မြန်မာနိုင်ငံတွင် အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံကို နှစ်ပိုင်းအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း နစကအသိပေး

 5293

ယွန်း (NP News) - စက်တင်ဘာ ၂၁

မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံကို နှစ်ပိုင်းအတွင်း တည်ဆောက်သွား မည်ဖြစ် ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂ဝ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ထည့်သွင်း ပြောကြားခဲ့သည်။

နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရေး ကဏ္ဍပေါင်းစုံလူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံကို နှစ်ပိုင်းအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် နျူကလီးယားစွမ်းအင်ရရှိရေးနှင့် ပတ်သက်၍ “၂ဝ၂၂ ခုနှစ် ဇူလိုင်လတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့၌ အဏုမြူစွမ်းအင်နယ်ပယ်ဆိုင်ရာလေ့ကျင်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာအပါအဝင် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘော ဆောင်တဲ့သဘောထားအမြင်များရရှိရေး၊ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှစ်ခုကို လက်မှတ်ရေးထိုး ခဲ့တယ်” ဟု ၎င်းမှ ဆိုသည်။

အထက်ပါ စာချွန်လွှာ အကောင်အထည်ဖော်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီး ဌာန၊ နျူကလီးယားနည်း ပညာသတင်းအချက်အလက်စင်တာကို ရန်ကုန်တွင် စတင်ထူထောင်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါသင်တန်းစင်တာဖွင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကက ဘာကိုရည်ရွယ်တာလဲဆိုတော့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ကျွန်တော်တို့လုပ်သွားမှာ ဖြစ်ပါတယ်။ သို့သော် ဒီဟာကိုကျွန်တော်တို့ ပြည်သူလူထုကိုအသိမပေးဘဲလုပ်မှာမဟုတ်ဘူး။ ပထမဦးဆုံးအဆင့် အနေနဲ့ ကျွန်တော်တို့က ပြည်သူလူထုကို နျူကလီးယားစွမ်းအင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးပြုရေးလုပ်ငန်း စဉ်တွေကို နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် ကျွန်တော်တို့ဆောင်ရွက်မှာ ဖြစ်တယ်” ဟုဆိုသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ အေသးစား န်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ႏွစ္ပိုင္းအတြင္း တည္ေဆာက္သြားမည္ျဖစ္ ေၾကာင္း နစကအသိေပး
ယြန္း (NP News) - စက္တင္ဘာ ၂၁

ျမန္မာႏိုင္ငံတြင္ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ႏွစ္ပိုင္းအတြင္း တည္ေဆာက္သြား မည္ျဖစ္ ေၾကာင္း နစက ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

နစကေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စက္တင္ဘာလ ၂ဝ ရက္တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရး ဝန္ႀကီးဌာန၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ထည့္သြင္း ေျပာၾကားခဲ့သည္။

န်ဴကလီးယားစြမ္းအင္အား ၿငိမ္းခ်မ္းစြာအသုံးျပဳေရး၊ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အသုံးခ်ႏိုင္ေရး က႑ေပါင္းစုံလူ႔စြမ္းအားအရင္းအျမစ္ျပဳစုပ်ိဳးေထာင္ေရးတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ပထမဦးဆုံးအေနျဖင့္ အေသးစား န်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ႏွစ္ပိုင္းအတြင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ န်ဴကလီးယားစြမ္းအင္ရရွိေရးႏွင့္ ပတ္သက္၍ “၂ဝ၂၂ ခုႏွစ္ ဇူလိုင္လတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ေမာ္စကို ၿမိဳ႕၌ အဏုျမဴစြမ္းအင္နယ္ပယ္ဆိုင္ရာေလ့က်င္ေရးႏွင့္ ကြၽမ္းက်င္မႈ အရည္အေသြး ဖြံ႕ၿဖိဳးတိုးတက္မႈ ပူးေပါင္း ေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာအပါအဝင္ န်ဴကလီးယားစြမ္းအင္အေပၚ ျပည္သူလူထု၏ အျပဳသေဘာ ေဆာင္တဲ့သေဘာထားအျမင္မ်ားရရွိေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာႏွစ္ခုကို လက္မွတ္ေရးထိုး ခဲ့တယ္” ဟု ၎မွ ဆိုသည္။

အထက္ပါ စာခြၽန္လႊာ အေကာင္အထည္ေဖာ္ေရးအတြက္ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာန၊ အဏုျမဴစြမ္းအင္ဦးစီး ဌာန၊ န်ဴကလီးယားနည္း ပညာသတင္းအခ်က္အလက္စင္တာကို ရန္ကုန္တြင္ စတင္ထူေထာင္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါသင္တန္းစင္တာဖြင့္ရျခင္း၏ ရည္႐ြယ္ခ်က္ႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “အဓိကက ဘာကိုရည္႐ြယ္တာလဲဆိုေတာ့ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာ အသုံးျပဳေရး ကြၽန္ေတာ္တို႔လုပ္သြားမွာ ျဖစ္ပါတယ္။ သို႔ေသာ္ ဒီဟာကိုကြၽန္ေတာ္တို႔ ျပည္သူလူထုကိုအသိမေပးဘဲလုပ္မွာမဟုတ္ဘူး။ ပထမဦးဆုံးအဆင့္ အေနနဲ႔ ကြၽန္ေတာ္တို႔က ျပည္သူလူထုကို န်ဴကလီးယားစြမ္းအင္နဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းစြာ အသုံးျပဳေရးလုပ္ငန္း စဥ္ေတြကို နားလည္မႈ၊ ပူးေပါင္းေဆာင္႐ြက္မႈ ရရွိေရးအတြက္ ကြၽန္ေတာ္တို႔ေဆာင္႐ြက္မွာ ျဖစ္တယ္” ဟုဆိုသည္။

Picture

Ko Moe

21/09/2022 11:07

အာကာသ ဒူံပျံယာဉ်ပုံက ပါလာသေးတာနော်။မသိတဲ့ ငနဲများက လက်နက်ထင်နေအုံးမယ်နော်။ကိုကျော် စာလေးထည့်ရေးတာ မကောင်းဘူလား😂

Picture

Ko Moe

21/09/2022 11:07

အာကာသ ဒူံပျံယာဉ်ပုံက ပါလာသေးတာနော်။မသိတဲ့ ငနဲများက လက်နက်ထင်နေအုံးမယ်နော်။ကိုကျော် စာလေးထည့်ရေးတာ မကောင်းဘူလား😂

Picture

Htun Aung Kyaw

21/09/2022 14:37

Angara A5 ? 😳 😳

Related news

© 2021. All rights reserved.