လမ်းဘေးတွင် ထောင်ထားသည့် လက်လုပ်မိုင်းအားနင်းမိပေါက်ကွဲခဲ့ခြင်းကြောင့် တန့်ဆည်မြို့နယ်နေအမျိုးသားတစ်ဦးသေဆုံး

 512

NP News - စက်တင်ဘာ ၂၂

လမ်းဘေးတွင် ထောင်ထားသည့် လက်လုပ်မိုင်းအားနင်းမိပေါက်ကွဲခဲ့ခြင်းကြောင့် တန့်ဆည်မြို့နယ်နေ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ၂ဝ ရက်၊ နံနက် ၁ဝ နာရီခွဲအချိန်တွင် မန္တလေး-ရွှေဘို ကားလမ်းဘေး၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သရက်ခါးကျေးရွာတွင် နေထိုင်သော ဦးထွန်းဟန်(၄၈)နှစ်သည် ရေရှင်းကုန်းကျေးရွာနေ ဦးကျော်ဇင်အောင် မောင်းနှင်သည့် 7P/4005 Hiace မော်တော်ယာဉ်ဖြင့် မန္တလေးမှတန့်ဆည်မြို့သို့ မန္တလေး-ရွှေဘိုကားလမ်းအတိုင်း မောင်းနှင်လာချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထိုသို့မောင်းနှင်လာချိန် ရွှေဘိုမြို့ (၇)ရပ်ကွက်ရှိ မြို့ဝင်မုခ်ဦးအနီးအရောက်တွင် ဦးထွန်းဟန်သည် လမ်းဘေးတွင် မော်တော်ယာဉ်ကို ခေတ္တရပ်၍ အပေါ့သွားစဉ် အကြမ်း ဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ပေါက်ကွဲမှုကြောင့် ဦးထွန်းဟန်တွင် နောက်ကျော၊ နံဘေးနှင့် တံတောင်တို့တွင် မိုင်းစထိမှန်ဒဏ်ရာ (၄)ချက်ရရှိခဲ့၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မော်တော်ယာဉ်တွင် နောက်ကြည့်မှန်၊ ဘေးလေကာမှန် (၃)ချပ်နှင့် ယာဉ်အောက်ပိုင်းကိုယ်ထည်တို့တွင် မိုင်းစထိမှန်မှုကြောင့် ကွဲအက်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
လမ္းေဘးတြင္ ေထာင္ထားသည့္ လက္လုပ္မိုင္းအားနင္းမိေပါက္ကြဲခဲ့ျခင္းေၾကာင့္ တန႔္ဆည္ၿမိဳ႕နယ္ေနအမ်ိဳးသားတစ္ဦးေသဆုံး
NP News - စက္တင္ဘာ ၂၂

လမ္းေဘးတြင္ ေထာင္ထားသည့္ လက္လုပ္မိုင္းအားနင္းမိေပါက္ကြဲခဲ့ျခင္းေၾကာင့္ တန႔္ဆည္ၿမိဳ႕နယ္ေန အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။း

ျဖစ္စဥ္မွာ စက္တင္ဘာလ၂ဝ ရက္၊ နံနက္ ၁ဝ နာရီခြဲအခ်ိန္တြင္ မႏၲေလး-ေ႐ႊဘို ကားလမ္းေဘး၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္၊ သရက္ခါးေက်း႐ြာတြင္ ေနထိုင္ေသာ ဦးထြန္းဟန္(၄၈)ႏွစ္သည္ ေရရွင္းကုန္းေက်း႐ြာေန ဦးေက်ာ္ဇင္ေအာင္ ေမာင္းႏွင္သည့္ 7P/4005 Hiace ေမာ္ေတာ္ယာဥ္ျဖင့္ မႏၲေလးမွတန႔္ဆည္ၿမိဳ႕သို႔ မႏၲေလး-ေ႐ႊဘိုကားလမ္းအတိုင္း ေမာင္းႏွင္လာခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

ထိုသို႔ေမာင္းႏွင္လာခ်ိန္ ေ႐ႊဘိုၿမိဳ႕ (၇)ရပ္ကြက္ရွိ ၿမိဳ႕ဝင္မုခ္ဦးအနီးအေရာက္တြင္ ဦးထြန္းဟန္သည္ လမ္းေဘးတြင္ ေမာ္ေတာ္ယာဥ္ကို ေခတၱရပ္၍ အေပါ့သြားစဥ္ အၾကမ္း ဖက္သမားမ်ား ေထာင္ထားသည့္ လက္လုပ္မိုင္းအား နင္းမိေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ေပါက္ကြဲမႈေၾကာင့္ ဦးထြန္းဟန္တြင္ ေနာက္ေက်ာ၊ နံေဘးႏွင့္ တံေတာင္တို႔တြင္ မိုင္းစထိမွန္ဒဏ္ရာ (၄)ခ်က္ရရွိခဲ့၍ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

ထို႔ျပင္ ေမာ္ေတာ္ယာဥ္တြင္ ေနာက္ၾကည့္မွန္၊ ေဘးေလကာမွန္ (၃)ခ်ပ္ႏွင့္ ယာဥ္ေအာက္ပိုင္းကိုယ္ထည္တို႔တြင္ မိုင္းစထိမွန္မႈေၾကာင့္ ကြဲအက္ပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.