ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းတွင် ရွှေ့ပြောင်းနေထိုင်သူ(၅၃) ဦးကို သေဆုံးလျက်တွေ့ရှိ

 452

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂၃

ဆီးရီးယားနိုင်ငံ အာဏာပိုင်များသည် စက်တင်ဘာ(၂၂) ရက်နေ့က ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် တာတပ်စ်မြို့ ရေပြင်တွင် ရွှေ့ပြောင်းသွားလာသူ (၅၃) ဦး၏အလောင်းများကိုတွေ့ရှိခဲ့ပြီး အနည်းဆုံးနောက်ထပ် (၈)ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

ဆီးရီးယားဆိပ်ကမ်းအကြီးအကဲ Samer Kbrasli က “လူ(၅၃)ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ (၈) ဦးကို တာတပ်စ်မှာရှိတဲ့ Al-Basel ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အသက်ရှင်ကျန်သူတွေရဲ့ ပြောကြားချက်အရ သူတို့ရဲ့လှေဟာ လွန်ခဲ့တဲ့ရက်တည်းက လက်ဘနွန်နိုင်ငံကနေ ထွက်ခွာလာခဲ့တာဖြစ်ပါ တယ်” ဟု ပြောဆိုထားသည်။

အဆိုပါလှေပေါ်တွင် လိုက်ပါလာသည့်ရွှေ့ပြောင်းနေထိုင်သူများသည် လူမျိုးပေါင်းစုံဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများ က ထပ်မံပြောကြားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် အာဝက်ကျွန်းတစ်ဝိုက်အပါအဝင် တာတပ်စ်မြို့နေရာအနှံ့အပြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြောင်း ဆီးရီးယားဆိပ်ကမ်း များအကြီးအကဲ Samer Kbrasli က ပြောကြားခဲ့သည်။

ဒေသခံငါးဖမ်းသမားများ၏ ကူညီပံ့ပိုးမှုဖြင့်လှေကိုပြန်လည်ဆယ်ယူနိုင်ရန် ကြိုးပမ်းနေပြီး လှေမှောက်ရသည့် အကြောင်းအရင်းအသေးစိတ်များကို ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးကြောင်းသိရသည်။

တာတပ်စ်မြို့သည် ဆီးရီးယားနိုင်ငံ အဓိကဆိပ်ကမ်းများ၏ တောင်ဘက်အကျဆုံးတွင် တည်ရှိပြီး လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ ထရီပိုလီ၏ မြောက်ဘက် (၅ဝ) ကီလိုမီတာအကွာတွင် တည်ရှိကြောင်းသိရသည်။ အသက်ရှင်ကျန်ရစ်သူများထံမှ စုဆောင်းရရှိသောအချက်အလက်များအရ အဆိုပါလှေသည် လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့ မြောက်ဘက်ရှိ Miniyeh ရွာမှ ထွက်ခွာလာခဲ့ကြောင်း ဆီးရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ရွှေ့ပြောင်းနေထိုင်သူဦးရေတိုးလာခဲ့ပြီး ကမ်းခြေများမှတစ်ဆင့် ခရီးသည် အပြည့်လိုက်ပါလာသောလှေများ ဥရောပသို့ရောက်ရှိရန်ကြိုးပမ်းမှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
လက်ဘနွန်နိုင်ငံမှ ထွက်ခွာလာသူအများအပြားသည် ဆီးရီးယားလူမျိုးများဖြစ်ပြီး စီးပွားရေးအကျပ်အတည်းများ ကြောင့် ရွှေ့ပြောင်းနေထိုင်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဆီးရီးယားႏိုင္ငံ ကမ္း႐ိုးတန္းတြင္ ေ႐ႊ႕ေျပာင္းေနထိုင္သူ(၅၃) ဦးကို ေသဆုံးလ်က္ေတြ႕ရွိ
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂၃

ဆီးရီးယားႏိုင္ငံ အာဏာပိုင္မ်ားသည္ စက္တင္ဘာ(၂၂) ရက္ေန႔က ဆိပ္ကမ္းၿမိဳ႕တစ္ခုျဖစ္သည့္ တာတပ္စ္ၿမိဳ႕ ေရျပင္တြင္ ေ႐ႊ႕ေျပာင္းသြားလာသူ (၅၃) ဦး၏အေလာင္းမ်ားကိုေတြ႕ရွိခဲ့ၿပီး အနည္းဆုံးေနာက္ထပ္ (၈)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း အစိုးရက ေျပာၾကားခဲ့သည္။

ဆီးရီးယားဆိပ္ကမ္းအႀကီးအကဲ Samer Kbrasli က “လူ(၅၃)ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ၿပီး အသက္ရွင္ က်န္ရစ္သူ (၈) ဦးကို တာတပ္စ္မွာရွိတဲ့ Al-Basel ေဆး႐ုံကို ေခၚေဆာင္သြားခဲ့ပါတယ္။ အသက္ရွင္က်န္သူေတြရဲ႕ ေျပာၾကားခ်က္အရ သူတို႔ရဲ႕ေလွဟာ လြန္ခဲ့တဲ့ရက္တည္းက လက္ဘႏြန္ႏိုင္ငံကေန ထြက္ခြာလာခဲ့တာျဖစ္ပါ တယ္” ဟု ေျပာဆိုထားသည္။

အဆိုပါေလွေပၚတြင္ လိုက္ပါလာသည့္ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားသည္ လူမ်ိဳးေပါင္းစုံျဖစ္ေၾကာင္း အသက္ရွင္ က်န္ရစ္သူမ်ား က ထပ္မံေျပာၾကားခဲ့သည္။ ကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ အာဝက္ကြၽန္းတစ္ဝိုက္အပါအဝင္ တာတပ္စ္ၿမိဳ႕ေနရာအႏွံ႔အျပားတြင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုလုပ္ေဆာင္ေနေၾကာင္း ဆီးရီးယားဆိပ္ကမ္း မ်ားအႀကီးအကဲ Samer Kbrasli က ေျပာၾကားခဲ့သည္။

ေဒသခံငါးဖမ္းသမားမ်ား၏ ကူညီပံ့ပိုးမႈျဖင့္ေလွကိုျပန္လည္ဆယ္ယူႏိုင္ရန္ ႀကိဳးပမ္းေနၿပီး ေလွေမွာက္ရသည့္ အေၾကာင္းအရင္းအေသးစိတ္မ်ားကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။

တာတပ္စ္ၿမိဳ႕သည္ ဆီးရီးယားႏိုင္ငံ အဓိကဆိပ္ကမ္းမ်ား၏ ေတာင္ဘက္အက်ဆုံးတြင္ တည္ရွိၿပီး လက္ဘႏြန္ႏိုင္ငံ ေျမာက္ပိုင္း ဆိပ္ကမ္းၿမိဳ႕ ထရီပိုလီ၏ ေျမာက္ဘက္ (၅ဝ) ကီလိုမီတာအကြာတြင္ တည္ရွိေၾကာင္းသိရသည္။ အသက္ရွင္က်န္ရစ္သူမ်ားထံမွ စုေဆာင္းရရွိေသာအခ်က္အလက္မ်ားအရ အဆိုပါေလွသည္ လက္ဘႏြန္ႏိုင္ငံ ထရီပိုလီၿမိဳ႕ ေျမာက္ဘက္ရွိ Miniyeh ႐ြာမွ ထြက္ခြာလာခဲ့ေၾကာင္း ဆီးရီးယားသယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။

လက္ဘႏြန္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က ေ႐ႊ႕ေျပာင္းေနထိုင္သူဦးေရတိုးလာခဲ့ၿပီး ကမ္းေျခမ်ားမွတစ္ဆင့္ ခရီးသည္ အျပည့္လိုက္ပါလာေသာေလွမ်ား ဥေရာပသို႔ေရာက္ရွိရန္ႀကိဳးပမ္းမႈမ်ား ပိုမိုမ်ားျပားလာခဲ့ေၾကာင္း သိရသည္။
လက္ဘႏြန္ႏိုင္ငံမွ ထြက္ခြာလာသူအမ်ားအျပားသည္ ဆီးရီးယားလူမ်ိဳးမ်ားျဖစ္ၿပီး စီးပြားေရးအက်ပ္အတည္းမ်ား ေၾကာင့္ ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ားကို ပိုမိုလုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.