မက္ကဆီကိုနိုင်ငံတွင် ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးတစ်ဦးသေဆုံး

 500

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၂

မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာ(၁၆)ရက်နေ့ နံနက် ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူအဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်သွားခဲ့ပြီးနောက် အဆောက်အအုံများ ပြိုကျခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျူအဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီး ၃ ရက်အကြာ စက်တင်ဘာ(၂၂)ရက်နေ့ နံနက်၁ နာရီတွင် ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီး နောက်ထပ်လူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဘူမိဗေဒစစ်တမ်းများ၏ပြောကြားချက်အရ စက်တင်ဘာ(၁၉)ရက်နေ့ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ(၂၂)ရက်နေ့တွင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ငလျင် ဗဟိုချက်သည် ပစိဖိတ်ကမ်းရိုးတန်းအနီး အနောက်ပိုင်း Michoacan ပြည်နယ်တွင် ရှိကြောင်းသိရသည်။

အဆိုငါငလျင်ဗဟိုချက်သည် Michoacan ပြည်နယ် Aguililla အနောက်တောင်ဘက် (၂၉) မိုင်အကွာ အနက်(၁၅)မိုင်ခန့်တွင် ရှိကြောင်းသိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှုသည် ပြည်နယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း Michoacan ပြည်နယ်အစိုးရကထုတ်ဖော်ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် Uruapan မြို့ရှိ အဆောက်အအုံတစ်ခုပျက်စီးခဲ့ပြီး Michoacan နှင့် Guerrero ကမ်းခြေသို့ဆက်သွယ်ပေးသော အဝေးပြေးလမ်းမကြီးပေါ်တွင် မြေပြိုမှုအချို့ရှိခဲ့ကြောင်း သိရသည်။ မက္ကဆီကိုမြို့တော်ဝန် Claudia Sheinbaum က အဆိုပါငလျင်လှုပ်ခတ်ချိန်တွင် အမျိုးသမီးတစ်ဦးသည် နေအိမ်လှေကားထစ်ပေါ်မှ ပြုတ်ကျခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း တွစ်တာပေါ်တွင်ဖော်ပြခဲ့ပြီး ငလျင်သတိပေးချက်ကြောင့် ဒေသခံများသည် လမ်းမများပေါ်တွင် စုပြုံနေခဲ့ကြကြောင်းသိရသည်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံတြင္ ျပင္းအား ၆ ဒသမ ၈ မဂၢနီက်ဴအဆင့္ရွိ ငလ်င္လႈပ္ခတ္မႈေၾကာင့္ အနည္းဆုံးတစ္ဦးေသဆုံး
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၂

မကၠဆီကိုႏိုင္ငံတြင္ စက္တင္ဘာ(၁၆)ရက္ေန႔ နံနက္ ျပင္းအား ၆ ဒသမ ၈ မဂၢနီက်ဴအဆင့္ရွိေသာ အင္အားျပင္းငလ်င္တစ္ခု လႈပ္သြားခဲ့ၿပီးေနာက္ အေဆာက္အအုံမ်ား ၿပိဳက်ခဲ့ၿပီး အနည္းဆုံး လူတစ္ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။

မကၠဆီကိုႏိုင္ငံ အေနာက္ပိုင္းႏွင့္ အလယ္ပိုင္းတြင္ ျပင္းအား ၇ ဒသမ ၆ မဂၢနီက်ဴအဆင့္ရွိေသာ ငလ်င္လႈပ္ခတ္ၿပီး ၃ ရက္အၾကာ စက္တင္ဘာ(၂၂)ရက္ေန႔ နံနက္၁ နာရီတြင္ ငလ်င္တစ္ခုထပ္မံလႈပ္ခတ္ခဲ့ၿပီး ေနာက္ထပ္လူ(၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံ ဘူမိေဗဒစစ္တမ္းမ်ား၏ေျပာၾကားခ်က္အရ စက္တင္ဘာ(၁၉)ရက္ေန႔ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ စက္တင္ဘာ(၂၂)ရက္ေန႔တြင္ ထပ္မံလႈပ္ခတ္ခဲ့ေၾကာင္း ငလ်င္ ဗဟိုခ်က္သည္ ပစိဖိတ္ကမ္း႐ိုးတန္းအနီး အေနာက္ပိုင္း Michoacan ျပည္နယ္တြင္ ရွိေၾကာင္းသိရသည္။

အဆိုငါငလ်င္ဗဟိုခ်က္သည္ Michoacan ျပည္နယ္ Aguililla အေနာက္ေတာင္ဘက္ (၂၉) မိုင္အကြာ အနက္(၁၅)မိုင္ခန႔္တြင္ ရွိေၾကာင္းသိရသည္။ အဆိုပါငလ်င္လႈပ္ခတ္မႈသည္ ျပည္နယ္တစ္ခုလုံးအေပၚ သက္ေရာက္မႈရွိခဲ့ေၾကာင္း Michoacan ျပည္နယ္အစိုးရကထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ငလ်င္လႈပ္ခတ္မႈေၾကာင့္ Uruapan ၿမိဳ႕ရွိ အေဆာက္အအုံတစ္ခုပ်က္စီးခဲ့ၿပီး Michoacan ႏွင့္ Guerrero ကမ္းေျခသို႔ဆက္သြယ္ေပးေသာ အေဝးေျပးလမ္းမႀကီးေပၚတြင္ ေျမၿပိဳမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။ မကၠဆီကိုၿမိဳ႕ေတာ္ဝန္ Claudia Sheinbaum က အဆိုပါငလ်င္လႈပ္ခတ္ခ်ိန္တြင္ အမ်ိဳးသမီးတစ္ဦးသည္ ေနအိမ္ေလွကားထစ္ေပၚမွ ျပဳတ္က်ခဲ့ၿပီးေနာက္ ေသဆုံးသြားခဲ့ေၾကာင္း တြစ္တာေပၚတြင္ေဖာ္ျပခဲ့ၿပီး ငလ်င္သတိေပးခ်က္ေၾကာင့္ ေဒသခံမ်ားသည္ လမ္းမမ်ားေပၚတြင္ စုၿပဳံေနခဲ့ၾကေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.