ပုဒ်မ ၅ဝ၅နှင့်တရားစွဲခံရသူများ၊ CDM များနှင့် PDF အဖွဲ့ဝင်များမှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် ဆက်သွယ်လာသူ (၁၃ဝဝ)ကျော်ရှိဟုဆို

 816

NP News - စက်တင်ဘာ ၂၁

ပုဒ်မ ၅ဝ၅ နှင့်တရားစွဲခံရသူများ၊ CDM များနှင့် PDF အဖွဲ့ဝင်များမှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် ဆက်သွယ်လာသူ (၁၃ဝဝ)ကျော်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

၎င်းက စက်တင်ဘာလ ၂ဝ ရက်ကပြုလုပ်သည့် အကြိမ်(၂ဝ)မြောက် နစကသတင်းစာရှင်းလင်းပွဲတွင်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၅ဝ၅ နှင့် တရားစွဲခံရပြီး ပြန်လည်ဆက်သွယ်သတင်းပို့လာသူ (၁၁၁၁) ၊ PDF အဖွဲ့များအပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်နေသည့် အဖွဲ့အ စည်းများမှ ပြန်လည်ဆက်သွယ်သတင်းပို့လာသူ (၂၇၃)ဦး ၊ တောထဲတွင် ရောက်နေသည့် CDM ဝန်ထမ်း(၅)ဦး စုစုပေါင်း(၁၃၈၉)ဦးရှိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ် ဇွန်လ (၆)ရက်မှ စက်တင်ဘာ(၁၈)ရက်အတွင်း PDF အဖွဲ့များမှ ဥပ ဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ (၂၇၃) ဦးရှိကြောင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းကပြောသည်။

ယင်းသို့ပြန်လည်ဝင်ရောက်လာသူများတွင် ဧရာဝတီတိုင်း ၊ မန္တလေးတိုင်းနှင့် မကွေး တိုင်းတို့မှအများဆုံးတွေ့ရပြီး ဧရာဝတီတိုင်းမှ (၁၃ဝ)ဦး ၊ မန္တလေးတိုင်းမှ (၅၃)ဦးနှင့် မကွေးတိုင်းမှ (၃၈)ဦးတို့ဖြစ်ကြောင်းလည်း သိရသည်။

“စိတ်ခံစားချက်ကြောင့်ပဲ ဖြစ်ဖြစ် ၊ နိုင်ငံရေးသမားတွေရဲ့ အသုံးချလို့ပဲဖြစ်ဖြစ် ၊ခြိမ်း ခြောက်လို့ပဲဖြစ်ဖြစ် ၊ တရားမဝင်အဖွဲ့အစည်းအသီးသီးတွင် ရောက်ရှိနေသည့် လူငယ်လူရွယ်တွေ ၊ကျောင်းသား၊ ကျောင်းသူတွေကို မိဘပြည်သူတွေအနေဖြင့် လမ်းမှန်ကို ပြန်လည်ရောက်ရှိဖို့ ရဲရဲဝံ့ဝံ့ပြန်လည်ဝင်ခဲ့ပါ”ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရသည်။

ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝအတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်း နစကမှ ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။

zawgyi version
ပုဒ္မ ၅ဝ၅ႏွင့္တရားစြဲခံရသူမ်ား၊ CDM မ်ားႏွင့္ PDF အဖြဲ႕ဝင္မ်ားမွ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္ရန္ ဆက္သြယ္လာသူ (၁၃ဝဝ)ေက်ာ္ရွိဟုဆို
NP News - စက္တင္ဘာ ၂၁

ပုဒ္မ ၅ဝ၅ ႏွင့္တရားစြဲခံရသူမ်ား၊ CDM မ်ားႏွင့္ PDF အဖြဲ႕ဝင္မ်ားမွ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္ရန္ ဆက္သြယ္လာသူ (၁၃ဝဝ)ေက်ာ္ရွိေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

၎က စက္တင္ဘာလ ၂ဝ ရက္ကျပဳလုပ္သည့္ အႀကိမ္(၂ဝ)ေျမာက္ နစကသတင္းစာရွင္းလင္းပြဲတြင္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၅ဝ၅ ႏွင့္ တရားစြဲခံရၿပီး ျပန္လည္ဆက္သြယ္သတင္းပို႔လာသူ (၁၁၁၁) ၊ PDF အဖြဲ႕မ်ားအပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳး အမည္ခံၿပီး လက္နက္ကိုင္ဆန႔္က်င္ေနသည့္ အဖြဲ႕အ စည္းမ်ားမွ ျပန္လည္ဆက္သြယ္သတင္းပို႔လာသူ (၂၇၃)ဦး ၊ ေတာထဲတြင္ ေရာက္ေနသည့္ CDM ဝန္ထမ္း(၅)ဦး စုစုေပါင္း(၁၃၈၉)ဦးရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္ ဇြန္လ (၆)ရက္မွ စက္တင္ဘာ(၁၈)ရက္အတြင္း PDF အဖြဲ႕မ်ားမွ ဥပ ေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာသူ (၂၇၃) ဦးရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းကေျပာသည္။

ယင္းသို႔ျပန္လည္ဝင္ေရာက္လာသူမ်ားတြင္ ဧရာဝတီတိုင္း ၊ မႏၲေလးတိုင္းႏွင့္ မေကြး တိုင္းတို႔မွအမ်ားဆုံးေတြ႕ရၿပီး ဧရာဝတီတိုင္းမွ (၁၃ဝ)ဦး ၊ မႏၲေလးတိုင္းမွ (၅၃)ဦးႏွင့္ မေကြးတိုင္းမွ (၃၈)ဦးတို႔ျဖစ္ေၾကာင္းလည္း သိရသည္။

“စိတ္ခံစားခ်က္ေၾကာင့္ပဲ ျဖစ္ျဖစ္ ၊ ႏိုင္ငံေရးသမားေတြရဲ႕ အသုံးခ်လို႔ပဲျဖစ္ျဖစ္ ၊ၿခိမ္း ေျခာက္လို႔ပဲျဖစ္ျဖစ္ ၊ တရားမဝင္အဖြဲ႕အစည္းအသီးသီးတြင္ ေရာက္ရွိေနသည့္ လူငယ္လူ႐ြယ္ေတြ ၊ေက်ာင္းသား၊ ေက်ာင္းသူေတြကို မိဘျပည္သူေတြအေနျဖင့္ လမ္းမွန္ကို ျပန္လည္ေရာက္ရွိဖို႔ ရဲရဲဝံ့ဝံ့ျပန္လည္ဝင္ခဲ့ပါ”ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဖိတ္ေခၚခဲ့သည္ကို ေတြ႕ရသည္။

ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝအတြင္းသို႔ ျပန္လည္ဝင္ေရာက္ လာသူမ်ားအား ႀကိဳဆိုလက္ခံသြားမည္ျဖစ္ေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားခဲ့ၿပီးျဖစ္သည္။

Picture

Ko Moe

21/09/2022 19:55

ကြိုဆိုပါတယ်ကွာ ကမ္ဘာမှာ အကြမ်းဖက်ဆိုတာ ဘယ်နိုင်ငံမှာမှ လက်မခံပါဘူး။ပြည်တွင်းလက်နက်ကိုင်တွေကြားထဲမှာ မင်းတို့ငါတို့နိုင်ငံသားတွေ ရှင်သန်ကြရတာ အဆင်တော့ ဘယ်ပြေပါ့မလဲ။ပြညိပ ပရောဂတွေ ဝင်ပူးနေတော့ တပ်ကလည်း စုးပူးနေတဲ့ အရူးမကို ဂိုဏ်းဆရာ ရိုက်ရသလို ကိုယ့်လူ ရိုက်မိမှာလည်း စိုးရိမ်ရ စုံးမ ထွက်သွားမလားလည်း စိုးရိမ်ရ အပြင်က စုံးက ကိုယ့်ကို မုန်းနေမှာလည်း သတိထားရ အပြင်ထွက်ပါစေလည်း ဖြောင်းဖျရနဲ့ မလွယ်ကူလှပါဘူး

Picture

Ko Moe

21/09/2022 19:55

ကြိုဆိုပါတယ်ကွာ ကမ္ဘာမှာ အကြမ်းဖက်ဆိုတာ ဘယ်နိုင်ငံမှာမှ လက်မခံပါဘူး။ပြည်တွင်းလက်နက်ကိုင်တွေကြားထဲမှာ မင်းတို့ငါတို့နိုင်ငံသားတွေ ရှင်သန်ကြရတာ အဆင်တော့ ဘယ်ပြေပါ့မလဲ။ပြညိပ ပရောဂတွေ ဝင်ပူးနေတော့ တပ်ကလည်း စုးပူးနေတဲ့ အရူးမကို ဂိုဏ်းဆရာ ရိုက်ရသလို ကိုယ့်လူ ရိုက်မိမှာလည်း စိုးရိမ်ရ စုံးမ ထွက်သွားမလားလည်း စိုးရိမ်ရ အပြင်က စုံးက ကိုယ့်ကို မုန်းနေမှာလည်း သတိထားရ အပြင်ထွက်ပါစေလည်း ဖြောင်းဖျရနဲ့ မလွယ်ကူလှပါဘူး

Picture

Ko Moe

21/09/2022 19:57

စုံးပူးခံရတဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်တွေပါ။စိတ်မကောင်းစွာပါပဲဗျာ။

Related news

© 2021. All rights reserved.