အကောင်းဆုံးခြေစွမ်းပြကစားနိုင်မည့် အချိန်ရောက်ရှိတော့မည်ဟု မန်စီးတီးကစားသမား ဂျက်ဂရီးလစ်ရှ် ထုတ်ဖော်ပြောဆို

 327

ဖြိုးခန့်(NP News) - စက်တင်ဘာ ၃ဝ

မန်စီးတီးအသင်းကစားသမား ဂျက်ဂရီးလစ်ရှ်သည် ပေါင်ခြံဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး အသင်းတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လည်ဝင်ရောက်ကစားနိုင်မည်ဟု ပရိသတ်များက မျှော်လင့်နေကြသည်။

ဂျက်ဂရီးလစ်ရှ်သည် သြဂုတ်လအတွင်းပြဿနာများတက်ခဲ့ပြီးနောက် လက်ရှိရာသီ ပြိင်ပွဲအရပ်ရပ်တွင် ခြောက်ပွဲ သာ ကစားခွင့်ရထားကြောင်းသိရသည်။

ဂျက်ဂရီးလစ်ရှ်က “လောလောဆယ်တော့ ကျွန်တော် (၁ဝဝ) ရာခိုင်နှုန်းအပြည့် ပြန်ကစားနိုင်သေးမှာ မဟုတ်ပါဘူး၊၊ ဝက်ဟမ်းအသင်းနဲ့တုန်းက ကျွန်တော် မိနစ်(၉ဝ) အပြည့်ကစားခဲ့ပါတယ်။ ဘုန်းမောက်အသင်းနဲ့ (၄၅)မိနစ် ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်ဒဏ်ရာရခဲ့တာပါ၊၊ ကျွန်တော် ကြံ့ခိုင်မှုပိုင်းမှာ ပိုမိုကောင်းမွန်လာဖို့ အများကြီးလိုနေသေးပေမယ့် အချိန်ကြာလာရင် ပြန်ကောင်းမွန်လာမှာပါ။ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ဖို့ ကျွန်တော်အများကြီးလေ့ကျင်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်ကစားကွင်းထဲမှာ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး တွေ ရလာမှာပါ။ နောက်ကျရင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်မယ့် ဂျက်ဂရီးလစ်ရှ်ကို မြင်တွေ့ရတော့မှာပါ” ဟု ပြောဆိုခဲ့သည်။

အက်စတွန်ဗီလာအသင်းမှ မန်စီးတီးအသင်းသို့ ပြီးခဲ့သည့်နှစ်က စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၁ဝဝ) ဖြင့် ပြောင်းရွှေ့လာသော ဂျက်ဂရီးလစ်ရှ်သည် လက်ရှိရာသီတွင် တစ်ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး ၎င်း၏ သွင်းဂိုးများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂျက်ဂရီးလစ်ရှ်က “လက်ရှိရာသီနဲ့ နောက်ရာသီမှာ ကျွန်တော် အကောင်းဆုံးခြေစွမ်းပြကစားနိုင်မယ်လို့ မျှော်လင့် ပါတယ်၊၊ အဲဒီအကြောင်းကို အခြားလူတွေပြောပြစရာတော့ မလိုပါဘူး။ ဒါဟာကျွန်တော်လုပ်ဖို့ လိုအပ်နေတဲ့ အရာမှန်းသိပါတယ်။ မန်စီးတီးအသင်းကစားသမားတွေနဲ့ နည်းပြဂွာဒီယိုလာရဲ့နည်းစနစ်အတိုင်း အကောင်းဆုံး ကစားနိုင်ဖို့က အချိန်နည်းနည်းလိုဦးမှာပါ။ ကျွန်တော်အကောင်းဆုံးကြိုးစားပြီး ခြေစွမ်းပြကစားနိုင်မယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။

Zawgyi Version;
အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္မည့္ အခ်ိန္ေရာက္ရွိေတာ့မည္ဟု မန္စီးတီးကစားသမား ဂ်က္ဂရီးလစ္ရွ္ ထုတ္ေဖာ္ေျပာဆို
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၃ဝ

မန္စီးတီးအသင္းကစားသမား ဂ်က္ဂရီးလစ္ရွ္သည္ ေပါင္ၿခံဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ၿပီး အသင္းတြင္ အေကာင္းဆုံးပုံစံျဖင့္ ျပန္လည္ဝင္ေရာက္ကစားႏိုင္မည္ဟု ပရိသတ္မ်ားက ေမွ်ာ္လင့္ေနၾကသည္။

ဂ်က္ဂရီးလစ္ရွ္သည္ ၾသဂုတ္လအတြင္းျပႆနာမ်ားတက္ခဲ့ၿပီးေနာက္ လက္ရွိရာသီ ၿပိင္ပြဲအရပ္ရပ္တြင္ ေျခာက္ပြဲ သာ ကစားခြင့္ရထားေၾကာင္းသိရသည္။

ဂ်က္ဂရီးလစ္ရွ္က “ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ (၁ဝဝ) ရာခိုင္ႏႈန္းအျပည့္ ျပန္ကစားႏိုင္ေသးမွာ မဟုတ္ပါဘူး၊၊ ဝက္ဟမ္းအသင္းနဲ႔တုန္းက ကြၽန္ေတာ္ မိနစ္(၉ဝ) အျပည့္ကစားခဲ့ပါတယ္။ ဘုန္းေမာက္အသင္းနဲ႔ (၄၅)မိနစ္ ကစားခဲ့တဲ့ပြဲမွာ ကြၽန္ေတာ္ဒဏ္ရာရခဲ့တာပါ၊၊ ကြၽန္ေတာ္ ႀကံ့ခိုင္မႈပိုင္းမွာ ပိုမိုေကာင္းမြန္လာဖို႔ အမ်ားႀကီးလိုေနေသးေပမယ့္ အခ်ိန္ၾကာလာရင္ ျပန္ေကာင္းမြန္လာမွာပါ။ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ဖို႔ ကြၽန္ေတာ္အမ်ားႀကီးေလ့က်င္ဖို႔ လိုအပ္ေနပါေသးတယ္။ ကြၽန္ေတာ္ကစားကြင္းထဲမွာ ဂိုးသြင္းႏိုင္ဖို႔ အခြင့္အေရး ေတြ ရလာမွာပါ။ ေနာက္က်ရင္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္မယ့္ ဂ်က္ဂရီးလစ္ရွ္ကို ျမင္ေတြ႕ရေတာ့မွာပါ” ဟု ေျပာဆိုခဲ့သည္။

အက္စတြန္ဗီလာအသင္းမွ မန္စီးတီးအသင္းသို႔ ၿပီးခဲ့သည့္ႏွစ္က စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၁ဝဝ) ျဖင့္ ေျပာင္းေ႐ႊ႕လာေသာ ဂ်က္ဂရီးလစ္ရွ္သည္ လက္ရွိရာသီတြင္ တစ္ဂိုးသာသြင္းယူထားႏိုင္ခဲ့ၿပီး ၎၏ သြင္းဂိုးမ်ားႏွင့္ ပတ္သက္ၿပီး စိုးရိမ္မႈမ်ားမရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ဂ်က္ဂရီးလစ္ရွ္က “လက္ရွိရာသီနဲ႔ ေနာက္ရာသီမွာ ကြၽန္ေတာ္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ ပါတယ္၊၊ အဲဒီအေၾကာင္းကို အျခားလူေတြေျပာျပစရာေတာ့ မလိုပါဘူး။ ဒါဟာကြၽန္ေတာ္လုပ္ဖို႔ လိုအပ္ေနတဲ့ အရာမွန္းသိပါတယ္။ မန္စီးတီးအသင္းကစားသမားေတြနဲ႔ နည္းျပဂြာဒီယိုလာရဲ႕နည္းစနစ္အတိုင္း အေကာင္းဆုံး ကစားႏိုင္ဖို႔က အခ်ိန္နည္းနည္းလိုဦးမွာပါ။ ကြၽန္ေတာ္အေကာင္းဆုံးႀကိဳးစားၿပီး ေျခစြမ္းျပကစားႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္” ဟု ဆိုသည္။

Related news

© 2021. All rights reserved.