တမူးမြို့၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်တည်ဆောက်ရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား သဘောတူလက်မှတ်ရေးထိုး

 778

ဖူးပြည့် (NP News) - စက်တင်ဘာ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ရှိ တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက်ခြင်းဆိုင်ရာစီမံကိန်း သဘောတူညီချက်အား ၂ဝ၂၂ ခုနှစ် စက်တင် ဘာလ (၁၆) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ စက်တင်ဘာလ ၂ဝ ရက် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အဆင့်မီ ဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်စီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရအကူအ ညီဖြင့် တည်ဆောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံဘက် မိုးရေးမြို့တွင်လည်း အဆိုပါအဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို တည်ဆောက်ထားပြီးဖြစ်ကြောင်း အိန္ဒိယသံရုံးဘက်က ဆိုသည်။

မြန်မာဘက်ရှိ မိုရေး-တမူးနယ်စပ်တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် အသစ်တည်ဆောက်ခြင်းသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ပြည်သူ များ၏သွားလာရေးတို့ကို အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး တမူးမြို့သည် မြန်မာနိုင် ငံ၏ အနောက်မြောက်တံခါးမြို့ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်များ တည်ဆောက်ခြင်းသည် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးတို့ကို တွန်းအားပေးမှုဖြစ်စေပြီး နယ် စပ်ဒေသများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ပေးမည်ဖြစ် ကြောင်းသိရသည်။

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုအတွက် မြန်မာ-အန္ဒိယ အပြည်ပြည်ဆိုင်ရာနယ်စပ် တမူး-မိုရေးဂိတ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၈ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ကိုဗစ်ကပ်ရောဂါမြင့်မားလာသည့်အတွက် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် ရေးဂိတ်များကို ၂ဝ၂ဝ ခုနှစ် မတ်လမှစတင်ကာ ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ် ဩဂုတ်လအတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး - မိုရေးနယ်စပ်ကုန်သွယ်ရေးဂိတ် (၁) နှင့် ဂိတ် (၂) တို့အား ဆေးဝါးတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အမေရိ ကန်ဒေါ်လာ ၃၅၇ ဒသမ ၆၂၇ သန်းရှိပြီး ပို့ကုန်ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၃၂၄ သန်း ရှိကာ သွင်းကုန်ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇၈ ဒသမ ၃ဝ၃ သန်းရှိကြောင်း သိရသည်။

zawgyi version
တမူးၿမိဳ႕၌ အဆင့္မီဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္တည္ေဆာက္ရန္ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံၾကား သေဘာတူလက္မွတ္ေရးထိုး
ဖူးျပည့္ (NP News) - စက္တင္ဘာ ၂ဝ

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးခ႐ိုင္ရွိ တမူးၿမိဳ႕တြင္ အဆင့္မီဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္ တည္ေဆာက္ျခင္းဆိုင္ရာစီမံကိန္း သေဘာတူညီခ်က္အား ၂ဝ၂၂ ခုႏွစ္ စက္တင္ ဘာလ (၁၆) ရက္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး၏ စက္တင္ဘာလ ၂ဝ ရက္ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ အဆင့္မီ ဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္စီမံကိန္းကို အိႏၵိယႏိုင္ငံအစိုးရအကူအ ညီျဖင့္ တည္ေဆာက္မည္ျဖစ္ၿပီး အိႏၵိယႏိုင္ငံဘက္ မိုးေရးၿမိဳ႕တြင္လည္း အဆိုပါအဆင့္မီဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္ကို တည္ေဆာက္ထားၿပီးျဖစ္ေၾကာင္း အိႏၵိယသံ႐ုံးဘက္က ဆိုသည္။

ျမန္မာဘက္ရွိ မိုေရး-တမူးနယ္စပ္တြင္ အဆင့္မီဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္ အသစ္တည္ေဆာက္ျခင္းသည္ အိႏၵိယႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ ျပည္သူ မ်ား၏သြားလာေရးတို႔ကို အဆင္ေျပေခ်ာေမြ႕ေစမည္ျဖစ္ၿပီး တမူးၿမိဳ႕သည္ ျမန္မာႏိုင္ ငံ၏ အေနာက္ေျမာက္တံခါးၿမိဳ႕ျဖစ္သည္။

ႏွစ္ႏိုင္ငံနယ္စပ္တြင္ အဆင့္မီဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္မ်ား တည္ေဆာက္ျခင္းသည္ နယ္စပ္ကုန္သြယ္ေရးႏွင့္ ခရီးသြားလာေရးတို႔ကို တြန္းအားေပးမႈျဖစ္ေစၿပီး နယ္ စပ္ေဒသမ်ား၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း ျမႇင့္တင္ေပးမည္ျဖစ္ ေၾကာင္းသိရသည္။

ျမန္မာႏွင့္အိႏၵိယႏွစ္ႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈအတြက္ ျမန္မာ-အႏၵိယ အျပည္ျပည္ဆိုင္ရာနယ္စပ္ တမူး-မိုေရးဂိတ္ကို စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္တြင္ ၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လ ၈ ရက္၌ စတင္ဖြင့္လွစ္ခဲ့သည္။

ထို႔ေနာက္ ကိုဗစ္ကပ္ေရာဂါျမင့္မားလာသည့္အတြက္ ျမန္မာ-အိႏၵိယ နယ္စပ္ကုန္သြယ္ ေရးဂိတ္မ်ားကို ၂ဝ၂ဝ ခုႏွစ္ မတ္လမွစတင္ကာ ပိတ္ထားခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ ဩဂုတ္လအတြင္း ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္ တမူး - မိုေရးနယ္စပ္ကုန္သြယ္ေရးဂိတ္ (၁) ႏွင့္ ဂိတ္ (၂) တို႔အား ေဆးဝါးတင္သြင္းရန္ ျပန္လည္ဖြင့္လွစ္ခဲ့သည္။

ျမန္မာႏွင့္ အိႏၵိယႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈပမာဏသည္ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္ ဇူလိုင္လကုန္အထိ အေမရိ ကန္ေဒၚလာ ၃၅၇ ဒသမ ၆၂၇ သန္းရွိၿပီး ပို႔ကုန္ပမာဏအေနျဖင့္ အေမရိကန္ေဒၚလာ ၁၇၉ ဒသမ ၃၂၄ သန္း ရွိကာ သြင္းကုန္ပမာဏအေနျဖင့္ အေမရိကန္ေဒၚလာ ၁၇၈ ဒသမ ၃ဝ၃ သန္းရွိေၾကာင္း သိရသည္။

Picture

Ko Moe

20/09/2022 20:17

အိန္ဒိယနဲ့ အရမ်းနည်းလွန်းပါတယ် မြန်မာတွေပြောကြတာက တရုတ်ပစ္စည်း ဈေးပေါတယ် အိန္ဒိယပစ္စည်းက ဈေးကြီးလို့ ဆိုတာမျိုးသိရပါတယ်။ကန့်သတ်ပါ။ ကျန်းမာရေးနဲ့ မညီတာမှန်သမျှလမ်းမှာ မမိတဲ့ ပစ္စည်း အိမ်ထဲအထိ ဝင်ဖမ်းပါ။ ဆော်ကားတာ မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူကို ဒါကို ငွေပေးပြန်လွတ်မလုပ်သင့်ပါဘူး။လမ်းမှ မမိလည်း ဆိုင်မှာ မတင်ရဘူးလေ သိနေတာပဲ မြန်မာထုတ်လား ပြည်ပထုတ်လားဆိုတာ။စားသောက်ကုန် တွေအများစု ပြည်ပပိုက်ဆံပေးရလောက်အောင် ဘယ်လောက်ချမ်းသာနေလို့လည်း ကိုယ့်ဟာကိုယ် ထုတ်ခိုင်းပါ ပြည်သူအလုပ်ရတာပေါ့ဗျာ။ကျန်းမာရေးနဲ့ အတတ်နိုင်ဆုံး ညီညွတ်ရင်ရပါပြီ။

Related news

© 2021. All rights reserved.