မြန်မာစစ်တပ် နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုဖြတ်တောက်ဖို့ ကုလသမဂ္ဂလူအခွင့်ရေးအထူးကိုယ်စားလှယ် တိုက်တွန်းတောင်းဆို

 899

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာပြည်သူများရဲ့ရှင်သန်နေထိုင်မှုဘဝတွေဟာ အခက်အခဲအကျပ်အတည်းမျိုးစုံရင်ဆိုင်ခဲ့ရကြောင်း မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများနဲ့ ဝင်ငွေမရရှိအောင် အစိုးရတွေနဲ့ကုမ္ပဏီများဟာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုများဖြတ်တောက်ကြဖို့ ကုလသမဂ္ဂရဲ့လူအခွင်အရေးအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ် က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တွန်အန်ဒရူးစ်ဟာ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီအရင်ခံစာတင်သွင်းရာ အခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တွန်အန်ဒရူးစ်ကနိုင်ငံအများစုဟာ မြန်မာ စစ်တပ်နဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့အဖွဲ့အစည်းများ၊ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ၊ စွမ်းအင်ကုမ္ပဏီများကို ပိတ်ဆို့မှုချမှတ်ထားပေမယ့် အဲဒီပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေဆဲဖြစ်ကြောင်း တွန်အန်ဒရူးစ့် က ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများက ပိတ်ဆို့မှုတွေချမှတ်ထားပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွဲရထားတဲ့ တရုတ်နဲ့
ရုရှားတို့ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တွန်အန်ဒရူးစ့် က "လက်ရှိအချိန်မှာ မြန်မာစစ်တပ်အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေ လက်ခံလုပ်ဆောင်နေတဲ့နိုင်ငံတွေရှိသလို မလုပ်ဆောင်တဲ့နိုင်ငံတွေလည်း ရှိနေတယ်။ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုချမှတ်တာကို လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်တာမျိုးတွေရှိနေတယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ဥရောပသမဂ္ဂနိုင်ငံများထံ အသစ်တင်ပို့မှုများကနေ အမေရိကန်ဒေါ်လာ ၁၉ သန်းရရှိခဲ့သလို အမေရိကန်၊ ကနေဒါ၊ ဆွတ်ဇာလန်၊ ဗြိတိန်နိုင်ငံတို့ထံလည်း တင်ပို့မှုများရှိနေဆဲဖြစ်ကြောင်း တွန်အန်ဒရူးစ့်က ပြောပါတယ်။ နိုင်ငံတကာကုမ္ပဏီအချို့ဟာ မြန်မာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအဆုံးသတ်ဖို့လုပ်ဆောင်နေပေမယ့် အချို့နိုင်ငံတကာ ကုမ္ပဏီတွေကတော့ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း တွန်အန်ဒရူးစ့်က ပြောပါတယ်။

Zawgyi Version;
ျမန္မာစစ္တပ္ နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကိုျဖတ္ေတာက္ဖို႔ ကုလသမဂၢလူအခြင့္ေရးအထူးကိုယ္စားလွယ္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၃

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာျပည္သူမ်ားရဲ႕ရွင္သန္ေနထိုင္မႈဘဝေတြဟာ အခက္အခဲအက်ပ္အတည္းမ်ိဳးစုံရင္ဆိုင္ခဲ့ရေၾကာင္း ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္းမ်ားနဲ႔ ဝင္ေငြမရရွိေအာင္ အစိုးရေတြနဲ႔ကုမၸဏီမ်ားဟာ စစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖတ္ေတာက္ၾကဖို႔ ကုလသမဂၢရဲ႕လူအခြင္အေရးအထူးကိုယ္စားလွယ္ တြန္အန္ဒ႐ူးစ္ က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

တြန္အန္ဒ႐ူးစ္ဟာ ကုလသမဂၢလူအခြင့္အေရးေကာင္စီမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အစီအရင္ခံစာတင္သြင္းရာ အခုလိုမ်ိဳးေျပာဆိုခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ တြန္အန္ဒ႐ူးစ္ကႏိုင္ငံအမ်ားစုဟာ ျမန္မာ စစ္တပ္နဲ႔ပတ္သက္တဲ့ လူပုဂၢိဳလ္တစ္ဦးခ်င္းစီ၊ စစ္တပ္နဲ႔ ဆက္ႏြယ္တဲ့အဖြဲ႕အစည္းမ်ား၊ ဘ႑ာေရးအင္စတီက်ဴးရွင္းမ်ား၊ စြမ္းအင္ကုမၸဏီမ်ားကို ပိတ္ဆို႔မႈခ်မွတ္ထားေပမယ့္ အဲဒီပိတ္ဆို႔မႈေတြ လုပ္ေဆာင္ဖို႔ပူးေပါင္းေဆာင္႐ြက္မႈေတြ လိုအပ္ေနဆဲျဖစ္ေၾကာင္း တြန္အန္ဒ႐ူးစ့္ က ေျပာပါတယ္။

ျမန္မာစစ္တပ္အေပၚ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံမ်ားက ပိတ္ဆို႔မႈေတြခ်မွတ္ထားေပမယ့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ဗီတိုအာဏာသုံးခြဲရထားတဲ့ တ႐ုတ္နဲ႔
႐ုရွားတို႔ဟာ ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

တြန္အန္ဒ႐ူးစ့္ က "လက္ရွိအခ်ိန္မွာ ျမန္မာစစ္တပ္အေပၚခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြ လက္ခံလုပ္ေဆာင္ေနတဲ့ႏိုင္ငံေတြရွိသလို မလုပ္ေဆာင္တဲ့ႏိုင္ငံေတြလည္း ရွိေနတယ္။ ျမန္မာစစ္တပ္အေပၚ ပိတ္ဆို႔မႈခ်မွတ္တာကို လိုက္နာလုပ္ေဆာင္ဖို႔ ပ်က္ကြက္တာမ်ိဳးေတြရွိေနတယ္" လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံဟာ ဥေရာပသမဂၢႏိုင္ငံမ်ားထံ အသစ္တင္ပို႔မႈမ်ားကေန အေမရိကန္ေဒၚလာ ၁၉ သန္းရရွိခဲ့သလို အေမရိကန္၊ ကေနဒါ၊ ဆြတ္ဇာလန္၊ ၿဗိတိန္ႏိုင္ငံတို႔ထံလည္း တင္ပို႔မႈမ်ားရွိေနဆဲျဖစ္ေၾကာင္း တြန္အန္ဒ႐ူးစ့္က ေျပာပါတယ္။ ႏိုင္ငံတကာကုမၸဏီအခ်ိဳ႕ဟာ ျမန္မာ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြအဆုံးသတ္ဖို႔လုပ္ေဆာင္ေနေပမယ့္ အခ်ိဳ႕ႏိုင္ငံတကာ ကုမၸဏီေတြကေတာ့ လိုက္နာေဆာင္႐ြက္ျခင္းမရွိေၾကာင္း တြန္အန္ဒ႐ူးစ့္က ေျပာပါတယ္။

Picture

MgThetlin

23/09/2022 12:34

ဒီလူကရူးနေတာပဲသူတို့ပိတ်ဆို့နေတာစစ်တပ်ကိုမထိပဲပည်သူတွေပဲထိနေတာသူတို့ဘယ်တော့များမှနားလည်မာလည်း

Picture

Ye Htun

23/09/2022 19:28

ငါတို့ပြည်သူတွေက..ဘယ်သူကျွေးတာစားနေရလို့လဲ..ကုလားသမဂ္ဂရေ.....

Related news

© 2021. All rights reserved.