ကနေဒါရောက် အိန္ဒိယနိုင်ငံသားတွေကို အထူးသတိထားကြဖို့ အိန္ဒိယအစိုးရသတိပေး

 848

ရောင်နီ (NP News) - စက်တင်ဘာ ၂၅

ကနေဒါမှာ “အမုန်းပွားစေသောရာဇဝတ်မှုများ၊ လူမျိုးရေးအကြမ်းဖက်မှုနဲ့ အိန္ဒိယ ဆန့်ကျင်ရေး လှုပ်ရှားမှုများ” လုပ်ဆောင်နေတာကြောင့် ကနေဒါရောက် ၎င်းရဲ့နိုင်ငံသားတွေအနေနဲ့ အထူးသတိထားကြဖို့ အိန္ဒိယအစိုးရက အကြံပြုပြောကြားလာခဲ့ပါတယ်။

သောကြာနေ့ (စက်တင်ဘာလ ၂၃ ရက်) က ထုတ်ပြန်တဲ့အကြံပေးချက်မှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကနေဒါရှိ အိန္ဒိယလူမျိုးများ “သတိရှိရှိနေကြရန်” တောင်းဆိုခဲ့ပြီး “ရာဇဝတ်မှုများ တိုးပွားလာခြင်းကြောင့် ကနေဒါ ရှိ အိန္ဒိယကျောင်းသားများနဲ့ ကနေဒါကို ခရီးသွားနေကြတဲ့ အိန္ဒိယနိုင်ငံသားတွေ အနေနဲ့ အထူးသတိထားရန် အကြံပြုကြောင်း ဆိုခဲ့ပါတယ်။

ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးဖို့အတွက် သင့်လျော်တဲ့ အရေးယူမှုပြုလုပ်ဖို့ နယူးဒေလီက ကနေဒါအာဏာပိုင် တွေကို တောင်းဆိုထားကြောင်း အကြံပေးအဖွဲ့က ပြောကြားပါတယ်။ ဝန်ကြီးဌာနဟာ စွပ်စွဲထားတဲ့ အမုန်းတရား ဆိုင်ရာ ရာဇဝတ်မှုများကို အသေးစိတ်မဖော်ပြခဲ့ပါဘူး။ အကြံပေးချက်မှာ နယူးဒေလီဟာ ကနေဒါရှိ ၎င်းရဲ့ နိုင်ငံသား အလုပ်သမားတွေနဲ့ ကျောင်းသားတွေကို အိုတာဝါရှိ အိန္ဒိယမစ်ရှင် (သို့မဟုတ်) တိုရွန်တိုနဲ့ ဗန်ကူးဗားရှိ ကောင်စစ်ဝန်ရုံးမှာ စာရင်းသွင်းထားဖို့ တိုက်တွန်းထားပါတယ်။

အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ သီးခြား ခါလစ်စတန်နိုင်ငံ တည်ထောင်ဖို့အတွက် ကနေဒါရှိ ဆစ်ခ်ဘာသာ ဝင်များအကြား “ဆန္ဒခံယူပွဲ”များကို ဂိုဏ်းခွဲတစ်ခုမှ စီစဉ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အိန္ဒိယမီဒီယာများက သောကြာနေ့မှာ ဖော်ပြခဲ့တယ်။ အဆိုပါ ခွဲထွက်ရေး လှုပ်ရှားမှုဟာ အိန္ဒိယမှာ ၁၉၈ဝ ပြည့်လွန်နှစ်များက အထွတ် အထိပ်သို့ရောက်ခဲ့ပြီး ယင်းနှစ်အောက်တိုဘာလက အိန္ဒိယဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီဟာ ၎င်းရဲ့ ဆစ်ခ်ကိုယ်ရံတော်နှစ်ဦးရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရခြင်းကြောင့် တစ်ပြည်လုံးမှာ ဆစ်ခ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ပါတယ်။

ကနေဒါမှာ ပြုလုပ်နေတဲ့ ဆန္ဒခံယူပွဲဟာ အစွန်းရောက်မူဝါဒကို လက်ခံကျင့်သုံးနေသူတို့ရဲ့ အစွန်းရောက်လုပ်ရပ် ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒန် ဘက်ချီ က ဆိုကာ ကန့်ကွက် ကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ကေနဒါေရာက္ အိႏၵိယႏိုင္ငံသားေတြကို အထူးသတိထားၾကဖို႔ အိႏၵိယအစိုးရသတိေပး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၅

ကေနဒါမွာ “အမုန္းပြားေစေသာရာဇဝတ္မႈမ်ား၊ လူမ်ိဳးေရးအၾကမ္းဖက္မႈနဲ႔ အိႏၵိယ ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ား” လုပ္ေဆာင္ေနတာေၾကာင့္ ကေနဒါေရာက္ ၎ရဲ႕ႏိုင္ငံသားေတြအေနနဲ႔ အထူးသတိထားၾကဖို႔ အိႏၵိယအစိုးရက အႀကံျပဳေျပာၾကားလာခဲ့ပါတယ္။

ေသာၾကာေန႔ (စက္တင္ဘာလ ၂၃ ရက္) က ထုတ္ျပန္တဲ့အႀကံေပးခ်က္မွာ အိႏၵိယ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ကေနဒါရွိ အိႏၵိယလူမ်ိဳးမ်ား “သတိရွိရွိေနၾကရန္” ေတာင္းဆိုခဲ့ၿပီး “ရာဇဝတ္မႈမ်ား တိုးပြားလာျခင္းေၾကာင့္ ကေနဒါ ရွိ အိႏၵိယေက်ာင္းသားမ်ားနဲ႔ ကေနဒါကို ခရီးသြားေနၾကတဲ့ အိႏၵိယႏိုင္ငံသားေတြ အေနနဲ႔ အထူးသတိထားရန္ အႀကံျပဳေၾကာင္း ဆိုခဲ့ပါတယ္။

ရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးဖို႔အတြက္ သင့္ေလ်ာ္တဲ့ အေရးယူမႈျပဳလုပ္ဖို႔ နယူးေဒလီက ကေနဒါအာဏာပိုင္ ေတြကို ေတာင္းဆိုထားေၾကာင္း အႀကံေပးအဖြဲ႕က ေျပာၾကားပါတယ္။ ဝန္ႀကီးဌာနဟာ စြပ္စြဲထားတဲ့ အမုန္းတရား ဆိုင္ရာ ရာဇဝတ္မႈမ်ားကို အေသးစိတ္မေဖာ္ျပခဲ့ပါဘူး။ အႀကံေပးခ်က္မွာ နယူးေဒလီဟာ ကေနဒါရွိ ၎ရဲ႕ ႏိုင္ငံသား အလုပ္သမားေတြနဲ႔ ေက်ာင္းသားေတြကို အိုတာဝါရွိ အိႏၵိယမစ္ရွင္ (သို႔မဟုတ္) တို႐ြန္တိုနဲ႔ ဗန္ကူးဗားရွိ ေကာင္စစ္ဝန္႐ုံးမွာ စာရင္းသြင္းထားဖို႔ တိုက္တြန္းထားပါတယ္။

အိႏၵိယေျမာက္ပိုင္း ပန္ဂ်ပ္ျပည္နယ္မွာ သီးျခား ခါလစ္စတန္ႏိုင္ငံ တည္ေထာင္ဖို႔အတြက္ ကေနဒါရွိ ဆစ္ခ္ဘာသာ ဝင္မ်ားအၾကား “ဆႏၵခံယူပြဲ”မ်ားကို ဂိုဏ္းခြဲတစ္ခုမွ စီစဥ္လုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔ အိႏၵိယမီဒီယာမ်ားက ေသာၾကာေန႔မွာ ေဖာ္ျပခဲ့တယ္။ အဆိုပါ ခြဲထြက္ေရး လႈပ္ရွားမႈဟာ အိႏၵိယမွာ ၁၉၈ဝ ျပည့္လြန္ႏွစ္မ်ားက အထြတ္ အထိပ္သို႔ေရာက္ခဲ့ၿပီး ယင္းႏွစ္ေအာက္တိုဘာလက အိႏၵိယဝန္ႀကီးခ်ဳပ္ေဟာင္း အင္ဒီရာဂႏၵီဟာ ၎ရဲ႕ ဆစ္ခ္ကိုယ္ရံေတာ္ႏွစ္ဦးရဲ႕လုပ္ႀကံသတ္ျဖတ္ျခင္းကိုခံခဲ့ရျခင္းေၾကာင့္ တစ္ျပည္လုံးမွာ ဆစ္ခ္ဆန႔္က်င္ေရး အဓိက႐ုဏ္းမ်ား ေပၚေပါက္ခဲ့ပါတယ္။

ကေနဒါမွာ ျပဳလုပ္ေနတဲ့ ဆႏၵခံယူပြဲဟာ အစြန္းေရာက္မူဝါဒကို လက္ခံက်င့္သုံးေနသူတို႔ရဲ႕ အစြန္းေရာက္လုပ္ရပ္ ျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ အာရင္ဒန္ ဘက္ခ်ီ က ဆိုကာ ကန႔္ကြက္ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.