ဟန်လင်းမြို့ဟောင်းတွင် အေဒီ(၅)ရာစုဝန်းကျင်ခန့်က သဲကျောက်ဖြင့်ထုလုပ်ထားသော ဒွါရပါလရုပ်တုတူးဖော်တွေ့ရှိ

 1354

ယွန်း (NP News) - စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဟန်လင်းမြို့ဟောင်းတွင် အေဒီ(၅)ရာစုနှင့် (၆)ရာစုဝန်းကျင်ခန့်က သဲကျောက်ဖြင့်ထုလုပ်ထားသော နန်းတော်ဟောင်းအဝင် ဒွါရပါလ(အစောင့်ရုပ်တု) အား တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဟန်လင်းမြို့ဟောင်း၏ အလယ်တွင်ရှိသော နန်းတော်၏ဝင်ပေါက်နေရာအား ၂ဝ၁၅ ခုနှစ်တွင်တူးဖော်ခဲ့ပြီး အဆိုပါဝင်ပေါက်နှင့်အတူ ဝင်ပေါက်၏ ရှေ့တွင် မှောက်လျက်အနေအထားအက်ကြောင်းများဖြင့် ကျောက်တုံးကြီးကို တွေ့ရှိခဲ့ရကြောင်း ကမ္ဘာ့အမွေ အနှစ်ဌာနခွဲ၊ ဟန်လင်းဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေးထံမှ သိရသည်။

ရုပ်ထုတွေ့ရှိမှုနှင့်ပတ်သက်ပြီး ဦးထွန်းထွန်းအေးက “အဲ့အချိန်တုန်းကတော့ အရုပ်ကြီးဆိုတာတော့ မသိဘူးပေါ့။ ကျောက်ပြားကြီးပဲ။ အက်ကြောင်းတွေအများကြီးနဲ့ အပိုင်းအပိုင်းတွေဖြစ်နေတဲ့ ကျောက်တုံးကြီးကိုတွေ့တယ်”ဟု NP News ကိုပြောသည်။

၎င်းတို့အနေဖြင့် နန်းတော်ဝင်ပေါက်တူးဖော်ပြီးသည့် အချိန်တွင် အဆိုပါကျောက်တုံးကြီးအား အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးမလုပ်နိုင်ခြင်း၊ အစိပ်အစိပ်အမွှာအမွှာ အက်ကြောင်းများဖြစ်နေ၍ ထပ်မံပျက်စီးသွားမည်ကို စိုးရိမ်ခြင်းကြောင့် တွေ့ရှိသည့် နေရာမှာပင် အမိုးအကာဖြင့် ထားခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင်ထိန်းသိမ်းရန်အတွက် ကျောက်တုံးကြီးနှင့် ပေ(၅ဝ)အကွာတွင် အ လုပ်ရုံတစ်ခုအား ယာယီတည်ဆောက်ခဲ့ပြီး ရုပ်ထုကြီးအားပြန်ဆက်နိုင်မည့် သံ ဖရိန်တစ်ခုလုပ်၍ ကျောက်တုံးကြီး၏ အောက်ဆုံးအပိုင်းမှစ၍ အစိတ်အပိုင်းတစ်ခုနှင့်တစ်ခုအား အပေါက်ဖောက်၍ စတီးချောင်းဖြင့်စွပ်ကာ အချိန်(၄)လခန့်ယူ၍ လုပ်ခဲ့ရကြောင်း ဦးထွန်းထွန်းအေးမှဆိုသည်။

လက်ရှိတွင် အဆိုပါရုပ်ထုသည် ရုပ်လုံးပေါ်လာပြီဖြစ်၍ ရှေးဟောင်း နန်းတော်ဝင် ပေါက်များတွင် ထားလေ့ရှိသော ဒွါရပါလ(အစောင့်ရုပ်တု) ဖြစ်ကြောင်းသိရသည်။

“ဒွါရပါလလို့ ဘာလို့ခေါ်ရလဲဆိုတော့ ဒွါရပါလရုပ်တုမှာပါတဲ့ အင်္ဂါရပ်တွေပါလို့ပေါ့နော်။ အခြေခံသဘောတရားကတော့ ရုပ်တုရဲ့ပုံသဏ္ဍန်က ပုပုကွကွဖြစ်ရမယ်၊ တုတ်ခိုင်ရမယ်၊ ဗိုက်ရွှဲရမယ်၊ မျက်နှာကခက်ထန်ရမယ်၊ တင်းပုတ်ကို ညာဖက်ပခုံးပေါ်ကို ထမ်းထားရမယ် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့အတွက် ကျွန်တော်တို့က ဒွါရပါလရုပ်ထုလို့ သတ်မှတ်တာပေါ့နော်”ဟု ဦးထွန်းထွန်းအေးမှ ဆိုသည်။

အဆိုပါရုပ်တုသည် အိန္ဒိယနိုင်ငံ ဂုတ္တခေတ်လက်ရာများနှင့် ပုံသဏ္ဍန်တူပြီး အဆင် တန်ဆာများအနေဖြင့် မြန်မာမှုပြုထားခြင်းများကြောင့် ခန့်မှန်းကာလအားဖြင့် အေဒီ(၅)ရာစုနှင့် (၆)ရာစုဝန်းကျင်ခန့်က ဖြစ်နိုင်ကြောင်း ၎င်းမှဆက်လက်ပြော သည်။

zawgyi version
ဟန္လင္းၿမိဳ႕ေဟာင္းတြင္ ေအဒီ(၅)ရာစုဝန္းက်င္ခန႔္က သဲေက်ာက္ျဖင့္ထုလုပ္ထားေသာ ဒြါရပါလ႐ုပ္တုတူးေဖာ္ေတြ႕ရွိ
ယြန္း (NP News) - စက္တင္ဘာ ၂၇

စစ္ကိုင္းတိုင္း၊ ဟန္လင္းၿမိဳ႕ေဟာင္းတြင္ ေအဒီ(၅)ရာစုႏွင့္ (၆)ရာစုဝန္းက်င္ခန႔္က သဲေက်ာက္ျဖင့္ထုလုပ္ထားေသာ နန္းေတာ္ေဟာင္းအဝင္ ဒြါရပါလ(အေစာင့္႐ုပ္တု) အား တူးေဖာ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္း၊ ဟန္လင္းၿမိဳ႕ေဟာင္း၏ အလယ္တြင္ရွိေသာ နန္းေတာ္၏ဝင္ေပါက္ေနရာအား ၂ဝ၁၅ ခုႏွစ္တြင္တူးေဖာ္ခဲ့ၿပီး အဆိုပါဝင္ေပါက္ႏွင့္အတူ ဝင္ေပါက္၏ ေရွ႕တြင္ ေမွာက္လ်က္အေနအထားအက္ေၾကာင္းမ်ားျဖင့္ ေက်ာက္တုံးႀကီးကို ေတြ႕ရွိခဲ့ရေၾကာင္း ကမာၻ႔အေမြ အႏွစ္ဌာနခြဲ၊ ဟန္လင္းဌာနစုမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးထြန္းထြန္းေအးထံမွ သိရသည္။

႐ုပ္ထုေတြ႕ရွိမႈႏွင့္ပတ္သက္ၿပီး ဦးထြန္းထြန္းေအးက “အဲ့အခ်ိန္တုန္းကေတာ့ အ႐ုပ္ႀကီးဆိုတာေတာ့ မသိဘူးေပါ့။ ေက်ာက္ျပားႀကီးပဲ။ အက္ေၾကာင္းေတြအမ်ားႀကီးနဲ႔ အပိုင္းအပိုင္းေတြျဖစ္ေနတဲ့ ေက်ာက္တုံးႀကီးကိုေတြ႕တယ္”ဟု NP News ကိုေျပာသည္။

၎တို႔အေနျဖင့္ နန္းေတာ္ဝင္ေပါက္တူးေဖာ္ၿပီးသည့္ အခ်ိန္တြင္ အဆိုပါေက်ာက္တုံးႀကီးအား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းေရးမလုပ္ႏိုင္ျခင္း၊ အစိပ္အစိပ္အမႊာအမႊာ အက္ေၾကာင္းမ်ားျဖစ္ေန၍ ထပ္မံပ်က္စီးသြားမည္ကို စိုးရိမ္ျခင္းေၾကာင့္ ေတြ႕ရွိသည့္ ေနရာမွာပင္ အမိုးအကာျဖင့္ ထားခဲ့ေၾကာင္း သိရသည္။

ေနာက္ပိုင္းတြင္ထိန္းသိမ္းရန္အတြက္ ေက်ာက္တုံးႀကီးႏွင့္ ေပ(၅ဝ)အကြာတြင္ အ လုပ္႐ုံတစ္ခုအား ယာယီတည္ေဆာက္ခဲ့ၿပီး ႐ုပ္ထုႀကီးအားျပန္ဆက္ႏိုင္မည့္ သံ ဖရိန္တစ္ခုလုပ္၍ ေက်ာက္တုံးႀကီး၏ ေအာက္ဆုံးအပိုင္းမွစ၍ အစိတ္အပိုင္းတစ္ခုႏွင့္တစ္ခုအား အေပါက္ေဖာက္၍ စတီးေခ်ာင္းျဖင့္စြပ္ကာ အခ်ိန္(၄)လခန႔္ယူ၍ လုပ္ခဲ့ရေၾကာင္း ဦးထြန္းထြန္းေအးမွဆိုသည္။

လက္ရွိတြင္ အဆိုပါ႐ုပ္ထုသည္ ႐ုပ္လုံးေပၚလာၿပီျဖစ္၍ ေရွးေဟာင္း နန္းေတာ္ဝင္ ေပါက္မ်ားတြင္ ထားေလ့ရွိေသာ ဒြါရပါလ(အေစာင့္႐ုပ္တု) ျဖစ္ေၾကာင္းသိရသည္။

“ဒြါရပါလလို႔ ဘာလို႔ေခၚရလဲဆိုေတာ့ ဒြါရပါလ႐ုပ္တုမွာပါတဲ့ အဂၤါရပ္ေတြပါလို႔ေပါ့ေနာ္။ အေျခခံသေဘာတရားကေတာ့ ႐ုပ္တုရဲ႕ပုံသ႑န္က ပုပုကြကြျဖစ္ရမယ္၊ တုတ္ခိုင္ရမယ္၊ ဗိုက္႐ႊဲရမယ္၊ မ်က္ႏွာကခက္ထန္ရမယ္၊ တင္းပုတ္ကို ညာဖက္ပခုံးေပၚကို ထမ္းထားရမယ္ ဒီလိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံတဲ့အတြက္ ကြၽန္ေတာ္တို႔က ဒြါရပါလ႐ုပ္ထုလို႔ သတ္မွတ္တာေပါ့ေနာ္”ဟု ဦးထြန္းထြန္းေအးမွ ဆိုသည္။

အဆိုပါ႐ုပ္တုသည္ အိႏၵိယႏိုင္ငံ ဂုတၱေခတ္လက္ရာမ်ားႏွင့္ ပုံသ႑န္တူၿပီး အဆင္ တန္ဆာမ်ားအေနျဖင့္ ျမန္မာမႈျပဳထားျခင္းမ်ားေၾကာင့္ ခန႔္မွန္းကာလအားျဖင့္ ေအဒီ(၅)ရာစုႏွင့္ (၆)ရာစုဝန္းက်င္ခန႔္က ျဖစ္ႏိုင္ေၾကာင္း ၎မွဆက္လက္ေျပာ သည္။

Picture

Htun Aung Kyaw

27/09/2022 17:36

Wow 😳

Related news

© 2021. All rights reserved.