မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌနေရာဝင်ရောက်ရွေးချယ်မည့်သူ မရှိဖြစ်နေ

 3700

သန့်ဇင် (NP News) - မတ် ၂၈

မြန်မာ့နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌနေရာဝင်ရောက်ရွေးချယ်မည့်သူ မရှိဖြစ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယဥက္ကဋ္ဌဦးဘန်နီတင်အောင်က ပြောကြားသည်။

အဆိုပါစကားကို ယနေ့(မတ်လ ၂၈ရက်)၊ နံနက် ၁၁နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးရှိရာ MFF Meeting Hall တွင်ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့၊ ဒီအချိန်ထိတော့ မိမိသဘောအလျောက် မည်သည့်နေရာ၊ မည်သည့် Possition ကို ဝင်ရောက်ရွေးချယ်ခံပါမည်ဆိုပြီး ဥက္ကဋ္ဌနေရာအတွက် တင်ပြလာခြင်းမျိုးတော့မရှိပါဘူး။ အဲဒါကြောင့် ဒီတစ်ချိန်မှာလည်း ဥက္ကဋ္ဌနေရာအတွက် ဘယ်သူဖြစ်လာမယ်ဆိုတာ ရွေး ကောက်ပွဲမှာစောင့်ကြည့်ရမှာပါ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးဘန်နီတင်အောင်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာတွင် ဦးဇော်ဇော်က ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိပြီး လာမည့် ဥက္ကဋ္ဌသက်တမ်း (၄)နှစ်တာကာလတွင်လည်း ၎င်းကပင်ဆက်လက်တာဝန်ယူသွားဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နေရာ၊ ဒုတိယ ဥက္ကဋ္ဌများနေရာ နှင့် အလုပ်အမှုဆောင်အဖွဲ့နေရာများအတွက် ရွေးကောက်ပွဲကိုလာမည့် မတ်လ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ကျင်းပမည့်ဖြစ်ပြီး အလုပ်အမှုဆောင်နေရာ(၁၉)ဦးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၀)ဦးက မဲပေးရွေးချယ်သွားကြမည်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲအား ၂၀၁၅ ခုနှစ်ကစတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေ႐ြးေကာက္ပြဲတြင္ ဥကၠ႒ေနရာဝင္ေရာက္ေ႐ြးခ်ယ္မည့္သူ မရွိျဖစ္ေန

သန႔္ဇင္ (NP News) - မတ္ ၂၈

ျမန္မာ့ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေ႐ြးေကာက္ပြဲတြင္ ဥကၠ႒ေနရာဝင္ေရာက္ေ႐ြးခ်ယ္မည့္သူ မရွိျဖစ္ေနေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဒုတိယဥကၠ႒ဦးဘန္နီတင္ေအာင္က ေျပာၾကားသည္။

အဆိုပါစကားကို ယေန႔(မတ္လ ၂၈ရက္)၊ နံနက္ ၁၁နာရီအခ်ိန္တြင္၊ ရန္ကုန္ၿမိဳ႕၊ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္႐ုံးရွိရာ MFF Meeting Hall တြင္က်င္းပျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ၎ကအထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ဒီေန႔၊ ဒီအခ်ိန္ထိေတာ့ မိမိသေဘာအေလ်ာက္ မည္သည့္ေနရာ၊ မည္သည့္ Possition ကို ဝင္ေရာက္ေ႐ြးခ်ယ္ခံပါမည္ဆိုၿပီး ဥကၠ႒ေနရာအတြက္ တင္ျပလာျခင္းမ်ိဳးေတာ့မရွိပါဘူး။ အဲဒါေၾကာင့္ ဒီတစ္ခ်ိန္မွာလည္း ဥကၠ႒ေနရာအတြက္ ဘယ္သူျဖစ္လာမယ္ဆိုတာ ေ႐ြး ေကာက္ပြဲမွာေစာင့္ၾကည့္ရမွာပါ”ဟု ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဒုတိယဥကၠ႒ ဦးဘန္နီတင္ေအာင္က ေျပာသည္။

လက္ရွိျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ေနရာတြင္ ဦးေဇာ္ေဇာ္က ဆက္လက္ တာဝန္ထမ္းေဆာင္လ်က္ရွိၿပီး လာမည့္ ဥကၠ႒သက္တမ္း (၄)ႏွစ္တာကာလတြင္လည္း ၎ကပင္ဆက္လက္တာဝန္ယူသြားဖြယ္ရွိေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒၊ ဒုတိယ ဥကၠ႒မ်ား ႏွင့္ အလုပ္အမႈေဆာင္အဖြဲ႕ ေ႐ြး ေကာက္ပြဲကိုလာမည့္ မတ္လ ၃၀ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ Novotel ဟိုတယ္၌ က်င္းပမည့္ျဖစ္ၿပီး အလုပ္အမႈေဆာင္ေနရာ(၁၉)ဦးအတြက္ သက္ဆိုင္ရာနယ္ပယ္အသီးသီးမွ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ (၄၀)ဦးက မဲေပးေ႐ြးခ်ယ္သြားၾကမည္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒အပါအဝင္ အလုပ္အမႈေဆာင္အဖြဲ႕ ေ႐ြးေကာက္ပြဲအား ၂၀၁၅ ခုႏွစ္ကစတင္ကာ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.