လက်ဘနွန်နိုင်ငံမှာ လုံခြုံရေးအရ ဘဏ်များ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်

 656

ရောင်နီ (NP News) - စက်တင်ဘာ ၂၅

လက်ဘနွန်ရှိ ဘဏ်များမှာ ဘဏ်ခွဲများ ဖွင့်လှစ်ရန် အန္တရာယ်များလွန်းနေတာကြောင့် ဘဏ်ခွဲများကို ရက်အကန့် အသတ်မရှိ ပိတ်ထားမည်ဖြစ်တယ်လို့ ဘဏ်လုပ်ငန်းအသင်းမှ ပြောကြားခဲ့ပါတယ်။

သုံးရက်ကြာ ပိတ်ထားပြီးနောက် ကြာသပတေးနေ့ (စက်တင်ဘာလ ၂၂ ရက်) မှာ ဘဏ်များ ပြန်လည်ဖွင့်လှစ်ခြင်း မပြုမီ စက်တင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ ဘဏ်လုပ်ငန်းအသင်းက အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ ယင်းကြောင့် ဘဏ်တွေမှာ ငွေစုထားတဲ့အပ်နှံသူတွေအကြား ဂယက်ထသွားခဲ့ပါတယ်။

“ဒါဟာ ဘယ်အဓိပ္ပါယ်ကို ဆိုလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘဏ်တွေ ပိတ်ထားပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ၎င်းတို့ဝန်ဆောင်မှုတွေကို ထိန်းသိမ်းထားပါတယ်၊ ဥပမာအားဖြင့် ATM စက်များ မှာ ငွေထုတ်ယူနိုင်ပါသေးတယ်”လို့ မြေပြင်သတင်းထောက်တစ်ဦးက ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်က ဘေရွတ်မြို့ရှိ BLOM ဘဏ်ခွဲတစ်ခုမှာ အစ်မဖြစ်သူရဲ့ကင်ဆာရောဂါကို ကုသဖို့ အတွက်ဆိုကာ ဆာလီဟာ့ဖစ် အမည်ရှိ အမျိုးသမီးတစ်ဦးဟာ သေနတ်ကို ဝှေယမ်းပြီး ၎င်းရဲ့အကောင့်မှ ပိုက်ဆံများထုတ်ပေးဖို့ အတင်းအကြပ် ဖိအားပေးခဲ့ပါတယ်။ ထိုနေ့မှာပဲ လက်ဘနွန်နိုင်ငံ အေလေးဒေသရှိ BankMed ဘဏ်ခွဲတစ်ခုမှာ အမျိုးသားတစ်ဦးက လက်နက်ကိုင်ကာ ၎င်းရဲ့စုဆောင်းငွေများ ပြန်လည်ရရှိရေး အတွက် ကြိုးပမ်းခဲ့ပါတယ်။ သို့ပေမယ့် ၎င်းဟာ အာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပါတယ်။ အခုအချိန် လက်ဘနွန်မှာ လူတော်တော်များများ အလုပ်အကိုင်ရှားပါးနေတဲ့အကြား ဘဏ်တွေမှာ ဒီလိုထိန်းချုပ်မှု တွေ ချမှတ်ခဲ့တဲ့အတွက် လူထုရဲ့ဒေါသတွေ ဆူပွက်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
လက္ဘႏြန္ႏိုင္ငံမွာ လုံၿခဳံေရးအရ ဘဏ္မ်ား ရက္အကန႔္အသတ္မရွိ ပိတ္ထားမည္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၅

လက္ဘႏြန္ရွိ ဘဏ္မ်ားမွာ ဘဏ္ခြဲမ်ား ဖြင့္လွစ္ရန္ အႏၲရာယ္မ်ားလြန္းေနတာေၾကာင့္ ဘဏ္ခြဲမ်ားကို ရက္အကန႔္ အသတ္မရွိ ပိတ္ထားမည္ျဖစ္တယ္လို႔ ဘဏ္လုပ္ငန္းအသင္းမွ ေျပာၾကားခဲ့ပါတယ္။

သုံးရက္ၾကာ ပိတ္ထားၿပီးေနာက္ ၾကာသပေတးေန႔ (စက္တင္ဘာလ ၂၂ ရက္) မွာ ဘဏ္မ်ား ျပန္လည္ဖြင့္လွစ္ျခင္း မျပဳမီ စက္တင္ဘာလ ၂၂ ရက္၊ ဗုဒၶဟူးေန႔ညေနပိုင္းမွာ ဘဏ္လုပ္ငန္းအသင္းက အဆိုပါေၾကညာခ်က္ကို ထုတ္ျပန္ခဲ့တာပါ။ ယင္းေၾကာင့္ ဘဏ္ေတြမွာ ေငြစုထားတဲ့အပ္ႏွံသူေတြအၾကား ဂယက္ထသြားခဲ့ပါတယ္။

“ဒါဟာ ဘယ္အဓိပၸါယ္ကို ဆိုလိုတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဘဏ္ေတြ ပိတ္ထားေပမယ့္ အတိုင္းအတာတစ္ခု အထိေတာ့ ၎တို႔ဝန္ေဆာင္မႈေတြကို ထိန္းသိမ္းထားပါတယ္၊ ဥပမာအားျဖင့္ ATM စက္မ်ား မွာ ေငြထုတ္ယူႏိုင္ပါေသးတယ္”လို႔ ေျမျပင္သတင္းေထာက္တစ္ဦးက ဆိုပါတယ္။

စက္တင္ဘာလ ၁၄ ရက္က ေဘ႐ြတ္ၿမိဳ႕ရွိ BLOM ဘဏ္ခြဲတစ္ခုမွာ အစ္မျဖစ္သူရဲ႕ကင္ဆာေရာဂါကို ကုသဖို႔ အတြက္ဆိုကာ ဆာလီဟာ့ဖစ္ အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ ေသနတ္ကို ေဝွယမ္းၿပီး ၎ရဲ႕အေကာင့္မွ ပိုက္ဆံမ်ားထုတ္ေပးဖို႔ အတင္းအၾကပ္ ဖိအားေပးခဲ့ပါတယ္။ ထိုေန႔မွာပဲ လက္ဘႏြန္ႏိုင္ငံ ေအေလးေဒသရွိ BankMed ဘဏ္ခြဲတစ္ခုမွာ အမ်ိဳးသားတစ္ဦးက လက္နက္ကိုင္ကာ ၎ရဲ႕စုေဆာင္းေငြမ်ား ျပန္လည္ရရွိေရး အတြက္ ႀကိဳးပမ္းခဲ့ပါတယ္။ သို႔ေပမယ့္ ၎ဟာ အာဏာပိုင္ေတြရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံလိုက္ရပါတယ္။ အခုအခ်ိန္ လက္ဘႏြန္မွာ လူေတာ္ေတာ္မ်ားမ်ား အလုပ္အကိုင္ရွားပါးေနတဲ့အၾကား ဘဏ္ေတြမွာ ဒီလိုထိန္းခ်ဳပ္မႈ ေတြ ခ်မွတ္ခဲ့တဲ့အတြက္ လူထုရဲ႕ေဒါသေတြ ဆူပြက္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.