MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရန်ပုံငွေနှင့် နည်းပညာအကူအညီများအပြင် ဥပဒေဆိုင်ရာ အကာအကွယ်များလိုအပ်ကြောင်း သုံးသပ်မှုများရှိနေ

 976

ထွန်း အမ်တီ (NP News) - စက်တင်ဘာ ၂၉

နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (Micro, Small and Medium Enterprises- MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နေချိန်တွင် ရန်ပုံငွေနှင့် နည်းပညာ ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်နေသကဲ့သို့ တဖက်တွင်လည်း ဥပဒေဆိုင်ရာ အကာအကွယ်များ လိုအပ်နေသေးကြောင်း စီးပွားရေးနှင့်ဉာဏပစ္စည်းဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၈ ရက်တွင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး MSME လုပ်ငန်းများကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်ဘက်မှ ဆောင်ရွက်ပေးနိုင်မည့် အကူအ ညီများ၊ မတည်ရင်းနှီးပေးနိုင်မည့် အခြေအနေများ၊ နည်းပညာအကူအညီများနှင့် ဈေးကွက်ရရှိမှုများကို ဆွေးနွေးခဲ့ကြသည်ဟု နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းကဲ့သို့ MSME လုပ်ငန်းများကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဘက်မှ ရန်ပုံငွေ၊ နည်းပညာနှင့် လိုအပ်သည့်ကူညီထောက်ပံ့ပေးမှုများကို ဆောင် ရွက်နေသကဲ့သို့ တဖက်တွင်လည်း ထုတ်ကုန်များ၏ အမှတ်တံဆိပ်ကို အကာအ ကွယ်ပေးရမည့် လုပ်ငန်းစဉ်များ လိုအပ်နေကြောင်း စီးပွားရေးနှင့် ဉာဏပစ္စည်းဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆိုပါသည်။

“ဒေသဆိုင်ရာ MSMEs တွေကို တကယ် ဖွံ့ဖြိုးစေချင်ရင် ရန်ပုံငွေပေးရုံနဲ့မရပါဘူး။ ဒေသအလိုက်ထွက်ကုန်တွေ ဖွံ့ဖြိုးတိုးတက်စေချင်ရင် Geographical Indications (ဒေသရပ်ဝန်အညွှန်း) ဆိုတဲ့ GIs တွေကို အကာအကွယ်ပေးရပါမယ်။ အဲ့လိုအကာအ ကွယ်ပေးခြင်းဟာ ဒေသဆိုင်ရာ ထုတ်ကုန်ကို Promote လုပ်ပေးရာရောက်သ လို Value Added လုပ်ပေးရာလည်း ရောက်ပါတယ်” ဟု စီးပွားရေးနှင့် ဉာဏပစ္စည်းဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားပါသည်။

ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်ပေးမှု ဥပဒေ (Intellectual Property Law) တွင် Copyright Law, Trademark Law, Patent Law နှင့် Industrial Design Law ဟူ၍ လေးမျိုးပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း ထိရောက်သည့် ဆောင်ရွက်မှုများ ရရှိလာစေရန် တရားရေးနှင့် ဌာနဆိုင်ရာ အခြေခံအဆောက်အအုံများ လိုအပ်နေသေးကြောင်း တရားရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ဆိုပါသည်။

“Trademark အတွက် မူပိုင်ခွင့်ဌာနရုံးတွေ ဖွင့်ထားပြီးပေမယ့် IP Court တွေ လိုပါသေးတယ်။ ဒါမှလည်း သက်ဆိုင်ရာ case တွေအတွက် ထိရောက်တဲ့ အကာအ ကွယ်ပေးမှုတွေ၊ ကိုင်တွယ်ဖြေရှင်းပေးမှုတွေကို လုပ်ပေးနိုင်မှာပါ။ ကိုဗစ်မတိုင်ခင်မှာ အစပြုဆောင်ရွက်ခဲ့တာတွေရှိပေမယ့် အခုအဲ့ဒါတွေအကုန်လုံး ရပ်ကုန်ပါတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုတွေ နည်းနေသေးတာလည်း ပါတာပေါ့ဗျာ”ဟု သတင်းရင်း မြစ်တစ်ဦးက NP News ကို ပြောကြားသည်။

ထုတ်ကုန်အလိုက် ကိုယ်စားပြုသည့် အမှတ်တံဆိပ်များကို အကာအကွယ်ပေးခြင်းအားဖြင့် တီထွင်ဖန်တီးမှုကိုလည်း အားပေးရာရောက်ကြောင်း စီးပွားရေးနှင့် ဉာဏပစ္စည်းဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သူက သုံးသပ်ထားပါသည်။

“GIs အနေနဲ့က သနပ်ခါးဆိုတာ အမှန် မြန်မာပြည်ရဲ့ အထင်ကရ ဒေသအညွှန်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ထိုင်းရဲ့အလှကုန်တစ်ချို့မှာ သနပ်ခါးဆိုပြီး ထည့်ထုတ်တာတွေ တွေ့နေရတယ်။ ဒါကြောင့် နိုင်ငံရဲ့ ရည်ညွှန်းချက် ဂုဏ်ပုဒ်ကို အကာအ ကွယ်ပေးရမယ်။ ဆိုတော့ ရွာငံ ကော်ဖီလိုမျိုး GIs ကို ညွှန်းတဲ့ ထုတ်ကုန်မျိုးထုတ်နိုင်ဖို့ GIs အကာအကွယ်ပေးရပါမယ်” ဟု အထက်ပါ စီးပွားရေးနှင့် ဉာဏပစ္စည်းဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သူက NP News ကို ပြောကြားသည်။

နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ် (၈/၂ဝ၂၂) တွင် တိုင်းပြည် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အသေးစား၊ အ ငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လို အပ်ကြောင်း အဓိကထား ပြောကြားသွားခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း၊ သဘောတူညီမှု ထားရှိခြင်းများ ရရှိထားပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ GDP မှာလည်း ၂ဝ၂၂ ခုနှစ်အတွက် ၂ ရာခိုင်နှုန်း ပြန်လည်တိုးတက်ရန် မျှော်မှန်းထားပြီး ၂ဝ၂၃ ခုနှစ်တွင် ၂.၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း ADB ၏ ထုတ်ပြန်ချက်များအရလည်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အဆိုးရွားဆုံး အနေအထားမှ ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က မကြာသေးခင်က ထုတ်ပြန်ထားသည်။

zawgyi version
MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္ ရန္ပုံေငြႏွင့္ နည္းပညာအကူအညီမ်ားအျပင္ ဥပေဒဆိုင္ရာ အကာအကြယ္မ်ားလိုအပ္ေၾကာင္း သုံးသပ္မႈမ်ားရွိေန
ထြန္း အမ္တီ (NP News) - စက္တင္ဘာ ၂၉

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ား (Micro, Small and Medium Enterprises- MSME) လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ေဆာင္႐ြက္ေနခ်ိန္တြင္ ရန္ပုံေငြႏွင့္ နည္းပညာ ကူညီေထာက္ပံ့ေပးမႈမ်ား လုပ္ေဆာင္ေနသကဲ့သို႔ တဖက္တြင္လည္း ဥပေဒဆိုင္ရာ အကာအကြယ္မ်ား လိုအပ္ေနေသးေၾကာင္း စီးပြားေရးႏွင့္ဉာဏပစၥည္းဆိုင္ရာ ဥပေဒေရးရာ ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကပါသည္။

ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ စက္တင္ဘာလ ၂၈ ရက္တြင္ မိတၳီလာခ႐ိုင္အတြင္းရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး MSME လုပ္ငန္းမ်ားက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က အသိေပးထုတ္ျပန္ထားပါသည္။

ထိုသို႔ ေတြ႕ဆုံေဆြးေႏြးရာတြင္ ႏိုင္ငံေတာ္ဘက္မွ ေဆာင္႐ြက္ေပးႏိုင္မည့္ အကူအ ညီမ်ား၊ မတည္ရင္းႏွီးေပးႏိုင္မည့္ အေျခအေနမ်ား၊ နည္းပညာအကူအညီမ်ားႏွင့္ ေဈးကြက္ရရွိမႈမ်ားကို ေဆြးေႏြးခဲ့ၾကသည္ဟု နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ယင္းကဲ့သို႔ MSME လုပ္ငန္းမ်ားက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ႏိုင္ငံေတာ္ဘက္မွ ရန္ပုံေငြ၊ နည္းပညာႏွင့္ လိုအပ္သည့္ကူညီေထာက္ပံ့ေပးမႈမ်ားကို ေဆာင္ ႐ြက္ေနသကဲ့သို႔ တဖက္တြင္လည္း ထုတ္ကုန္မ်ား၏ အမွတ္တံဆိပ္ကို အကာအ ကြယ္ေပးရမည့္ လုပ္ငန္းစဥ္မ်ား လိုအပ္ေနေၾကာင္း စီးပြားေရးႏွင့္ ဉာဏပစၥည္းဆိုင္ရာ ဥပေဒေရးရာ ကြၽမ္းက်င္သူမ်ားက ဆိုပါသည္။

“ေဒသဆိုင္ရာ MSMEs ေတြကို တကယ္ ဖြံ႕ၿဖိဳးေစခ်င္ရင္ ရန္ပုံေငြေပး႐ုံနဲ႔မရပါဘူး။ ေဒသအလိုက္ထြက္ကုန္ေတြ ဖြံ႕ၿဖိဳးတိုးတက္ေစခ်င္ရင္ Geographical Indications (ေဒသရပ္ဝန္အၫႊန္း) ဆိုတဲ့ GIs ေတြကို အကာအကြယ္ေပးရပါမယ္။ အဲ့လိုအကာအ ကြယ္ေပးျခင္းဟာ ေဒသဆိုင္ရာ ထုတ္ကုန္ကို Promote လုပ္ေပးရာေရာက္သ လို Value Added လုပ္ေပးရာလည္း ေရာက္ပါတယ္” ဟု စီးပြားေရးႏွင့္ ဉာဏပစၥည္းဆိုင္ရာ ဥပေဒေရးရာ ကြၽမ္းက်င္သူတစ္ဦးက သုံးသပ္ထားပါသည္။

ဉာဏပစၥည္းဆိုင္ရာ အကာအကြယ္ေပးမႈ ဥပေဒ (Intellectual Property Law) တြင္ Copyright Law, Trademark Law, Patent Law ႏွင့္ Industrial Design Law ဟူ၍ ေလးမ်ိဳးျပ႒ာန္းထားၿပီး ျဖစ္ေသာ္လည္း ထိေရာက္သည့္ ေဆာင္႐ြက္မႈမ်ား ရရွိလာေစရန္ တရားေရးႏွင့္ ဌာနဆိုင္ရာ အေျခခံအေဆာက္အအုံမ်ား လိုအပ္ေနေသးေၾကာင္း တရားေရးအသိုင္းအဝိုင္းမွ သတင္းရင္းျမစ္တစ္ဦးက ဆိုပါသည္။

“Trademark အတြက္ မူပိုင္ခြင့္ဌာန႐ုံးေတြ ဖြင့္ထားၿပီးေပမယ့္ IP Court ေတြ လိုပါေသးတယ္။ ဒါမွလည္း သက္ဆိုင္ရာ case ေတြအတြက္ ထိေရာက္တဲ့ အကာအ ကြယ္ေပးမႈေတြ၊ ကိုင္တြယ္ေျဖရွင္းေပးမႈေတြကို လုပ္ေပးႏိုင္မွာပါ။ ကိုဗစ္မတိုင္ခင္မွာ အစျပဳေဆာင္႐ြက္ခဲ့တာေတြရွိေပမယ့္ အခုအဲ့ဒါေတြအကုန္လုံး ရပ္ကုန္ပါတယ္။ လူေတြရဲ႕ စိတ္ဝင္စားမႈေတြ နည္းေနေသးတာလည္း ပါတာေပါ့ဗ်ာ”ဟု သတင္းရင္း ျမစ္တစ္ဦးက NP News ကို ေျပာၾကားသည္။

ထုတ္ကုန္အလိုက္ ကိုယ္စားျပဳသည့္ အမွတ္တံဆိပ္မ်ားကို အကာအကြယ္ေပးျခင္းအားျဖင့္ တီထြင္ဖန္တီးမႈကိုလည္း အားေပးရာေရာက္ေၾကာင္း စီးပြားေရးႏွင့္ ဉာဏပစၥည္းဆိုင္ရာ ဥပေဒေရးရာ ကြၽမ္းက်င္သူက သုံးသပ္ထားပါသည္။

“GIs အေနနဲ႔က သနပ္ခါးဆိုတာ အမွန္ ျမန္မာျပည္ရဲ႕ အထင္ကရ ေဒသအၫႊန္းျဖစ္ပါတယ္။ ဒါေပမဲ့ အခုေတာ့ ထိုင္းရဲ႕အလွကုန္တစ္ခ်ိဳ႕မွာ သနပ္ခါးဆိုၿပီး ထည့္ထုတ္တာေတြ ေတြ႕ေနရတယ္။ ဒါေၾကာင့္ ႏိုင္ငံရဲ႕ ရည္ၫႊန္းခ်က္ ဂုဏ္ပုဒ္ကို အကာအ ကြယ္ေပးရမယ္။ ဆိုေတာ့ ႐ြာငံ ေကာ္ဖီလိုမ်ိဳး GIs ကို ၫႊန္းတဲ့ ထုတ္ကုန္မ်ိဳးထုတ္ႏိုင္ဖို႔ GIs အကာအကြယ္ေပးရပါမယ္” ဟု အထက္ပါ စီးပြားေရးႏွင့္ ဉာဏပစၥည္းဆိုင္ရာ ဥပေဒေရးရာ ကြၽမ္းက်င္သူက NP News ကို ေျပာၾကားသည္။

ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ စက္တင္ဘာ ၂၇ ရက္ေန႔က က်င္းပခဲ့သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝးအမွတ္ (၈/၂ဝ၂၂) တြင္ တိုင္းျပည္ စီးပြားေရး ျပန္လည္ဦးေမာ့လာေစရန္ အေသးစား၊ အ ငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ား (MSME) လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္ လို အပ္ေၾကာင္း အဓိကထား ေျပာၾကားသြားခဲ့သည္။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံ၏ သက္ဆိုင္ရာ ဌာနမ်ားအၾကား နားလည္မႈစာခြၽန္လႊာမ်ား လက္မွတ္ေရးထိုးျခင္း၊ သေဘာတူညီမႈ ထားရွိျခင္းမ်ား ရရွိထားၿပီးျဖစ္ကာ ျမန္မာႏိုင္ငံ၏ GDP မွာလည္း ၂ဝ၂၂ ခုႏွစ္အတြက္ ၂ ရာခိုင္ႏႈန္း ျပန္လည္တိုးတက္ရန္ ေမွ်ာ္မွန္းထားၿပီး ၂ဝ၂၃ ခုႏွစ္တြင္ ၂.၆ ရာခိုင္ႏႈန္း တိုးတက္လာမည္ဟု ေမွ်ာ္မွန္းထားေၾကာင္း ADB ၏ ထုတ္ျပန္ခ်က္မ်ားအရလည္း သိရသည္။

ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ငန္းမ်ားမွာ အဆိုး႐ြားဆုံး အေနအထားမွ ေက်ာ္လြန္လာခဲ့ၿပီျဖစ္ေၾကာင္းလည္း ကမာၻ႔ဘဏ္က မၾကာေသးခင္က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.