ဟာရီကိန်းမုန်တိုင်း Ian သည် ဖလော်ရီဒါပြည်နယ် ပင်လယ်ကွေ့ကမ်းခြေကို ပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခဲ့

 507

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂၉

ဟာရီကိန်းမုန်တိုင်း Ian သည် စက်တင်ဘာ(၂၈)ရက်နေ့တွင် ဖလော်ရီဒါပြည်နယ် ပင်လယ်ကွေ့ကမ်းခြေသို့ ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လှိုင်းကြီးခြင်း တို့ကိုဖြစ်ပေါ်စေခဲ့ရာ ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်နိုင်ငံတွင် တိုက်ခိုက်ခဲ့သည့် အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်ကြောင်းသိရသည်။

ဟာရီကိန်းမုန်တိုင်း Ian သည် လေတိုက်နှုန်းတစ်နာရီလျှင် (၂၄၁) ကီလိုမီတာအထိ တိုက်ခတ်ခဲ့ပြီး ကမ်းခြေနှင့် ကမ်းရိုးတန်းမြို့များကို ပင်လယ်ရေလွှမ်းမိုးမှုများဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ဟာရီကိန်းမုန်တိုင်း Ian ကြောင့် အချို့နေရာများတွင် ရေကြီးမှုများသည် အိမ်ခေါင်မိုးနားအထိ ရောက်ရှိခဲ့ကြောင်း အုန်းပင်များ ထက်ဝက်ကျိုးကာ ရေစီးနှင့်အတူ ကားများ မျောပါသွားခဲ့ပြီး နေအိမ်အများအပြားပျက်စီးခဲ့ကြောင်းသိရသည်။

ဟာရီကန်းမုန်တိုင်း Ian သည် ကုန်းတွင်းပိုင်းကိုရွေ့လျားနေသောကြောင့် ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းဒေသ များတွင် မိုးရေချိန်သည် (၆ဝ) စင်တီမီတာအထိ ရွာသွန်းနိုင်ကြောင်းခန့်မှန်းထားပြီး ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ဟာရီကိန်းမုန်တိုင်း Ian မတိုက်ခတ်မီ ဖလော်ရီဒါပြည်နယ်၊ ကမ်းရိုးတန်းတွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ခြင်းကြောင့် ကျူးဘားနိုင်ငံသားအယောက်(၂ဝ)ပျောက်ဆုံးနေကြောင်း အမေရိကန်နယ်စပ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း Ian နှင့်ပတ်သက်ပြီး အသေအပျောက်စာရင်းများနှင့်ဆက်နွယ်သည့်အချက်အလက်များကို တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။ ဟာရီကိန်းမုန်တိုင်း Ian သည် ဆိပ်ကမ်းမြို့ Punta Gorda ၏တောင်ဘက်ရှိ ဖလော်ရီဒါပြည်နယ်၏ကမ်းခြေဖက်သို့ရွေ့လျားသွားခဲ့ပြီး လေတိုက်နှုန်း အနည်းငယ်လျော့သွားကာ တစ်နာရီလျှင် (၂၃၃) ကီလိုမီတာအထိ တိုက်ခတ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ဟာရီကိန်းမုန်တိုင်း Ian တိုက်ခတ်မှုကြောင့် အချို့နေရာများတွင် လှိုင်းလုံးများသည် အမြင့်(၃ ဒသမ ၇) မီတာအထိ ရှိလာနိုင်ကြောင်း ပြောကြားခဲ့ပြီး မိုးလေဝသပညာရှင်များက မိုးကြိုးမုန်တိုင်းများနှင့် လေဆင်နှာမောင်းဖြစ်ပေါ်လာနိုင်သည့်အတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားမိုးလေဝသဌာနမှ ဒါရိုက်တာ ကန်ဂရာဟမ် က “ဒါဟာ ကျွန်တော်တို့ လာမည့်နှစ်ပေါင်းများစွာ ဆွေးနွေးနေရမယ့် သမိုင်းဝင်မုန်တိုင်းတစ်ခုပါပဲ” ဟု ဆိုသည်။

Zawgyi Version;
ဟာရီကိန္းမုန္တိုင္း Ian သည္ ဖေလာ္ရီဒါျပည္နယ္ ပင္လယ္ေကြ႕ကမ္းေျခကို ျပင္းထန္စြာဝင္ေရာက္တိုက္ခတ္ခဲ့
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂၉

ဟာရီကိန္းမုန္တိုင္း Ian သည္ စက္တင္ဘာ(၂၈)ရက္ေန႔တြင္ ဖေလာ္ရီဒါျပည္နယ္ ပင္လယ္ေကြ႕ကမ္းေျခသို႔ ျပင္းထန္စြာ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ေလျပင္းမ်ားတိုက္ခတ္ျခင္း၊ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ လႈိင္းႀကီးျခင္း တို႔ကိုျဖစ္ေပၚေစခဲ့ရာ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အေမရိကန္ႏိုင္ငံတြင္ တိုက္ခိုက္ခဲ့သည့္ အင္အားအျပင္းဆုံး မုန္တိုင္းတစ္ခုျဖစ္ေၾကာင္းသိရသည္။

ဟာရီကိန္းမုန္တိုင္း Ian သည္ ေလတိုက္ႏႈန္းတစ္နာရီလွ်င္ (၂၄၁) ကီလိုမီတာအထိ တိုက္ခတ္ခဲ့ၿပီး ကမ္းေျခႏွင့္ ကမ္း႐ိုးတန္းၿမိဳ႕မ်ားကို ပင္လယ္ေရလႊမ္းမိုးမႈမ်ားျဖစ္ေပၚေစခဲ့ေၾကာင္းသိရသည္။ ဟာရီကိန္းမုန္တိုင္း Ian ေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ ေရႀကီးမႈမ်ားသည္ အိမ္ေခါင္မိုးနားအထိ ေရာက္ရွိခဲ့ေၾကာင္း အုန္းပင္မ်ား ထက္ဝက္က်ိဳးကာ ေရစီးႏွင့္အတူ ကားမ်ား ေမ်ာပါသြားခဲ့ၿပီး ေနအိမ္အမ်ားအျပားပ်က္စီးခဲ့ေၾကာင္းသိရသည္။

ဟာရီကန္းမုန္တိုင္း Ian သည္ ကုန္းတြင္းပိုင္းကိုေ႐ြ႕လ်ားေနေသာေၾကာင့္ ဖေလာ္ရီဒါျပည္နယ္ အလယ္ပိုင္းေဒသ မ်ားတြင္ မိုးေရခ်ိန္သည္ (၆ဝ) စင္တီမီတာအထိ ႐ြာသြန္းႏိုင္ေၾကာင္းခန႔္မွန္းထားၿပီး ႐ုတ္တရက္ေရႀကီးမႈမ်ား ျဖစ္ေပၚလာႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။

ဟာရီကိန္းမုန္တိုင္း Ian မတိုက္ခတ္မီ ဖေလာ္ရီဒါျပည္နယ္၊ ကမ္း႐ိုးတန္းတြင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား လိုက္ပါလာသည့္ သေဘၤာတစ္စီးနစ္ျမဳပ္ခဲ့ျခင္းေၾကာင့္ က်ဴးဘားႏိုင္ငံသားအေယာက္(၂ဝ)ေပ်ာက္ဆုံးေနေၾကာင္း အေမရိကန္နယ္စပ္အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

ဟာရီကိန္းမုန္တိုင္း Ian ႏွင့္ပတ္သက္ၿပီး အေသအေပ်ာက္စာရင္းမ်ားႏွင့္ဆက္ႏြယ္သည့္အခ်က္အလက္မ်ားကို တာဝန္ရွိသူမ်ားက ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းလည္းသိရသည္။ ဟာရီကိန္းမုန္တိုင္း Ian သည္ ဆိပ္ကမ္းၿမိဳ႕ Punta Gorda ၏ေတာင္ဘက္ရွိ ဖေလာ္ရီဒါျပည္နယ္၏ကမ္းေျခဖက္သို႔ေ႐ြ႕လ်ားသြားခဲ့ၿပီး ေလတိုက္ႏႈန္း အနည္းငယ္ေလ်ာ့သြားကာ တစ္နာရီလွ်င္ (၂၃၃) ကီလိုမီတာအထိ တိုက္ခတ္ခဲ့ေၾကာင္း သိရသည္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ႐ြန္ဒီဆန္းတစ္က ဟာရီကိန္းမုန္တိုင္း Ian တိုက္ခတ္မႈေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ လႈိင္းလုံးမ်ားသည္ အျမင့္(၃ ဒသမ ၇) မီတာအထိ ရွိလာႏိုင္ေၾကာင္း ေျပာၾကားခဲ့ၿပီး မိုးေလဝသပညာရွင္မ်ားက မိုးႀကိဳးမုန္တိုင္းမ်ားႏွင့္ ေလဆင္ႏွာေမာင္းျဖစ္ေပၚလာႏိုင္သည့္အတြက္ သတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

အမ်ိဳးသားမိုးေလဝသဌာနမွ ဒါ႐ိုက္တာ ကန္ဂရာဟမ္ က “ဒါဟာ ကြၽန္ေတာ္တို႔ လာမည့္ႏွစ္ေပါင္းမ်ားစြာ ေဆြးေႏြးေနရမယ့္ သမိုင္းဝင္မုန္တိုင္းတစ္ခုပါပဲ” ဟု ဆိုသည္။

Related news

© 2021. All rights reserved.