ဘဏ်ဝန်ထမ်း၊ အိုင်တီပညာရှင် နဲ့ ဂျာနယ်လစ်တွေက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရဖွယ်ရှိနေဟု ရုရှားစစ်ဘက်ဆို

 615

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကန့်သတ်စစ်ပွဲပြင်ဆင်ရာမှာ ဘဏ်ဝန်ထမ်း၊ အိုင်တီနည်းပညာရှင်များ နဲ့ ဂျာနယ်လစ်များကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပေးဖွယ်ရှိနေကြောင်းသိရပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်သတ်စစ်ပွဲ ပြင်ဆင်မှုအဖြစ် အရန်တပ်ဖွဲ့ဝင်ပေါင်း (၃)သိန်းခေါ်ယူခဲ့ရာ အဲဒီအရန်တပ်ဖွဲ့ဝင်များကို ယူကရိန်းစစ်ပွဲအတွက် စစ်မှု ထမ်းခိုင်းဖွယ်ရှိနေကြောင်းသိရပါတယ်။ ရုရှားအစိုးရကတော့ အရန်စစ်သည် (၃)သိန်းခေါ်ယူမှုကို ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကန့်သတ်စစ်ပွဲပြင်ဆင်မှုအဖြစ် သတ်မှတ်ပြောဆိုထားပါတယ်။

ရုရှားသမ္မတပူတင်ဟာ အရန်တပ်ဖွဲ့ဝင်ပေါင်း (၃)သိန်းခေါ်ယူဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး အဲဒီအမိန့်ဥပဒေမူကြမ်းထဲမှာ အဓိက လုပ်ငန်းများမှာပါဝင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုပေးဖွယ်ရှိနေကြောင်းသိရပါတယ်။ ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက စစ်မှုထမ်းခြင်းကင်းလွတ်ခွင့်ကို အိုင်တီဝန်ထမ်းများ၊ ဆက်သွယ်ရေးဝန်ထမ်းများ၊ ဘဏ္ဍရေးလုပ်ငန်းဝန်ထမ်းများ၊ မှတ်ပုံတင်ထားတဲ့ မီဒီယာအသံလွှင်ဌာနနဲ့ ဂျာနယ်လစ်များ လျှောက်ထားနိုင်ကြောင်းဆိုပါတယ်။

ရုရှားသမ္မတပူတင်ဟာ အရန်တပ်ဖွဲ့ဝင်များခေါ်ယူမယ့်အမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားနိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲများဖြစ်ခဲ့သလို ရုရှားနိုင်ငံသားအချို့ ထွက်ပြေးတာမျိုးတွေရှိခဲ့တယ်လို့အနောက်အုပ်စုမီဒီယာတွေကဖော်ပြထားပါတယ်။ ရုရှားနိုင်ငံအတွင်းရှိ ကုမ္ပဏီအကြီးအကဲများဟာ စစ်မှုထမ်းခြင်းနဲ့ ကိုက်ညီမှုရှိသူ ဒါမှမဟုတ် ကင်းလွှတ်ခွင့်ရမယ့်သူများစာရင်းကို ရေးဆွဲပြီး ပေးပို့ရမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ ရုရှားသမ္မတပူတင်ဟာ အရန်တပ်ဖွဲ့ဝင်များ ခေါ်ယူလိုက်ခြင်းနဲ့ပတ် သက်ပြီး ရုရှားဟာ (၇)လနီးပါးကြာဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲကို ပိုမိုအရှိန်မြှင့်တိုက်ခိုက်လာမှာကို စိုးရိမ်နေကြောင်းသိရပါတယ်။

ရုရှား ဗဟိုဘဏ်ကတော့ ဘဏ်လုပ်ငန်းပညာရှင်များကို စစ်မှုထမ်းခြင်းမှ ဖယ်ချန်ထားမယ်ဆိုတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အမိန့်ကို ကြိုဆိုထားကြောင်းသိရပါတယ်။

zawgyi version
ဘဏ္ဝန္ထမ္း၊ အိုင္တီပညာရွင္ နဲ႔ ဂ်ာနယ္လစ္ေတြက စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ရဖြယ္ရွိေနဟု ႐ုရွားစစ္ဘက္ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

႐ုရွားအစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ကန႔္သတ္စစ္ပြဲျပင္ဆင္ရာမွာ ဘဏ္ဝန္ထမ္း၊ အိုင္တီနည္းပညာရွင္မ်ား နဲ႔ ဂ်ာနယ္လစ္မ်ားကို စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ေပးဖြယ္ရွိေနေၾကာင္းသိရပါတယ္။

႐ုရွားသမၼတပူတင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ကန႔္သတ္စစ္ပြဲ ျပင္ဆင္မႈအျဖစ္ အရန္တပ္ဖြဲ႕ဝင္ေပါင္း (၃)သိန္းေခၚယူခဲ့ရာ အဲဒီအရန္တပ္ဖြဲ႕ဝင္မ်ားကို ယူကရိန္းစစ္ပြဲအတြက္ စစ္မႈ ထမ္းခိုင္းဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ႐ုရွားအစိုးရကေတာ့ အရန္စစ္သည္ (၃)သိန္းေခၚယူမႈကို ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ကန႔္သတ္စစ္ပြဲျပင္ဆင္မႈအျဖစ္ သတ္မွတ္ေျပာဆိုထားပါတယ္။

႐ုရွားသမၼတပူတင္ဟာ အရန္တပ္ဖြဲ႕ဝင္ေပါင္း (၃)သိန္းေခၚယူဖို႔ အမိန႔္ထုတ္ျပန္ခဲ့ၿပီး အဲဒီအမိန႔္ဥပေဒမူၾကမ္းထဲမွာ အဓိက လုပ္ငန္းမ်ားမွာပါဝင္လုပ္ကိုင္ေနတဲ့ ဝန္ထမ္းမ်ားကို စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳေပးဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ႐ုရွားကာ ကြယ္ေရးဝန္ႀကီးဌာနက စစ္မႈထမ္းျခင္းကင္းလြတ္ခြင့္ကို အိုင္တီဝန္ထမ္းမ်ား၊ ဆက္သြယ္ေရးဝန္ထမ္းမ်ား၊ ဘ႑ေရးလုပ္ငန္းဝန္ထမ္းမ်ား၊ မွတ္ပုံတင္ထားတဲ့ မီဒီယာအသံလႊင္ဌာနနဲ႔ ဂ်ာနယ္လစ္မ်ား ေလွ်ာက္ထားႏိုင္ေၾကာင္းဆိုပါတယ္။

႐ုရွားသမၼတပူတင္ဟာ အရန္တပ္ဖြဲ႕ဝင္မ်ားေခၚယူမယ့္အမိန႔္ကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံတဝွမ္းမွာ ဆႏၵျပပြဲမ်ားျဖစ္ခဲ့သလို ႐ုရွားႏိုင္ငံသားအခ်ိဳ႕ ထြက္ေျပးတာမ်ိဳးေတြရွိခဲ့တယ္လို႔အေနာက္အုပ္စုမီဒီယာေတြကေဖာ္ျပထားပါတယ္။ ႐ုရွားႏိုင္ငံအတြင္းရွိ ကုမၸဏီအႀကီးအကဲမ်ားဟာ စစ္မႈထမ္းျခင္းနဲ႔ ကိုက္ညီမႈရွိသူ ဒါမွမဟုတ္ ကင္းလႊတ္ခြင့္ရမယ့္သူမ်ားစာရင္းကို ေရးဆြဲၿပီး ေပးပို႔ရမွာျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကဆိုပါတယ္။ ႐ုရွားသမၼတပူတင္ဟာ အရန္တပ္ဖြဲ႕ဝင္မ်ား ေခၚယူလိုက္ျခင္းနဲ႔ပတ္ သက္ၿပီး ႐ုရွားဟာ (၇)လနီးပါးၾကာျဖစ္ေနတဲ့ ယူကရိန္းစစ္ပြဲကို ပိုမိုအရွိန္ျမႇင့္တိုက္ခိုက္လာမွာကို စိုးရိမ္ေနေၾကာင္းသိရပါတယ္။

႐ုရွား ဗဟိုဘဏ္ကေတာ့ ဘဏ္လုပ္ငန္းပညာရွင္မ်ားကို စစ္မႈထမ္းျခင္းမွ ဖယ္ခ်န္ထားမယ္ဆိုတဲ့ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕အမိန႔္ကို ႀကိဳဆိုထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.