ကမ္ဘောဒီးယားတွင်ဖြစ်ပွားခဲ့သည့် လှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေသော တရုတ်နိုင်ငံသား (၁ဝ)ဦးထက်မနည်းကို ရှာဖွေနေ

 369

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၄

ကမ္ဘောဒီးယားနိုင်ငံ ကမ်းရိုးတန်းမြို့ Sihanoukville ကမ်းလွန်ကျွန်းများအနီးတွင် လူပေါင်း(၄ဝ)ကျော်လိုက်ပါသည့် လှေတစ်စင်းနစ်မြုပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားကယ် ဆယ်ရေးအဖွဲ့များသည် စက်တင်ဘာလ(၂၄)ရက်တွင် ပျောက်ဆုံးနေသော တရုတ်နိုင်ငံသား (၁ဝ)ဦးထက်မနည်းကို လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

အဆိုပါလှေသည် ခရီးသွားများနှင့် လောင်းကစားသမားများကြား ရေပန်းစားသော Sihanoukville မြို့တွင် စက်တင်ဘာလ(၂၂)ရက်အစောပိုင်းက နစ်မြုပ်ခဲ့ခြင်းဖြစ် ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအာဏာပိုင်များသည် လှေနစ်မြှုပ်မှုနှင့်ပတ်သက်ပြီး အသက်ရှင်ကျန်ရစ်သူများကို မေးမြန်းခြင်းများပြုလုပ်နေသော်လည်း လှေနစ်မြုပ်ရသည့်အကြောင်းအရင်းကိုတော့ လက်ရှိအချိန်ထိ ရှင်း ရှင်းလင်းလင်းမသိရှိရသေးကြောင်း ပြောကြားခဲ့သည်။ ပြည်နယ်အစိုးရသည် ပျောက် ဆုံးနေသည့် တရုတ်နိုင်ငံသားများ၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားထားခြင်းမျိုးမရှိသေးကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများနှင့် စီးပွားရေးသမားများကြားတွင် ရေပန်းစားသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ ကိုဗစ်(၁၉) ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံသား အများအပြား လာရောက်လည်ပတ်ခြင်းများ နည်းပါးသွားခဲ့ကြောင်းသိရသည်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့် တရုတ်နိုင်ငံ Fujian ပြည်နယ်မှ အသက်(၂၇)နှစ်အရွယ် Chengui Sheng ၏ပြောကြားချက်အရ လှေပေါ်တွင် အမျိုးသမီး(၃)ဦးအပါအဝင် လူပေါင်း(၄၁)ဦးလိုက်ပါလာခဲ့ကြောင်း သိရသည်။

ဗီယက်နမ်အာဏာပိုင်များသည် ကမ္ဘောဒီးယားလှေနစ်မြှုပ်မှုနှင့်ဆက်စပ်သည့် ရုပ်အ လောင်းတစ်လောင်းကိုတွေ့ရှိခဲ့ပြီး အခြား(၉)ဦးကို ကယ်ဆယ်ထားခဲ့ကြောင်းသိရသည်။

zawgyi version
ကေမာၻဒီးယားတြင္ျဖစ္ပြားခဲ့သည့္ ေလွနစ္ျမဳပ္မႈမွ ေပ်ာက္ဆုံးေနေသာ တ႐ုတ္ႏိုင္ငံသား (၁ဝ)ဦးထက္မနည္းကို ရွာေဖြေန
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၄

ကေမာၻဒီးယားႏိုင္ငံ ကမ္း႐ိုးတန္းၿမိဳ႕ Sihanoukville ကမ္းလြန္ကြၽန္းမ်ားအနီးတြင္ လူေပါင္း(၄ဝ)ေက်ာ္လိုက္ပါသည့္ ေလွတစ္စင္းနစ္ျမဳပ္ခဲ့ၿပီးေနာက္ ကေမာၻဒီးယားကယ္ ဆယ္ေရးအဖြဲ႕မ်ားသည္ စက္တင္ဘာလ(၂၄)ရက္တြင္ ေပ်ာက္ဆုံးေနေသာ တ႐ုတ္ႏိုင္ငံသား အနည္းဆုံး(၁ဝ)ဦးကို လိုက္လံရွာေဖြေနဆဲျဖစ္ေၾကာင္း ျပည္နယ္အစိုးရက ေျပာၾကားခဲ့သည္။

အဆိုပါေလွသည္ ခရီးသြားမ်ားႏွင့္ ေလာင္းကစားသမားမ်ားၾကား ေရပန္းစားေသာ Sihanoukville ၿမိဳ႕တြင္ စက္တင္ဘာလ(၂၂)ရက္အေစာပိုင္းက နစ္ျမဳပ္ခဲ့ျခင္းျဖစ္ ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ ကေမာၻဒီးယားအာဏာပိုင္မ်ားသည္ ေလွနစ္ျမႇဳပ္မႈႏွင့္ပတ္သက္ၿပီး အသက္ရွင္က်န္ရစ္သူမ်ားကို ေမးျမန္းျခင္းမ်ားျပဳလုပ္ေနေသာ္လည္း ေလွနစ္ျမဳပ္ရသည့္အေၾကာင္းအရင္းကိုေတာ့ လက္ရွိအခ်ိန္ထိ ရွင္း ရွင္းလင္းလင္းမသိရွိရေသးေၾကာင္း ေျပာၾကားခဲ့သည္။ ျပည္နယ္အစိုးရသည္ ေပ်ာက္ ဆုံးေနသည့္ တ႐ုတ္ႏိုင္ငံသားမ်ား၏ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ျပန္ေျပာၾကားထားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

ကေမာၻဒီးယားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံမွ ခရီးသြားမ်ားႏွင့္ စီးပြားေရးသမားမ်ားၾကားတြင္ ေရပန္းစားေသာ္လည္း လြန္ခဲ့သည့္ ႏွစ္အနည္းငယ္အတြင္း တ႐ုတ္ႏိုင္ငံ၏ ကိုဗစ္(၁၉) ကန႔္သတ္ခ်က္မ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသား အမ်ားအျပား လာေရာက္လည္ပတ္ျခင္းမ်ား နည္းပါးသြားခဲ့ေၾကာင္းသိရသည္။ အသက္ရွင္က်န္ရစ္သူတစ္ဦးျဖစ္သည့္ တ႐ုတ္ႏိုင္ငံ Fujian ျပည္နယ္မွ အသက္(၂၇)ႏွစ္အ႐ြယ္ Chengui Sheng ၏ေျပာၾကားခ်က္အရ ေလွေပၚတြင္ အမ်ိဳးသမီး(၃)ဦးအပါအဝင္ လူေပါင္း(၄၁)ဦးလိုက္ပါလာခဲ့ေၾကာင္း သိရသည္။

ဗီယက္နမ္အာဏာပိုင္မ်ားသည္ ကေမာၻဒီးယားေလွနစ္ျမႇဳပ္မႈႏွင့္ဆက္စပ္သည့္ ႐ုပ္အ ေလာင္းတစ္ေလာင္းကိုေတြ႕ရွိခဲ့ၿပီး အျခား(၉)ဦးကို ကယ္ဆယ္ထားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.