မြန်မာနိုင်ငံရေးအခက်အခဲအကျပ်တည်းများကိုဖြေရှင်းနိုင်ဖို့ လက်တွေ့ကျတဲ့ချဉ်းကပ်မှုများ လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ ဆို

 724

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့အတွက် မြန်မာနိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ချဉ်းကပ်မှုမျိုးတွေနဲ့ ချဉ်းကပ်လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံဟာ မကြံစဖူးကြီးမားတဲ့စိန်ခေါ်မှုများကိုကျော်ဖြတ်နိုင်ဖို့ အာဆီယံအဖွဲ့ကြီးကို ဦးဆောင်လုပ်ကိုင်နေတယ်လို့လည်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က "အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ငြိမ်းချမ်းရေး၊စုစည်းညီညွှတ်ရေးနဲ့ သဟဇာတဖြစ်ရေးဆိုတဲ့အချက်က အဓိကအရေကြီးဆုံးဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်တွေ့ကျတဲ့ချဉ်းကပ်မှုမျိုးတွေ လုပ်ဆောင်နေတယ်" လို့ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင်ကူညီပေးဖို့ နဲ့ အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအတွင်း စုစည်းညီညွတ်စွာပြန်လည် ပါဝင်လာစေဖို့ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က ပြောပါတယ်။

ကမ္ဘာမှာ ပဋိပက္ခများနဲ့မတည်ငြိမ်မှုများဖြစ်နေချိန်မှာ အာဆီယံဒေသအတွင်းရှိ နိုင်ငံများဟာ ဒေသအတွင်း အဖွဲ့အစည်းများထဲ အတုယူစံပြထားရတဲ့အဖွဲ့အစည်းဖြစ်လာစေဖို့ အဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်စွာရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ ကမ္ဘာရေးရာအရှုပ်ထွေးများ၊ ဒေသအတွင်း ခြိမ်းခြောက်မှုများ စတဲ့အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေခဲ့ပြီး အဲဒီစိန်ခေါ်မှုများထဲမှာ မြန်မာနိုင်ငံရေးပဋိပက္ခများ၊ တောင်တရုတ်ပင်လယ်တင်းမာမှုမြင့်တက်မှုများအပြင် ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲသက်ရောက်မှုများလည်း ပါဝင်ခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆို ခွန်းဟာ မြန်မာနိုင်ငံကို နှစ်ကြိမ်တိုင်လာရောက်ခဲ့ဖူးပြီး နစကတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအချို့တာဝန်ရှိသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေးအတွက် နစကကို တိုက်တွန်းတောင်းဆိုတာမျိုးတွေရှိခဲ့ပါတယ်။

ပရက်ဆိုခွန်းက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြဿနာတွေက မြန်မာကိုယ်ပိုင်ကိစ္စများသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့ ပြင်ပလူများကို မှီခိုနေရခြင်းက အလွန်ခက်ခဲကြောင်း၊ ပြီးခဲ့တဲ့လများအတွင်း ကျင်းပခဲ့ဖူးတဲ့ ALPF 2022 အစည်းအဝေး ညစာစားပွဲမှာ ပြောကြားခဲ့ဖူးပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးအခက္ခဲအက်ပ္တည္းမ်ားကိုေျဖရွင္းႏိုင္ဖို႔ လက္ေတြ႕က်တဲ့ခ်ဥ္းကပ္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း အာဆီယံဥကၠ႒ ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၃

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ကေမာၻဒီးယားႏိုင္ငံဟာ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ယူထားတဲ့အတြက္ ျမန္မာႏိုင္ငံေရးအက်ပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ဖို႔အတြက္ လက္ေတြ႕က်တဲ့ခ်ဥ္းကပ္မႈမ်ိဳးေတြနဲ႔ ခ်ဥ္းကပ္လုပ္ေဆာင္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ယူထားတဲ့အတြက္ ကေမာၻဒီးယားႏိုင္ငံဟာ မႀကံစဖူးႀကီးမားတဲ့စိန္ေခၚမႈမ်ားကိုေက်ာ္ျဖတ္ႏိုင္ဖို႔ အာဆီယံအဖြဲ႕ႀကီးကို ဦးေဆာင္လုပ္ကိုင္ေနတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေျပာပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ က "အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ၿငိမ္းခ်မ္းေရး၊စုစည္းညီၫႊတ္ေရးနဲ႔ သဟဇာတျဖစ္ေရးဆိုတဲ့အခ်က္က အဓိကအေရႀကီးဆုံးျဖစ္ပါတယ္။ကေမာၻဒီးယားႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕အၾကမ္းဖက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ လက္ေတြ႕က်တဲ့ခ်ဥ္းကပ္မႈမ်ိဳးေတြ လုပ္ေဆာင္ေနတယ္" လို႔ေျပာပါတယ္။

ကေမာၻဒီးယားႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံကို ပုံမွန္အေျခအေနအတိုင္း ျပန္လည္ေရာက္ရွိေအာင္ကူညီေပးဖို႔ နဲ႔ အာဆီယံအဖြဲ႕ဝင္ ၁ဝ ႏိုင္ငံအတြင္း စုစည္းညီၫြတ္စြာျပန္လည္ ပါဝင္လာေစဖို႔ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေကာင္အထည္ေဖာ္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေပးေနေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ က ေျပာပါတယ္။

ကမာၻမွာ ပဋိပကၡမ်ားနဲ႔မတည္ၿငိမ္မႈမ်ားျဖစ္ေနခ်ိန္မွာ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားဟာ ေဒသအတြင္း အဖြဲ႕အစည္းမ်ားထဲ အတုယူစံျပထားရတဲ့အဖြဲ႕အစည္းျဖစ္လာေစဖို႔ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား စုစည္းညီၫြတ္စြာရပ္တည္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားကို ပိုမိုလုပ္ကိုင္ရမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေျပာပါတယ္။

ကေမာၻဒီးယားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္မွာ ကမာၻေရးရာအရႈပ္ေထြးမ်ား၊ ေဒသအတြင္း ၿခိမ္းေျခာက္မႈမ်ား စတဲ့အခက္အခဲမ်ား၊ စိန္ေခၚမႈမ်ား ရွိေနခဲ့ၿပီး အဲဒီစိန္ေခၚမႈမ်ားထဲမွာ ျမန္မာႏိုင္ငံေရးပဋိပကၡမ်ား၊ ေတာင္တ႐ုတ္ပင္လယ္တင္းမာမႈျမင့္တက္မႈမ်ားအျပင္ ယူကရိန္းနဲ႔ ႐ုရွားၾကားစစ္ပြဲသက္ေရာက္မႈမ်ားလည္း ပါဝင္ခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ေျပာပါတယ္။

အာဆီယံဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး ပရက္ဆို ခြန္းဟာ ျမန္မာႏိုင္ငံကို ႏွစ္ႀကိမ္တိုင္လာေရာက္ခဲ့ဖူးၿပီး နစကတာဝန္ရွိသူမ်ား၊ ႏိုင္ငံေရးပါတီအခ်ိဳ႕တာဝန္ရွိသူမ်ား၊ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕တာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ကာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေကာင္အထည္ေဖာ္ေရးအတြက္ နစကကို တိုက္တြန္းေတာင္းဆိုတာမ်ိဳးေတြရွိခဲ့ပါတယ္။

ပရက္ဆိုခြန္းက ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ျပႆနာေတြက ျမန္မာကိုယ္ပိုင္ကိစၥမ်ားသာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ျပင္ပလူမ်ားကို မွီခိုေနရျခင္းက အလြန္ခက္ခဲေၾကာင္း၊ ၿပီးခဲ့တဲ့လမ်ားအတြင္း က်င္းပခဲ့ဖူးတဲ့ ALPF 2022 အစည္းအေဝး ညစာစားပြဲမွာ ေျပာၾကားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.