တပ်မတော်အတွက် ရုရှားနိုင်ငံထုတ် Su-30 တိုက်ခိုက်ရေးလေယာဉ်များ မကြာမီ ရောက်ရှိလာမည်ဟုဆို

 2351

မျိုးကြီး (NP News) - စက်တင်ဘာ ၂၅

မြန်မာ့တပ်မတော်အတွက် ရုရှားနိုင်ငံထုတ် Su-30 တိုက်ခိုက်ရေးလေယာဉ်များ မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သော ၂ဝ၁၈ ခုနှစ်အတွင်းက Su-30 တိုက်ခိုက်ရေးလေယာဉ်(၆)စင်း ဝယ်ယူရေးနှင့်ပတ်သက်၍ မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ရေးလေယာဉ်(၆)စင်းအနက် (၂)စင်းကို ပြီးခဲ့သော မတ်လအတွင်း မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုစက်တင်ဘာလ ပထမပတ်အတွင်းက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိသည့် Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်နေသည့်စက်ရုံကို သွားရောက်ခဲ့ကြောင်း သိရသည်။

“မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိတဲ့ Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်တပ်ဆင်နေမှုနဲ့ လေ့ကျင့်စမ်းသပ်နေမှုများကို လေ့လာကြည့်ရှုခဲ့ပါတယ်။ Su-30 လေယာဉ်ဟာ ခေတ်မီလေယာဉ်တစ်စင်းလည်းဖြစ်ပါတယ်။ ယင်းခေတ်မီလေယာဉ် ကို မြန်မာနိုင်ငံအနေနဲ့ လေ့ကျင့်သင်ကြားပြီးလည်းဖြစ်ပါတယ်။ မကြာမီအပြည့်အစုံ ရောက်ရှိလာမှာ ဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

တပ်မတော်အတွက် Su-30 တိုက်ခိုက်ရေးလေယာဉ်များကို ရုရှားနိုင်ငံရှိ၊ အီကုစ်ပြည် နယ်၊ အီကုစ်မြို့ရှိ လေယာဉ်ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်တပ်ဆင်နေခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ရနေပြီဖြစ်ကာ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဟုလည်း နစကအကြီးအကဲဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

zawgyi version
တပ္မေတာ္အတြက္ ႐ုရွားႏိုင္ငံထုတ္ Su-30 တိုက္ခိုက္ေရးေလယာဥ္မ်ား မၾကာမီ ေရာက္ရွိလာမည္ဟုဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၅

ျမန္မာ့တပ္မေတာ္အတြက္ ႐ုရွားႏိုင္ငံထုတ္ Su-30 တိုက္ခိုက္ေရးေလယာဥ္မ်ား မၾကာမီေရာက္ရွိလာမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့ေသာ ၂ဝ၁၈ ခုႏွစ္အတြင္းက Su-30 တိုက္ခိုက္ေရးေလယာဥ္(၆)စင္း ဝယ္ယူေရးႏွင့္ပတ္သက္၍ ျမန္မာႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား သေဘာတူလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္ေရးေလယာဥ္(၆)စင္းအနက္ (၂)စင္းကို ၿပီးခဲ့ေသာ မတ္လအတြင္း ျမန္မာႏိုင္ငံသို႔ ေပးပို႔ခဲ့ၿပီးျဖစ္ေၾကာင္း ႏိုင္ငံတကာသတင္းမ်ားအရ သိရသည္။

နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယခုစက္တင္ဘာလ ပထမပတ္အတြင္းက ႐ုရွားႏိုင္ငံသို႔ သြားေရာက္ခဲ့ေသာ ခရီးစဥ္အတြင္း ျမန္မာ့တပ္မေတာ္အတြက္ ထုတ္လုပ္လ်က္ရွိသည့္ Su-30 တိုက္ခိုက္ေရးေလယာဥ္မ်ား ထုတ္လုပ္ေနသည့္စက္႐ုံကို သြားေရာက္ခဲ့ေၾကာင္း သိရသည္။

“ျမန္မာ့တပ္မေတာ္အတြက္ ထုတ္လုပ္လ်က္ရွိတဲ့ Su-30 တိုက္ခိုက္ေရးေလယာဥ္မ်ား ထုတ္လုပ္တပ္ဆင္ေနမႈနဲ႔ ေလ့က်င့္စမ္းသပ္ေနမႈမ်ားကို ေလ့လာၾကည့္ရႈခဲ့ပါတယ္။ Su-30 ေလယာဥ္ဟာ ေခတ္မီေလယာဥ္တစ္စင္းလည္းျဖစ္ပါတယ္။ ယင္းေခတ္မီေလယာဥ္ ကို ျမန္မာႏိုင္ငံအေနနဲ႔ ေလ့က်င့္သင္ၾကားၿပီးလည္းျဖစ္ပါတယ္။ မၾကာမီအျပည့္အစုံ ေရာက္ရွိလာမွာ ျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားသည္။

တပ္မေတာ္အတြက္ Su-30 တိုက္ခိုက္ေရးေလယာဥ္မ်ားကို ႐ုရွားႏိုင္ငံရွိ၊ အီကုစ္ျပည္နယ္၊ အီကုစ္ၿမိဳ႕ရွိ ေလယာဥ္ထုတ္လုပ္ေရးစက္႐ုံမွ ထုတ္လုပ္တပ္ဆင္ေနျခင္းျဖစ္ ေၾကာင္း သိရသည္။

ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံအၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈသည္ အရွိန္အဟုန္ရေနၿပီျဖစ္ကာ ဆက္လက္တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ဟုလည္း နစကအႀကီးအကဲဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

Picture

Htun Aung Kyaw

26/09/2022 05:13

Congratulations, it was next step for Tatmadaw Air. 👏👏👏

Related news

© 2021. All rights reserved.