင်အရေး တင်းမာနေချိန် နိုင်ငံရေးကို ရှေ့တန်းတင်ကာ ထွက်ပေါက်ရှာသင့်ကြောင်း ဒေါက်တာအေးမောင် မှတ်ချက်ပြု

 1040

မျိုးကြီး (NP News) - စက်တင်ဘာ ၁၉

စစ်ရေး၊ လက်နက်ကိုင်အရေး တင်းမာနေချိန် နိုင်ငံရေးကို ရှေ့တန်းတင်ကာ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ထွက်ပေါက်ရှာသင့်ကြောင့် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက် တာအေးမောင်က မှတ်ချက်ပြုပြောဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်၊ ကရင်၊ ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးတို့၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်၍ လက်နက်မကိုင်သော နည်းလမ်းဖြစ်သည့် နိုင်ငံရေးနည်းဖြင့် အဖြေတစ်ခုရရှိရန်အတွက် နစကအနေ ဖြင့် ကြိုးစားသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က အကြံပြုထားသည်။

“စစ်ရေး၊ လက်နက်ကိုင်အရေး တင်းတင်းမာမာနဲ့ရှေ့မတိုးဘူးဖြစ်နေတယ်ဆိုတဲ့ဟာက နိုင်ငံရေးကို ရှေ့ကို တစ်ခေါက်တင်ပြီးမှ ထွက်ပေါက်ရှာသင့်သလားပေါ့လေ။ တစ်ခါတစ်ခါ နိုင်ငံရေးနောက်ကို စစ်ရေးက နောက်ကလိုက်ရတာရှိတယ်ဗျ။ လိုရင်းကလေ မြန် မာ့နိုင်ငံရေးက ပိတ်ဆို့နေတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထို့ပြင် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသော အကြောင်းတရားများကိုအခြေခံကာ နှစ်ဖက်ဆွေးနွေးနိုင်ပါက လက်နက်ကိုင်ပဋိပက္ခမှာ လျော့သွားနိုင်သည်ဟု နစကဘက်ကသုံးသပ်ပုံရှိကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာအေးမောင်က “အဲဒီတော့ နိုင်ငံရေးပြဿနာ ဖြစ်ပေမယ့်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကတော့ဖြင့် နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့အထိ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ ဒါကတော့ ဒုတိယတန်းကို နိုင်ငံရေးပါတီတွေကို ထားလိုက်ပုံပေါက်တယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဖြေရှင်းတဲ့အခါမှာလေ။ ဒါပေမယ့် တစ်ဖက်က ပြန်စဉ်း စားဖို့ လိုအပ်တယ်ဗျ။ နိုင်ငံရေး ရှေ့ကို ရောက်သွားရင်ရော လက်နက်ကိုင်ပဋိပက္ခဟာလည်းပဲ နိုင်ငံရေး နောက်ကို လိုက်လာနိုင်မလားပေါ့ ပြန်သုံးသပ်သင့်တယ်” ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို လက်နက်ဖြင့် ဖြေရှင်းနေမှုများကြောင့် အရပ် သားပြည်သူများမှာ ထိခိုက်နစ်နာလျက်ရှိနေသည်။

နိုင်ငံတော်အာဏာရယူထားသော နစကအနေဖြင့် ငြိမ်းချမ်းရေးရရှိရန်နှင့်လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးတို့အတွက် EAO များကို ဖိတ်ခေါ်ကာ အဖွဲ့(၁ဝ)ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားဆဲ ပဋိပက္ခများကို ဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၏အ ခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်မှု နည်းပါးနေသည်ကို တွေ့ရှိရကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“နိုင်ငံရေးသမားတွေကတော့ ကြားမှာရှိတဲ့ လူထုကို ပိုအလေးအနက်ထားတယ်။ လူထုနစ်နာမှုမရှိရအောင်၊ အသေအပျောက်မရှိရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ။ ဒီတော့လူထုလည်း အထိအခိုက်အကျအဆုံးမရှိနဲ့ လက်နက်ကိုင်တွေမျှော်မှန်းတဲ့ ပန်းတိုင်ကို ဘယ်လိုရောက်အောင် ကျွန်တော်တို့ နိုင်ငံရေးနည်းနဲ့ တွန်းပို့ပေးနိုင်နိုင်တဲ့ဘက်က ချဉ်း ကပ်ရတာပေါ့” ဟု ဒေါက်တာအေးမောင်က သုံးသပ်ပြောဆိုထားသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ခဲ့သော မြန်မာ့ပဋိပက္ခမှာ (၁၉)လတာကာလသို့ ရောက်ရှိလာပြီဖြစ်ကာ ပဋိပက္ခကြောင့် အသက်စွန့်ပေးဆပ်ခဲ့ရသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများမှာ လူဦးရေ ၆ဝဝဝ နှင့်အထက်သို့ ရောက်ရှိနေပြီဖြစ်သည်။

zawgyi version
စစ္ေရး၊ လက္နက္ကိုင္အေရး တင္းမာေနခ်ိန္ ႏိုင္ငံေရးကို ေရွ႕တန္းတင္ကာ ထြက္ေပါက္ရွာသင့္ေၾကာင္း ေဒါက္တာေအးေမာင္ မွတ္ခ်က္ျပဳ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၉

စစ္ေရး၊ လက္နက္ကိုင္အေရး တင္းမာေနခ်ိန္ ႏိုင္ငံေရးကို ေရွ႕တန္းတင္ကာ ပဋိပကၡမ်ားကို ေျဖရွင္းရန္အတြက္ ထြက္ေပါက္ရွာသင့္ေၾကာင့္ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္ တာေအးေမာင္က မွတ္ခ်က္ျပဳေျပာဆိုထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ ရခိုင္၊ ကရင္၊ ကခ်င္၊ ရွမ္း၊ စစ္ကိုင္း၊ မေကြးတို႔၌ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားလ်က္ရွိသည္။

ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားလ်က္ရွိေသာ ပဋိပကၡမ်ားႏွင့္ပတ္သက္၍ လက္နက္မကိုင္ေသာ နည္းလမ္းျဖစ္သည့္ ႏိုင္ငံေရးနည္းျဖင့္ အေျဖတစ္ခုရရွိရန္အတြက္ နစကအေန ျဖင့္ ႀကိဳးစားသင့္ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က အႀကံျပဳထားသည္။

“စစ္ေရး၊ လက္နက္ကိုင္အေရး တင္းတင္းမာမာနဲ႔ေရွ႕မတိုးဘူးျဖစ္ေနတယ္ဆိုတဲ့ဟာက ႏိုင္ငံေရးကို ေရွ႕ကို တစ္ေခါက္တင္ၿပီးမွ ထြက္ေပါက္ရွာသင့္သလားေပါ့ေလ။ တစ္ခါတစ္ခါ ႏိုင္ငံေရးေနာက္ကို စစ္ေရးက ေနာက္ကလိုက္ရတာရွိတယ္ဗ်။ လိုရင္းကေလ ျမန္ မာ့ႏိုင္ငံေရးက ပိတ္ဆို႔ေနတယ္” ဟု ေဒါက္တာေအးေမာင္က ေျပာသည္။

ထို႔ျပင္ ႏိုင္ငံေရးေၾကာင့္ ျဖစ္ေပၚလာေသာ အေၾကာင္းတရားမ်ားကိုအေျခခံကာ ႏွစ္ဖက္ေဆြးေႏြးႏိုင္ပါက လက္နက္ကိုင္ပဋိပကၡမွာ ေလ်ာ့သြားႏိုင္သည္ဟု နစကဘက္ကသုံးသပ္ပုံရွိေၾကာင္း ေဒါက္တာေအးေမာင္က ဆိုသည္။

ဆက္လက္ၿပီး ေဒါက္တာေအးေမာင္က “အဲဒီေတာ့ ႏိုင္ငံေရးျပႆနာ ျဖစ္ေပမယ့္လည္း ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးမႈေတြကေတာ့ျဖင့္ ႏိုင္ငံေရးပါတီေတြနဲ႔ ဒီေန႔အထိ မလုပ္ႏိုင္ေသးဘူးေပါ့ဗ်ာ။ ဒါကေတာ့ ဒုတိယတန္းကို ႏိုင္ငံေရးပါတီေတြကို ထားလိုက္ပုံေပါက္တယ္။ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းကို ေျဖရွင္းတဲ့အခါမွာေလ။ ဒါေပမယ့္ တစ္ဖက္က ျပန္စဥ္း စားဖို႔ လိုအပ္တယ္ဗ်။ ႏိုင္ငံေရး ေရွ႕ကို ေရာက္သြားရင္ေရာ လက္နက္ကိုင္ပဋိပကၡဟာလည္းပဲ ႏိုင္ငံေရး ေနာက္ကို လိုက္လာႏိုင္မလားေပါ့ ျပန္သုံးသပ္သင့္တယ္” ဟု ဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံ၏ ပဋိပကၡမ်ားကို လက္နက္ျဖင့္ ေျဖရွင္းေနမႈမ်ားေၾကာင့္ အရပ္ သားျပည္သူမ်ားမွာ ထိခိုက္နစ္နာလ်က္ရွိေနသည္။

ႏိုင္ငံေတာ္အာဏာရယူထားေသာ နစကအေနျဖင့္ ၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္လက္နက္ ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးတို႔အတြက္ EAO မ်ားကို ဖိတ္ေခၚကာ အဖြဲ႕(၁ဝ)ဖြဲ႕ႏွင့္ေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိျဖစ္ပြားဆဲ ပဋိပကၡမ်ားကို ေျဖရွင္းရာတြင္ ႏိုင္ငံေရးပါတီမ်ား၏အ ခန္းက႑မွာ ပါဝင္ေဆာင္႐ြက္မႈ နည္းပါးေနသည္ကို ေတြ႕ရွိရေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။

“ႏိုင္ငံေရးသမားေတြကေတာ့ ၾကားမွာရွိတဲ့ လူထုကို ပိုအေလးအနက္ထားတယ္။ လူထုနစ္နာမႈမရွိရေအာင္၊ အေသအေပ်ာက္မရွိရေအာင္ ဘယ္လိုခ်ဥ္းကပ္သင့္သလဲ။ ဒီေတာ့လူထုလည္း အထိအခိုက္အက်အဆုံးမရွိနဲ႔ လက္နက္ကိုင္ေတြေမွ်ာ္မွန္းတဲ့ ပန္းတိုင္ကို ဘယ္လိုေရာက္ေအာင္ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးနည္းနဲ႔ တြန္းပို႔ေပးႏိုင္ႏိုင္တဲ့ဘက္က ခ်ဥ္း ကပ္ရတာေပါ့” ဟု ေဒါက္တာေအးေမာင္က သုံးသပ္ေျပာဆိုထားသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွစတင္ခဲ့ေသာ ျမန္မာ့ပဋိပကၡမွာ (၁၉)လတာကာလသို႔ ေရာက္ရွိလာၿပီျဖစ္ကာ ပဋိပကၡေၾကာင့္ အသက္စြန႔္ေပးဆပ္ခဲ့ရသည့္ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားမွာ လူဦးေရ ၆ဝဝဝ ႏွင့္အထက္သို႔ ေရာက္ရွိေနၿပီျဖစ္သည္။

Picture

MgThetlin

19/09/2022 18:53

တပ်မတော်ကတိုင်ရင်းသားတွေကိုစာနာပါတယ်တိုင်ရင်းသားလက်နက်ကိုင်တွေကသာအရင်ကဖြစ်ခဲ့တာတွေကိုမမေ့နိင်ပဲရန်လိုနေတယ်လို့ထင်တယ်

Picture

Gni Ndhjs

20/09/2022 00:02

ဒေါက်တာအေးမောင်ကနိုင်ငံရေးအရွေ့ကိုရခိုင်မှာဘယ်နည်းလမ်းသုံးမှာပါလဲaaနှင့်ဒေါက်တာအေးမောင်နှင့်စိတ်သဘောထားကွဲပြားလားနစကနှင့်ဉီးအေးမောင်တွေ့ဆုံလျှင်ပြေလည်လာနိုင်လား

Related news

© 2021. All rights reserved.