မြန်မာစစ်သားတွေကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့သင်တန်းတွေမှာ ပါဝင်ခွင့်ပေးနေခြင်းကိုရပ်တန့်ဖို့ ဂျပန်အစိုးရ ဆုံးဖြတ်

 957

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်မှုများနဲ့ပတ်သက်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြန်မာစစ်သားတွေကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့သင်တန်းတွေမှာ သင်တန်းသားအဖြစ် ပါဝင်ခြင်းကိုရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြန်မာစစ်ဘက်အရာရှိများကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်တဲ့သင်တန်းများပါဝင်ခွင့်ပေးခဲ့သေးတယ်လို့သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ဇူလိုင်လမှာ နစက က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အမတ်များက မြန်မာစစ်သားများကို လက်ခံပေးနေခြင်းကိုရပ်တန့်ဖို့ အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အေအိုကီ တာကီရှီက ဂျပန်ကာကွယ်ရေးဝန်ကြီးဟာ လာမယ့်နှစ် ဧပြီလမှာစတင်မယ့် ၂ဝ၂၃ ခုနှစ် ဘဏ္ဍာနှစ်မှာ မြန်မာစစ်သားတွေကို သင်တန်းသားအဖြစ်လက်ခံခြင်းကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးတက္ကသိုလ်မှာ လေ့ကျင့်သင်ကြားခဲ့ဖူးတဲ့ မြန်မာစစ်သား ၁၁ ဦး ရှိခဲ့ပြီး သင်တန်းပြီးဆုံးအောင် တက်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်မှုနဲ့ပတ်သက်ပြီး ဂျပန်အစိုးရ စိုးရိမ်မှုများရှိနေချိန်မှာ နစကရဲ့လစ်လျူရှုခဲ့မှုတွေကို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
ျမန္မာစစ္သားေတြကို ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕သင္တန္းေတြမွာ ပါဝင္ခြင့္ေပးေနျခင္းကိုရပ္တန႔္ဖို႔ ဂ်ပန္အစိုးရ ဆုံးျဖတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူ ေလးဦးကို ကြပ္မ်က္မႈမ်ားနဲ႔ပတ္သက္ၿပီး ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနဟာ ျမန္မာစစ္သားေတြကို ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ဖြင့္လွစ္တဲ့သင္တန္းေတြမွာ သင္တန္းသားအျဖစ္ ပါဝင္ျခင္းကိုရပ္တန႔္ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း ဂ်ပန္အေျခစိုက္ NHK သတင္းဌာနက ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနဟာ ျမန္မာစစ္ဘက္အရာရွိမ်ားကို ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ျပဳလုပ္တဲ့သင္တန္းမ်ားပါဝင္ခြင့္ေပးခဲ့ေသးတယ္လို႔သိရပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ဇူလိုင္လမွာ နစက က ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူမ်ားကို ကြပ္မ်က္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ျမန္မာဒီမိုကေရစီအေရးလႈပ္ရွားမႈေတြကို ေထာက္ခံတဲ့ ဂ်ပန္လႊတ္ေတာ္အမတ္မ်ားက ျမန္မာစစ္သားမ်ားကို လက္ခံေပးေနျခင္းကိုရပ္တန႔္ဖို႔ အစိုးရကို တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ေအအိုကီ တာကီရွီက ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဟာ လာမယ့္ႏွစ္ ဧၿပီလမွာစတင္မယ့္ ၂ဝ၂၃ ခုႏွစ္ ဘ႑ာႏွစ္မွာ ျမန္မာစစ္သားေတြကို သင္တန္းသားအျဖစ္လက္ခံျခင္းကို ရပ္တန႔္လိုက္ၿပီျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

ဂ်ပန္ကာကြယ္ေရးတကၠသိုလ္မွာ ေလ့က်င့္သင္ၾကားခဲ့ဖူးတဲ့ ျမန္မာစစ္သား ၁၁ ဦး ရွိခဲ့ၿပီး သင္တန္းၿပီးဆုံးေအာင္ တက္ခြင့္ျပဳခဲ့တယ္လို႔ သိရပါတယ္။ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ဒီမိုကေရစီတက္ႂကြလႈပ္ရွားသူမ်ားကို ကြပ္မ်က္မႈနဲ႔ပတ္သက္ၿပီး ဂ်ပန္အစိုးရ စိုးရိမ္မႈမ်ားရွိေနခ်ိန္မွာ နစကရဲ႕လစ္လ်ဴရႈခဲ့မႈေတြကို တုံ႔ျပန္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

Picture

win myint soe

22/09/2022 12:14

ဝမ်းနည်း စရာ မရှိပါ

Related news

© 2021. All rights reserved.