ထိုင်းရောက် မြန်မာနိုင်ငံသူနှစ်ဦး ဒေါ်လာအတုထုတ်လုပ်မှုဖြင့် ထောင်ဒဏ် (၂၅)နှစ်ကျခံရမည့်အခြေအနေမှ ပြန်လည်လွတ်မြောက်လာ

 643

မျိုးကြီး (NP News) - စက်တင်ဘာ ၂၁

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူနှစ်ဦး ဒေါ်လာအတုထုတ်လုပ်မှုဖြင့် ထောင်ဒဏ်(၂၅) နှစ်ကျခံရမည့်အခြေအနေမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

မလင်းလင်းဝေနှင့် မခင်ယုမေ အပါအဝင် မြန်မာနိုင်ငံသူအမျိုးသမီး(၄)တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် တရားမဝင်ပို့ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ဆိုသည်။

ထိုသို့ ပို့ဆောင်ခံရပြီးနောက် ထိုင်းနိုင်ငံလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးသည့်ကောင်တာ၌ ဒေါ်လာအတုပြသမှုဖြင့် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရကာ အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသူ(၄)ဦးအနက် မသန်းယုမေ၊ မဖြိုးဇာဝေတို့အား ထိုင်းတရားရုံးက ဒဏ်ငွေနှင့်အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ခဲ့ပြီး သတ်မှတ်ဒဏ်ကြေးပေးဆောင်ကာ ကယ်ဆယ်နိုင်ခဲ့သည့်အတွက် မေလကုန်ပိုင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိခဲ့သည့် မြန်မာနိုင်ငံသူ မလင်းလင်းဝေနှင့် မခင်ယုမေတို့မှာ ဒေါ်လာလက်ဝယ်ထားရှိမှုအပြင် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ပါ စွဲချက်တင်ခံခဲ့ရပြီး ထောင်ဒဏ် (၂၅)နှစ် ကျခံရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

သို့သော် မလင်းလင်းဝေနှင့် မခင်ယုမေတို့မှာ ထောင်ဒဏ် ၂၅ နှစ် ကျခံရမည့်အခြေအ နေမှ လက်ရှိတွင် လွတ်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့ (စက်တင်ဘာလ ၂၁ ရက်) နံနက်ပိုင်းက မဲဆောက်-မြဝတီပြန်လည်ပေါင်းစည်းရေးဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ဆိုသည်။

၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် မြန်မာရှေ့နေ၊ ထိုင်းရှေ့နေများအပါအဝင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ မြန်မာနိုင်ငံအပြန်ခရီးစဉ်တွင်လည်း လမ်းစရိတ်များထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

zawgyi version
ထိုင္းေရာက္ ျမန္မာႏိုင္ငံသူႏွစ္ဦး ေဒၚလာအတုထုတ္လုပ္မႈျဖင့္ ေထာင္ဒဏ္ (၂၅)ႏွစ္က်ခံရမည့္အေျခအေနမွ ျပန္လည္လြတ္ေျမာက္လာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၁

ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသူႏွစ္ဦး ေဒၚလာအတုထုတ္လုပ္မႈျဖင့္ ေထာင္ဒဏ္(၂၅) ႏွစ္က်ခံရမည့္အေျခအေနမွ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

မလင္းလင္းေဝႏွင့္ မခင္ယုေမ အပါအဝင္ ျမန္မာႏိုင္ငံသူအမ်ိဳးသမီး(၄)တို႔သည္ ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းက ေဝယံထူးေအဂ်င္စီအတုမွ ေလေၾကာင္းလိုင္းျဖင့္ တရားမဝင္ပို႔ေဆာင္ျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ဆိုသည္။

ထိုသို႔ ပို႔ေဆာင္ခံရၿပီးေနာက္ ထိုင္းႏိုင္ငံေလဆိပ္ရွိ လူဝင္မႈႀကီးၾကပ္ေရးစစ္ေဆးသည့္ေကာင္တာ၌ ေဒၚလာအတုျပသမႈျဖင့္ စမုပရာကန္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခံခဲ့ရကာ အမႈရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသူ(၄)ဦးအနက္ မသန္းယုေမ၊ မၿဖိဳးဇာေဝတို႔အား ထိုင္းတရား႐ုံးက ဒဏ္ေငြႏွင့္အက်ယ္ခ်ဳပ္/ျပည္ႏွင္ဒဏ္အျဖစ္ ၂ ႏွစ္ ၆ လ ခ်မွတ္ခဲ့ၿပီး သတ္မွတ္ဒဏ္ေၾကးေပးေဆာင္ကာ ကယ္ဆယ္ႏိုင္ခဲ့သည့္အတြက္ ေမလကုန္ပိုင္း၌ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ က်န္ရွိခဲ့သည့္ ျမန္မာႏိုင္ငံသူ မလင္းလင္းေဝႏွင့္ မခင္ယုေမတို႔မွာ ေဒၚလာလက္ဝယ္ထားရွိမႈအျပင္ ကိုယ္တိုင္ထုတ္လုပ္သူအျဖစ္ပါ စြဲခ်က္တင္ခံခဲ့ရၿပီး ေထာင္ဒဏ္ (၂၅)ႏွစ္ က်ခံရမည့္အေျခအေနႏွင့္ ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။

သို႔ေသာ္ မလင္းလင္းေဝႏွင့္ မခင္ယုေမတို႔မွာ ေထာင္ဒဏ္ ၂၅ ႏွစ္ က်ခံရမည့္အေျခအ ေနမွ လက္ရွိတြင္ လြတ္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ယေန႔ (စက္တင္ဘာလ ၂၁ ရက္) နံနက္ပိုင္းက မဲေဆာက္-ျမဝတီျပန္လည္ေပါင္းစည္းေရးဂိတ္မွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက ဆိုသည္။

၎တို႔ႏွစ္ဦး လြတ္ေျမာက္ေရးအတြက္ ျမန္မာေရွ႕ေန၊ ထိုင္းေရွ႕ေနမ်ားအပါအဝင္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔၏ ျမန္မာႏိုင္ငံအျပန္ခရီးစဥ္တြင္လည္း လမ္းစရိတ္မ်ားေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.