ပြည်သူ(၂)ဦး သတ်ဖြတ်ခံရမှု နတ်မောက် နှင့် ဝက်လက်မြို့နယ်တို့တွင် ဖြစ်ပွား

 777

NP News - စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ နယ်တို့တွင် ပြည်သူ(၂)ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်များသည် စက်တင်ဘာလ ၂၃ ရက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံခဲရသူနှစ်ဦးလုံးသည် အခင်ဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီ ၂ဝ မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာနေ ဦးမင်းထွန်း(၄၃)နှစ်သည် ရွှေဘိုမြို့သို့သွားရန်အတွက် ဝက်လက်-ရွှေဘိုမူးဘောင်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာခဲ့ခြင်းဖြစ်ပြီး ကော်တုံကျေးရွာထိပ်အရောက်တွင် အကြမ်းဖက်သမား (၂ဝ) ဦးခန့်က ဦးမင်းထွန်းအား “ဒလန်”ဟုစွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဦးမင်းထွန်း(၄၃)နှစ်အား လက်ပြန်ကြိုးတုပ်ပြီးနောက် ညှင်းပန်းနှိပ်စက်ကာ လည်ပင်းအား ဓားဖြင့်လှီးဖြတ်သတ်ဖြတ်၍ ၎င်းတွင်ပါလာသည့် ငွေကျပ် ၃ သိန်းကျပ်နှင့် ဆိုင်ကယ်တို့အား လုယက်ယူဆောင်သွားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှောင်ချောင်းလေးကျေးရွာနေ ဦးဝင်းညွန့်(၅၈)နှစ်သည် ခြံဝင်းအတွင်းနေအိမ်အရှေ့၌ မြေပဲခြွေနေစဉ် အကြမ်းဖက်သမား (၄) ဦးက ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာပြီး ဦးဝင်းညွန့်အား အသင့်ပါလာသည့် ဓားဖြင့်ခုတ်ရာ ဦးဝင်းညွန့်တွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္သူ(၂)ဦး သတ္ျဖတ္ခံရမႈ နတ္ေမာက္ ႏွင့္ ဝက္လက္ၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြား
NP News - စက္တင္ဘာ ၂၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕ နယ္တို႔တြင္ ျပည္သူ(၂)ဦးအား အၾကမ္းဖက္သမားမ်ားက သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္မ်ားသည္ စက္တင္ဘာလ ၂၃ ရက္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး သတ္ျဖတ္ခံခဲရသူႏွစ္ဦးလုံးသည္ အခင္ျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၂၃ ရက္ နံနက္ ၁၁ နာရီ ၂ဝ မိနစ္ အခ်ိန္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္၊ သခြေတၱာေက်း႐ြာေန ဦးမင္းထြန္း(၄၃)ႏွစ္သည္ ေ႐ႊဘိုၿမိဳ႕သို႔သြားရန္အတြက္ ဝက္လက္-ေ႐ႊဘိုမူးေဘာင္လမ္းအတိုင္း ဆိုင္ကယ္ျဖင့္ တစ္ဦးတည္းထြက္ခြာခဲ့ျခင္းျဖစ္ၿပီး ေကာ္တုံေက်း႐ြာထိပ္အေရာက္တြင္ အၾကမ္းဖက္သမား (၂ဝ) ဦးခန႔္က ဦးမင္းထြန္းအား “ဒလန္”ဟုစြပ္စြဲ၍ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ဦးမင္းထြန္း(၄၃)ႏွစ္အား လက္ျပန္ႀကိဳးတုပ္ၿပီးေနာက္ ညႇင္းပန္းႏွိပ္စက္ကာ လည္ပင္းအား ဓားျဖင့္လွီးျဖတ္သတ္ျဖတ္၍ ၎တြင္ပါလာသည့္ ေငြက်ပ္ ၃ သိန္းက်ပ္ႏွင့္ ဆိုင္ကယ္တို႔အား လုယက္ယူေဆာင္သြားေၾကာင္း သိရသည္။

အလားတူ စက္တင္ဘာလ ၂၃ ရက္၊ မြန္းလြဲ ၂ နာရီခြဲအခ်ိန္တြင္ မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၊ ေလွ်ာင္ေခ်ာင္းေလးေက်း႐ြာေန ဦးဝင္းၫြန႔္(၅၈)ႏွစ္သည္ ၿခံဝင္းအတြင္းေနအိမ္အေရွ႕၌ ေျမပဲေႁခြေနစဥ္ အၾကမ္းဖက္သမား (၄) ဦးက ဆိုင္ကယ္ (၃)စီးျဖင့္ ေရာက္ရွိလာၿပီး ဦးဝင္းၫြန႔္အား အသင့္ပါလာသည့္ ဓားျဖင့္ခုတ္ရာ ဦးဝင္းၫြန႔္တြင္ ဦးေခါင္းေနာက္ေစ့ျပတ္ရွဒဏ္ရာတစ္ခ်က္ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ စုံစမ္းေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Picture

Htun Aung Kyaw

25/09/2022 15:33

😢😢😢

Related news

© 2021. All rights reserved.