စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ် (၃၆ဝဝ)ကျော်အထိရှိလာ

 548

ယွန်း (NP News) - စက်တင်ဘာ ၁၉

စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၃၆ဝဝ)ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် တစ်ရက်ထက်တစ်ရက် မြင့်တက်နေပြီး အတည်ပြုလူ နာသစ်များလည်း တိုးလာခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါဆိုင် ရာ စည်းကမ်းချက်များအား ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် ဘိုးဘွားရိပ်သာများအပါအဝင် လူအများစုဝေးနေထိုင်ရာနေရာများလိုက်နာရမည့် ကိုဗစ်-၁၉ဆိုင်ရာစည်းကမ်းချက်များကို စက်တင်ဘာလ ၁၇ ရက်က ထုတ်ပြန်ထားခဲ့သည်။

ယခုလ စက်တင်ဘာလ(၁)ရက်မှ (၁၈)ရက်အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်မှာ (၃၆၈၆)ဦးအထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏သတင်းအချက်အလက်များအရ သိရသည်။

ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်း၌သာမက နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖြစ်ပွားမှုမြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လတ်တလာဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုးသည် မူလအိုမီခရွန်ရောဂါလက္ခဏာများနှင့်ကွာခြားမှုမရှိသော်လည်း ခေါင်းကိုက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အသက်(၅)နှစ်အထက်ရှိသူများအားလုံးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်နှင့် အသက် (၁၈)နှစ်အထက် ကာကွယ်ဆေးထိုးပြီးသူများကိုလည်း ထပ်ဆောင်းကာကွယ်ဆေး မပျက်မကွက်ထိုးနှံရန် ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂ဝ၂၂ ခုနှစ် (၉)လတာကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားသူ များ၏ (၈ဝ)ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝမထိုးနှံသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စက်တင်ဘာလ (၁၂)ရက်ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်ထား သည်။

zawgyi version
စက္တင္ဘာလအတြင္း ကိုဗစ္-၁၉ ေရာဂါ အတည္ျပဳလူနာသစ္ (၃၆ဝဝ)ေက်ာ္အထိရွိလာ
ယြန္း (NP News) - စက္တင္ဘာ ၁၉

စက္တင္ဘာလအတြင္း ကိုဗစ္-၁၉ ေရာဂါ အတည္ျပဳလူနာသစ္ (၃၆ဝဝ)ေက်ာ္အထိရွိလာေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွထုတ္ျပန္ေသာ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈသည္ တစ္ရက္ထက္တစ္ရက္ ျမင့္တက္ေနၿပီး အတည္ျပဳလူ နာသစ္မ်ားလည္း တိုးလာျခင္းေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္-၁၉ေရာဂါဆိုင္ ရာ စည္းကမ္းခ်က္မ်ားအား ထုတ္ျပန္ထားၿပီးျဖစ္သည္။

ထို႔ျပင္ ဘိုးဘြားရိပ္သာမ်ားအပါအဝင္ လူအမ်ားစုေဝးေနထိုင္ရာေနရာမ်ားလိုက္နာရမည့္ ကိုဗစ္-၁၉ဆိုင္ရာစည္းကမ္းခ်က္မ်ားကို စက္တင္ဘာလ ၁၇ ရက္က ထုတ္ျပန္ထားခဲ့သည္။

ယခုလ စက္တင္ဘာလ(၁)ရက္မွ (၁၈)ရက္အထိ ကိုဗစ္-၁၉ေရာဂါ အတည္ျပဳလူနာသစ္မွာ (၃၆၈၆)ဦးအထိရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ကိုဗစ္-၁၉ေရာဂါသည္ ျပည္တြင္း၌သာမက ႏိုင္ငံတကာႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္လည္း ျဖစ္ပြားမႈျမင့္တက္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

လတ္တလာျဖစ္ေပၚေနသည့္ အိုမီခ႐ြန္မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုးသည္ မူလအိုမီခ႐ြန္ေရာဂါလကၡဏာမ်ားႏွင့္ကြာျခားမႈမရွိေသာ္လည္း ေခါင္းကိုက္ျခင္း၊ အားအင္ကုန္ခမ္းျခင္း၊ ႂကြက္သားနာက်င္ကိုက္ခဲျခင္း၊ ႏွာေစးျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္းတို႔ ျဖစ္ေပၚႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ အသက္(၅)ႏွစ္အထက္ရွိသူမ်ားအားလုံးကို ကိုဗစ္-၁၉ေရာဂါကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံရန္ႏွင့္ အသက္ (၁၈)ႏွစ္အထက္ ကာကြယ္ေဆးထိုးၿပီးသူမ်ားကိုလည္း ထပ္ေဆာင္းကာကြယ္ေဆး မပ်က္မကြက္ထိုးႏွံရန္ ထုတ္ျပန္ထားၿပီး ျဖစ္သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ၂ဝ၂၂ ခုႏွစ္ (၉)လတာကာလအတြင္း ကိုဗစ္ေရာဂါျဖစ္ပြားသူ မ်ား၏ (၈ဝ)ရာခိုင္ႏႈန္းမွာ ကာကြယ္ေဆးလုံးဝမထိုးႏွံသူမ်ားျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ စက္တင္ဘာလ (၁၂)ရက္ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.