ကမ္ဘာ့ခေါင်းဆောင်များ ဘုရင်မကြီးအဲလီ့စဘတ်ကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်

 647

ဖြိုးခန့်(NP News) - စက်တင်ဘာ ၁၉

ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာတစ်ဝန်းမှ တော်ဝင်မိသားစုများသည် စက်တင်ဘာ(၁၉)ရက်နေ့တွင် ဗြိတိန် ဘုရင်မကြီး အဲလီ့စဘတ်-၂ ၏ စျာပနအခမ်းအနားကို တက်ရောက်ခဲ့ပြီး နောက်ဆုံးအနေဖြင့် လာရောက် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

လန်ဒန်မြို့၏ Westminster ခန်းမတွင် ဗြိတိန်နိုင်ငံ၏ နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီးအဲလီ့စဘတ်၏ ရုပ်အလောင်းကို လာရောက်ဂါဝရပြုရန်အတွက် ထောင်နှင့်ချီသောပြည်သူများသည် လေးရက်ကြာ တန်းစီခြင်း များပြုလုပ်ခဲ့ပြီးနောက် နံနက်(၆)နာရီခွဲအချိန်တွင် ဂါဝရပြုခြင်းကို ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်‌ထောင်စု၏ သမ္မတဂျိုးဘိုင်ဒန်အပါအဝင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များသည် ဗြိတသျှထီးနန်း ကို နှစ်ပေါင်း(၇ဝ)ကြာ အုပ်ချုပ်ခဲ့သော အသက်(၉၆)နှစ်အရွယ် ဘုရင်မကြီးအဲလီ့စဘတ်ကို ဂုဏ်ပြုဂါဝရပြုခဲ့ ကြောင်းသိရသည်။

ဂါဝရပြုသူ(၂ဝဝဝ)ထဲတွင် ဂျိုးဘိုင်ဒန်၊ ဂျပန်ဧကရာဇ်နာယူဟီတို၊ တရုတ်ဒုသမ္မတ Wang Qishan နှင့် တောင်အမေရိကသမ္မတ Cyril Ramaphosa တို့အပါအဝင် ကမ္ဘာ့တဝန်းမှ နိုင်ငံခေါင်းဆောင်များ၊ အဖွဲ့အစည်း ခေါင်းဆောင်(၅ဝဝ) ခန့် ပါဝင်မည်ဖြစ်ကြောင်းသိရသည်၊၊

ဗြိတိန်ဘုရင်မကြီး၏ မြေးတော် မင်းသား ဂျော့ဂ်ျ (၉)နှစ်၊ မင်းသမီး ချားလော့ (၇)နှစ်တို့နှင့် ယခု ထီးနန်းဆက်ခံသူ မင်းသားဝီလျံ၏ အကြီးဆုံးကလေး နှစ်ဦးလည်း တက်ရောက်မည်ဖြစ်သည်။ ဗြိတိန်ဘုရင်သစ်ချားလ်စ်က “ပြီးခဲ့တဲ့ ဆယ်ရက်အတွင်း ကျွန်တော်နဲ့ဇနီးဖြစ်သူတို့ဟာ ဒီနိုင်ငံနဲ့ နိုင်ငံတစ်ဝှမ်းက ရရှိခဲ့တဲ့ ဝမ်းနည်းကြောင်းစာတွေနဲ့ ထောက်ပံ့မှုတွေကြောင့် တကယ်ကိုစိတ်ထိခိုက်ခဲ့ရပါတယ်။ နောက်ဆုံးနှုတ်ဆက်ပွဲအတွက် ပြင်ဆင်နေကြပြီး အခုလိုဝမ်းနည်းပူဆွေးချိန်မှာ မိသားစုနဲ့ ကျွန်တော့်ကိုနှစ်သိမ့်အားပေးခဲ့ကြတဲ့ မရေမတွက်နိုင်တဲ့၊ များပြားလှတဲ့ လူအားလုံးကိုကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ပြောဆိုခဲ့သည်။

ဗြိတိန်ဘုရင်မကြီး အဲလီ့စဘတ်သည် စက်တင်ဘာ(၈)ရက်နေ့တွင် ၎င်း၏စကော့တလန်ရှိ၄င်း၏ Balmoral Castle တွင် သေဆုံးခဲ့သည်။

Zawgyi Version;
ကမာၻ႔ေခါင္းေဆာင္မ်ား ဘုရင္မႀကီးအဲလီ့စဘတ္ကို ေနာက္ဆုံးအေနျဖင့္ ႏႈတ္ဆက္
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၁၉

ကမာၻ႔ေခါင္းေဆာင္မ်ားႏွင့္ ကမာၻတစ္ဝန္းမွ ေတာ္ဝင္မိသားစုမ်ားသည္ စက္တင္ဘာ(၁၉)ရက္ေန႔တြင္ ၿဗိတိန္ ဘုရင္မႀကီး အဲလီ့စဘတ္-၂ ၏ စ်ာပနအခမ္းအနားကို တက္ေရာက္ခဲ့ၿပီး ေနာက္ဆုံးအေနျဖင့္ လာေရာက္ ႏႈတ္ဆက္ခဲ့ၾကေၾကာင္း သိရသည္။

လန္ဒန္ၿမိဳ႕၏ Westminster ခန္းမတြင္ ၿဗိတိန္ႏိုင္ငံ၏ နန္းသက္အရွည္ၾကာဆုံး ဘုရင္မႀကီးအဲလီ့စဘတ္၏ ႐ုပ္အေလာင္းကို လာေရာက္ဂါဝရျပဳရန္အတြက္ ေထာင္ႏွင့္ခ်ီေသာျပည္သူမ်ားသည္ ေလးရက္ၾကာ တန္းစီျခင္း မ်ားျပဳလုပ္ခဲ့ၿပီးေနာက္ နံနက္(၆)နာရီခြဲအခ်ိန္တြင္ ဂါဝရျပဳျခင္းကို ပိတ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ျပည္‌ေထာင္စု၏ သမၼတဂ်ိဳးဘိုင္ဒန္အပါအဝင္ ကမာၻတစ္ဝန္းမွ ေခါင္းေဆာင္မ်ားသည္ ၿဗိတသွ်ထီးနန္း ကို ႏွစ္ေပါင္း(၇ဝ)ၾကာ အုပ္ခ်ဳပ္ခဲ့ေသာ အသက္(၉၆)ႏွစ္အ႐ြယ္ ဘုရင္မႀကီးအဲလီ့စဘတ္ကို ဂုဏ္ျပဳဂါဝရျပဳခဲ့ ေၾကာင္းသိရသည္။

ဂါဝရျပဳသူ(၂ဝဝဝ)ထဲတြင္ ဂ်ိဳးဘိုင္ဒန္၊ ဂ်ပန္ဧကရာဇ္နာယူဟီတို၊ တ႐ုတ္ဒုသမၼတ Wang Qishan ႏွင့္ ေတာင္အေမရိကသမၼတ Cyril Ramaphosa တို႔အပါအဝင္ ကမာၻ႔တဝန္းမွ ႏိုင္ငံေခါင္းေဆာင္မ်ား၊ အဖြဲ႕အစည္း ေခါင္းေဆာင္(၅ဝဝ) ခန႔္ ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္၊၊

ၿဗိတိန္ဘုရင္မႀကီး၏ ေျမးေတာ္ မင္းသား ေဂ်ာ့ဂ္် (၉)ႏွစ္၊ မင္းသမီး ခ်ားေလာ့ (၇)ႏွစ္တို႔ႏွင့္ ယခု ထီးနန္းဆက္ခံသူ မင္းသားဝီလ်ံ၏ အႀကီးဆုံးကေလး ႏွစ္ဦးလည္း တက္ေရာက္မည္ျဖစ္သည္။ ၿဗိတိန္ဘုရင္သစ္ခ်ားလ္စ္က “ၿပီးခဲ့တဲ့ ဆယ္ရက္အတြင္း ကြၽန္ေတာ္နဲ႔ဇနီးျဖစ္သူတို႔ဟာ ဒီႏိုင္ငံနဲ႔ ႏိုင္ငံတစ္ဝွမ္းက ရရွိခဲ့တဲ့ ဝမ္းနည္းေၾကာင္းစာေတြနဲ႔ ေထာက္ပံ့မႈေတြေၾကာင့္ တကယ္ကိုစိတ္ထိခိုက္ခဲ့ရပါတယ္။ ေနာက္ဆုံးႏႈတ္ဆက္ပြဲအတြက္ ျပင္ဆင္ေနၾကၿပီး အခုလိုဝမ္းနည္းပူေဆြးခ်ိန္မွာ မိသားစုနဲ႔ ကြၽန္ေတာ့္ကိုႏွစ္သိမ့္အားေပးခဲ့ၾကတဲ့ မေရမတြက္ႏိုင္တဲ့၊ မ်ားျပားလွတဲ့ လူအားလုံးကိုေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္” ဟု ေျပာဆိုခဲ့သည္။

ၿဗိတိန္ဘုရင္မႀကီး အဲလီ့စဘတ္သည္ စက္တင္ဘာ(၈)ရက္ေန႔တြင္ ၎၏စေကာ့တလန္ရွိ၄င္း၏ Balmoral Castle တြင္ ေသဆုံးခဲ့သည္။

Related news

© 2021. All rights reserved.