စစ်မှုထမ်းခြင်းမှ တက္ကသိုလ်ကျောင်းသားများ၊ သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းသားများကို ကင်းလွတ်ခွင့်ပေးမယ်လို့ ရုရှားသမ္မတပူတင် ဆို

 632

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အရန်တပ်ဖွဲ့ဝင်များခေါ်ယူပြီး စစ်မှုထမ်းခြင်းမှ တက္ကသိုလ်ကျောင်းသားများ၊ သက်မွေးဝမ်းကျောင်း ပညာသင်ကောလိပ်ကျောင်းသားများကို ကင်းလွတ်ခွင့်ပေးသွားဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ရုရှားသမ္မတဟာ ပြီးခဲ့တဲ့ ၂၁ ရက်နေ့က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကန့်သတ်စစ်ဆင်မှုများအတွက် စစ်မှုထမ်းဖို့ အရန်တပ်ဖွဲ့ဝင်ပေါင်း ၃ သိန်းခေါ်ယူခဲ့ပြီးနောက် ၃ ရက်အကြာမှာ ကျောင်းသားများကို စစ်မှုထမ်းခြင်းကင်းလွတ်ခွင့်ပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုရှားရာဇဝတ်ကျင့်ထုံးများ ပြင်ဆင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေတစ်ရပ် ထပ်မံထုတ်ပြန်ခဲ့ပြီး အဲဒီဥပဒေထဲမှာ စစ်ပွဲအတွင်း ရန်သူထံလက်နက်ချ အညံ့ခံ့ခံသူများကို မိခင်နိုင်ငံထံ ပြန်ရောက်ချိန်မှာ ထောင်ဒဏ် ၁ဝ နှစ်အထိ ပြစ်ဒဏ်ပေးသွားမယ့်အချက် ပါဝင်နေတယ်လို့ သိရပါတယ်။

ရန်သူထံလက်နက်ချ အညံ့ခံပြီးနောက် ပြန်ထွက်ပြေးလာသူများ၊ တပ်ဖွဲ့နဲ့ ပြန်ပူးပေါင်းသူများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်မှာဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့များမှာ ပါဝင်ဖို့ ငြင်းဆန်သူများကိုလည်း ထောင်ဒဏ် ၁ဝ နှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင် နောက်ဆုံးထုတ်ပြန်တဲ့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ လက်ရှိအချိန်မှာ လူပေါင်း ၃ သိန်းကို စစ်မှုထမ်းခေါ်ဆောင်ဖို့ရည်ရွယ်ထားပြီး တိုက်ခိုက်ရေးအတွေ့အကြုံရှိသူများအပြင် ယူကရိန်းစစ်ပွဲမှာပြုလုပ်နေတဲ့ အထူးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့လိုအပ်တဲ့အရာများကို လုပ်ဆောင်နိုင်ဖို့ အံဝင်သူများကို အဓိကဦးစားပေးခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းနဲ့ရုရှားကြား ၇ လကျော်ကြာ စစ်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယူကရိန်းတပ်ဖွဲ့များဟာ မကြာသေးမီက ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းသိမ်းပိုက်ထားတဲ့နယ်မြေများထဲမှ အချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားတပ်ဖွဲ့များ ပြန်ဆုတ်ခွာမှုများရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စစ္မႈထမ္းျခင္းမွ တကၠသိုလ္ေက်ာင္းသားမ်ား၊ သက္ေမြးဝမ္းေက်ာင္းပညာသင္ေက်ာင္းသားမ်ားကို ကင္းလြတ္ခြင့္ေပးမယ္လို႔ ႐ုရွားသမၼတပူတင္ ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

႐ုရွားသမၼတပူတင္ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အရန္တပ္ဖြဲ႕ဝင္မ်ားေခၚယူၿပီး စစ္မႈထမ္းျခင္းမွ တကၠသိုလ္ေက်ာင္းသားမ်ား၊ သက္ေမြးဝမ္းေက်ာင္း ပညာသင္ေကာလိပ္ေက်ာင္းသားမ်ားကို ကင္းလြတ္ခြင့္ေပးသြားဖို႔ အမိန႔္ထုတ္ျပန္လိုက္တယ္လို႔ သိရပါတယ္။

႐ုရွားသမၼတဟာ ၿပီးခဲ့တဲ့ ၂၁ ရက္ေန႔က ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ကန႔္သတ္စစ္ဆင္မႈမ်ားအတြက္ စစ္မႈထမ္းဖို႔ အရန္တပ္ဖြဲ႕ဝင္ေပါင္း ၃ သိန္းေခၚယူခဲ့ၿပီးေနာက္ ၃ ရက္အၾကာမွာ ေက်ာင္းသားမ်ားကို စစ္မႈထမ္းျခင္းကင္းလြတ္ခြင့္ေပးဖို႔ အမိန႔္ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ စက္တင္ဘာ ၂၄ ရက္ေန႔မွာ ႐ုရွားရာဇဝတ္က်င့္ထုံးမ်ား ျပင္ဆင္ေျပာင္းလဲမႈဆိုင္ရာ ဥပေဒတစ္ရပ္ ထပ္မံထုတ္ျပန္ခဲ့ၿပီး အဲဒီဥပေဒထဲမွာ စစ္ပြဲအတြင္း ရန္သူထံလက္နက္ခ် အညံ့ခံ့ခံသူမ်ားကို မိခင္ႏိုင္ငံထံ ျပန္ေရာက္ခ်ိန္မွာ ေထာင္ဒဏ္ ၁ဝ ႏွစ္အထိ ျပစ္ဒဏ္ေပးသြားမယ့္အခ်က္ ပါဝင္ေနတယ္လို႔ သိရပါတယ္။

ရန္သူထံလက္နက္ခ် အညံ့ခံၿပီးေနာက္ ျပန္ထြက္ေျပးလာသူမ်ား၊ တပ္ဖြဲ႕နဲ႔ ျပန္ပူးေပါင္းသူမ်ားကို ျပစ္ဒဏ္ေပးျခင္းမွ ကင္းလြတ္မွာျဖစ္ေၾကာင္း သတ္မွတ္ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားမွာ ပါဝင္ဖို႔ ျငင္းဆန္သူမ်ားကိုလည္း ေထာင္ဒဏ္ ၁ဝ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္သြားမွာျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ ေနာက္ဆုံးထုတ္ျပန္တဲ့ ဥပေဒထဲမွာ ေဖာ္ျပထားပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနဟာ လက္ရွိအခ်ိန္မွာ လူေပါင္း ၃ သိန္းကို စစ္မႈထမ္းေခၚေဆာင္ဖို႔ရည္႐ြယ္ထားၿပီး တိုက္ခိုက္ေရးအေတြ႕အႀကဳံရွိသူမ်ားအျပင္ ယူကရိန္းစစ္ပြဲမွာျပဳလုပ္ေနတဲ့ အထူးစစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ဖို႔လိုအပ္တဲ့အရာမ်ားကို လုပ္ေဆာင္ႏိုင္ဖို႔ အံဝင္သူမ်ားကို အဓိကဦးစားေပးေခၚယူသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းနဲ႔႐ုရွားၾကား ၇ လေက်ာ္ၾကာ စစ္ပြဲျဖစ္ပြားေနဆဲျဖစ္ၿပီး တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနပါတယ္။ ယူကရိန္းတပ္ဖြဲ႕မ်ားဟာ မၾကာေသးမီက ႐ုရွားသိမ္းပိုက္ထားတဲ့ ယူကရိန္းသိမ္းပိုက္ထားတဲ့နယ္ေျမမ်ားထဲမွ အခ်ိဳ႕ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ႐ုရွားတပ္ဖြဲ႕မ်ား ျပန္ဆုတ္ခြာမႈမ်ားရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.