မြန်မာစစ်တပ် နဲ့ နီးစပ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

 1978

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

ထိုင်းအာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးမှောင်ခိုနဲ့ပတ်သက်ပြီး သံသယရှိတဲ့အတွက် မြန်မာစစ်တပ်နဲ့နီးစပ်မှုရှိတဲ့သူဋ္ဌေးကြီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဆိုပါကိစ္စနဲ့နီးစပ်သူများက ပြောပါတယ်။

ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ နီးစပ်မှုရှိတဲ့ အသက် ၅၃ နှစ်အရွယ်ရှိ ဦးထွန်းမင်းလတ် ဆိုသူကို ပြီးခဲ့တဲ့သီတင်းပတ်က ဘန်ကောက်မြို့အတွင်း စီးနင်းချိန်အတွင်း ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Kissana Phathanacharoen က ပြောပါတယ်။

ထွန်းမင်းလတ်ဆိုသူကို ထိုင်းနိုင်ငံသားသုံးဦးနဲ့အတူ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုတွေ၊ ပူးပေါင်းကြံစည်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ က "စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်" လို့ပြောပါတယ်။

၎င်းဟာ မြန်မာစစ်တပ်အတွက် လိုအပ်တဲ့အရာများ ကူညီထောက်ပံ့ပေးနေသူလည်းဖြစ် ကြောင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာစစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းများ ရရှိမှု နဲ့ ဝင်ငွေရရှိမှုများကို ကန့်သတ်နိုင်ဖို့ ပိတ်ဆို့မှုချမှတ်ခဲ့ရာမှာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ထွန်းမင်းလတ်ရဲ့စီးပွားရေးလုပ်ငန်းများ ပိတ်ဆို့ခံမှုတွေ ရင်ဆိုင်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

ထွန်းမင်းလတ်ဟာ ၂ဝ၁၉ ခုနှစ်က ဘန်ကောက်မြို့မှာကျင်းပတဲ့ စစ်လက်နက်ပစ္စည်းပြပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်နဲ့အတူ တက်ရောက်ခဲ့ဖူးတဲ့ဓါတ်ပုံတွေကို နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ထွန်းမင်းလတ်က အငြိမ်းစားယူထားတဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးရဲ့သားဖြစ်ပြီး ၎င်းရဲ့ကုမ္ပဏီဟာ ၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်ကို အမရိကန်ဒေါ်လာ ၇၁၅ဝဝ လှူဒါန်းပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရာမှာ ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟာ သံသယရှိသူများကို စုံစမ်းစစ်ဆေးဖို့ နဲ့ သက်သေများအပြင် ကွန်ရက်များကို ဆက်လက်စုံစမ်းနိုင်ဖို့ တရားရုံးထံ ချုပ်ရက်တိုးပေးဖို့ တောင်းခံထားတယ်လို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါးမှုနဲ့ သံသယရှိသူ ၄ ဦးထံမှ ထိုင်းဘတ် သန်း ၂ဝဝ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi Version;
ျမန္မာစစ္တပ္ နဲ႔ နီးစပ္မႈရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္ကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

ထိုင္းအာဏာပိုင္ေတြဟာ မူးယစ္ေဆးဝါးေမွာင္ခိုနဲ႔ပတ္သက္ၿပီး သံသယရွိတဲ့အတြက္ ျမန္မာစစ္တပ္နဲ႔နီးစပ္မႈရွိတဲ့သူေ႒းႀကီးတစ္ဦးကို ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း အဆိုပါကိစၥနဲ႔နီးစပ္သူမ်ားက ေျပာပါတယ္။

ထိုင္း မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႕ဟာ ျမန္မာစစ္တပ္နဲ႔ နီးစပ္မႈရွိတဲ့ အသက္ ၅၃ ႏွစ္အ႐ြယ္ရွိ ဦးထြန္းမင္းလတ္ ဆိုသူကို ၿပီးခဲ့တဲ့သီတင္းပတ္က ဘန္ေကာက္ၿမိဳ႕အတြင္း စီးနင္းခ်ိန္အတြင္း ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ ဒုတိယေျပာေရးဆိုခြင့္ရွိသူ Kissana Phathanacharoen က ေျပာပါတယ္။

ထြန္းမင္းလတ္ဆိုသူကို ထိုင္းႏိုင္ငံသားသုံးဦးနဲ႔အတူ မူးယစ္ေဆးဝါးမႈ၊ ေငြေၾကးခဝါခ်မႈေတြ၊ ပူးေပါင္းႀကံစည္မႈေတြနဲ႔ပတ္သက္ၿပီး ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ထိုင္းရဲတပ္ဖြဲ႕ ဒုတိယေျပာေရးဆိုခြင့္ရွိသူ က "စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္" လို႔ေျပာပါတယ္။

၎ဟာ ျမန္မာစစ္တပ္အတြက္ လိုအပ္တဲ့အရာမ်ား ကူညီေထာက္ပံ့ေပးေနသူလည္းျဖစ္ ေၾကာင္း သတင္းအရင္းျမစ္ေတြက ေျပာပါတယ္။ ၿဗိတိန္အစိုးရဟာ ျမန္မာစစ္တပ္ရဲ႕စစ္လက္နက္ပစၥည္းမ်ား ရရွိမႈ နဲ႔ ဝင္ေငြရရွိမႈမ်ားကို ကန႔္သတ္ႏိုင္ဖို႔ ပိတ္ဆို႔မႈခ်မွတ္ခဲ့ရာမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ထြန္းမင္းလတ္ရဲ႕စီးပြားေရးလုပ္ငန္းမ်ား ပိတ္ဆို႔ခံမႈေတြ ရင္ဆိုင္ခဲ့ရဖူးတယ္လို႔ သိရပါတယ္။

ထြန္းမင္းလတ္ဟာ ၂ဝ၁၉ ခုႏွစ္က ဘန္ေကာက္ၿမိဳ႕မွာက်င္းပတဲ့ စစ္လက္နက္ပစၥည္းျပပြဲအခမ္းအနားမွာ စစ္ေခါင္းေဆာင္နဲ႔အတူ တက္ေရာက္ခဲ့ဖူးတဲ့ဓါတ္ပုံေတြကို ႏိုင္ငံပိုင္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ထြန္းမင္းလတ္က အၿငိမ္းစားယူထားတဲ့ ဒုတိယဗိုလ္မႉးႀကီးတစ္ဦးရဲ႕သားျဖစ္ၿပီး ၎ရဲ႕ကုမၸဏီဟာ ၂ဝ၁၇ ခုႏွစ္က ျမန္မာစစ္တပ္ကို အမရိကန္ေဒၚလာ ၇၁၅ဝဝ လႉဒါန္းေပးခဲ့ဖူးတယ္လို႔ သိရပါတယ္။

ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ရာမွာ ထိုင္းမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးရဲတပ္ဖြဲ႕ဟာ သံသယရွိသူမ်ားကို စုံစမ္းစစ္ေဆးဖို႔ နဲ႔ သက္ေသမ်ားအျပင္ ကြန္ရက္မ်ားကို ဆက္လက္စုံစမ္းႏိုင္ဖို႔ တရား႐ုံးထံ ခ်ဳပ္ရက္တိုးေပးဖို႔ ေတာင္းခံထားတယ္လို႔ သိရပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ မူးယစ္ေဆးဝါးမႈနဲ႔ သံသယရွိသူ ၄ ဦးထံမွ ထိုင္းဘတ္ သန္း ၂ဝဝ ေက်ာ္ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။

Picture

Ko Moe

22/09/2022 02:25

ထိုင်းမှာက မြန်မာ့အစိုးရ ရန်သူမှန်သမျှကို လက်ခံအားပေးနေတာလေ။အိန္ဒိယကအဲသလောက်မဆိုးပါဘူး။အဲတော့ဗျာ။တွယ်ခံရပြိပေါ့။ငွေတွေ ခိုးချင်နေတဲ့ သူ့လက်အောက်က ဟာတွေက တကြိမ်းကြိမ်းနဲ့ ရဲနဲ့ပေါင်းဆော်နိုင်တာပါပဲ။ပုဂ္ဂိုလ်တော့ မသိပါဘူး။ထိုင်းက မှန်နေရင်တော့ တမျိူးပေါ့။Justed for Mmr. အဖွဲ့ကတော့ တွေ့တဲ့နေရာ အပြတ်ဗျင်းရမဲ့ ပြည်ဖျက်အဖွဲ့စစ်စစ်ပါပဲ။ကမ္ဘာ့နိုင်ငံကြီးတွေကိုလည်း အံ့ဩစရာပါပဲ။သူတို့နိုင်ငံမှာ သတ်ဖြတ်နေတဲ့ ကောင်တွေ အကြမ်းဖက်အားပေးတွေကျတော့ လိုက်ဖမ်းတယ် ဘယ်နိုင်ငံရောက်ရောက်။ဒို့နိုင်ငံမှာ အကြမ်းဖက်ပြီး ထွက်ပြေး သတင်းသမားအမည်ခံ ဘာအဖွဲ့ညာ အဖွဲ့အမည်ခံနေတာတွေကျတော့ မဖမ်းဘူး။ဘယ်လိုလုပ်ကြမလဲ သုတို့သံအမတ်တွေဖမ်းပြီး မြန်မာနိုင်ငံသား‌‌ပြည်ပအကြမ်းဖက်တွေကို လဲလှယ်ရမလို ဖြစ်နေပြိ။

Picture

Ko Moe

22/09/2022 10:43

ဒီလိုကိစ္စတွေက အတိအကျ မသိနိုင်ပဲ ရေးရခက်တဲ့ ကိစ္စတွေဖြစ်နေပါတယ်

Picture

Ko Moe

22/09/2022 10:44

ဘီဘီစီထက်ဆိုးနေတယ်နော် တချိူ့အရေးအသားတွေက

Related news

© 2021. All rights reserved.