Gangsta's Paradise သီချင်းကို သီဆိုခဲ့သူ ကမ္ဘာကျော် ရက်ပ်ပါအဆိုတော် ကူလီယို(Coolio) ကွယ်လွန်

 465

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ

Gangsta's Paradise နဲ့ Fantastic Voyage အပါအဝင် ၁၉၉ဝ ခုနှစ်များအတွင်းက နာမည်ကြီး ဟစ်ဟော့ သီချင်းများကိုသီဆိုခဲ့သူ ကမ္ဘာကျော် ရက်ပ်ပါအဆိုတော် ကူလီယို ဟာ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၈) ၊ အသက် ၅၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့မန်နေဂျာက ပြောပါတယ်။

အာတစ်လီယွန်လဗေးဂျား (ကူလီယို) ဟာ လော့အိန်ဂျလိစ်ရှိ သူငယ်ချင်းတစ်ဦးရဲ့နေအိမ်မှာ သွားရောက်နေထိုင် စဉ် သေဆုံးသွားခဲ့တာဖြစ်ကြောင်း ၄င်းရဲ့သက်တမ်းကြာ မန်နေဂျာ ဂျာရက်ဇ် ပိုစ့်ဆေးက ပြောကြားခဲ့ပါတယ်။

ကူလီယိုဟာ ၁၉၇၆ ခုနှစ်က စတိဗ်ဝမ်ဒါ သီဆိုခဲ့တဲ့ Pastime Paradise ကို နမူနာယူထားတဲ့ Gangsta's Paradise ရပ်က်တေးသီချင်းနဲ့ အကောင်းဆုံး တစ်ကိုယ်တော် ရက်ပ်ဖျော်ဖြေမှု ဂရမ်မီဆုကို ရရှိခဲ့ပါတယ်။

ကူလီယိုကို ပန်ဆူဗေးနီးယားပြည်နယ်၊ ပစ်ဘာ့မြို့မှာ မွေးဖွားခဲ့ပြီး ၄င်းရဲ့ဆယ်ကျော်သက်အချိန်တွေကို ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ အချိန်ကုန်ဆုံးခဲ့ကာ ရပ်က်အဆိုတော်ဘ၀ကို မလျှောက်လှမ်းခင် စေတနာ့ ဝန်ထမ်းမီးသတ်သမားအဖြစ် လည်းကောင်း၊ လေဆိပ်လုံခြုံရေးအဖြစ် လည်းကောင်း အသက်မွေးဝမ်းကျောင်းခဲ့ဖူး ပါတယ်။

သူ့ရဲ့ ပွဲဦးထွက်အယ်လ်ဘမ် Tommy Boy Records, It Takes A Thief (1994 ) ထွက်ရှိခဲ့ပြီးနောက် ၄င်းရဲ့သီချင်း Fantastic Voyage ဟာ Billboard Hot 100 မှာ အဆင့် ၃ ကို ရောက်ရှိခဲ့ပါတယ်။ ယင်းနောက် ကူလီယိုဟာ ရက်စ်အဆိုတော်လမ်းကြောင်းပေါ်ရောက်ရှိလာခဲ့ကာ ၂ဝဝဝ ပြည့်နှစ်မှာ ဇနီးဖြစ်သူ ဂျိုဆီဖာဆာလီနက် နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦး ထွန်းကားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ ကူလီယိုရဲ့မမျှော်လင့်ထားတဲ့ ရုတ်တရက်သေဆုံးမှုအပေါ် နှမြောတသ ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြတဲ့ Post တွေ အများအပြားမြင်တွေ့ခဲ့ရပါတယ်။

Zawgyi Version;
Gangsta's Paradise သီခ်င္းကို သီဆိုခဲ့သူ ကမာၻေက်ာ္ ရက္ပ္ပါအဆိုေတာ္ ကူလီယို(Coolio) ကြယ္လြန္
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ

Gangsta's Paradise နဲ႔ Fantastic Voyage အပါအဝင္ ၁၉၉ဝ ခုႏွစ္မ်ားအတြင္းက နာမည္ႀကီး ဟစ္ေဟာ့ သီခ်င္းမ်ားကိုသီဆိုခဲ့သူ ကမာၻေက်ာ္ ရက္ပ္ပါအဆိုေတာ္ ကူလီယို ဟာ ဗုဒၶဟူးေန႔ (စက္တင္ဘာ ၂၈) ၊ အသက္ ၅၉ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ေၾကာင္း ၎ရဲ႕မန္ေနဂ်ာက ေျပာပါတယ္။

အာတစ္လီယြန္လေဗးဂ်ား (ကူလီယို) ဟာ ေလာ့အိန္ဂ်လိစ္ရွိ သူငယ္ခ်င္းတစ္ဦးရဲ႕ေနအိမ္မွာ သြားေရာက္ေနထိုင္ စဥ္ ေသဆုံးသြားခဲ့တာျဖစ္ေၾကာင္း ၄င္းရဲ႕သက္တမ္းၾကာ မန္ေနဂ်ာ ဂ်ာရက္ဇ္ ပိုစ့္ေဆးက ေျပာၾကားခဲ့ပါတယ္။

ကူလီယိုဟာ ၁၉၇၆ ခုႏွစ္က စတိဗ္ဝမ္ဒါ သီဆိုခဲ့တဲ့ Pastime Paradise ကို နမူနာယူထားတဲ့ Gangsta's Paradise ရပ္က္ေတးသီခ်င္းနဲ႔ အေကာင္းဆုံး တစ္ကိုယ္ေတာ္ ရက္ပ္ေဖ်ာ္ေျဖမႈ ဂရမ္မီဆုကို ရရွိခဲ့ပါတယ္။

ကူလီယိုကို ပန္ဆူေဗးနီးယားျပည္နယ္၊ ပစ္ဘာ့ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ၄င္းရဲ႕ဆယ္ေက်ာ္သက္အခ်ိန္ေတြကို ကယ္လီဖိုးနီးယားေျမာက္ပိုင္းမွာ အခ်ိန္ကုန္ဆုံးခဲ့ကာ ရပ္က္အဆိုေတာ္ဘ၀ကို မေလွ်ာက္လွမ္းခင္ ေစတနာ့ ဝန္ထမ္းမီးသတ္သမားအျဖစ္ လည္းေကာင္း၊ ေလဆိပ္လုံၿခဳံေရးအျဖစ္ လည္းေကာင္း အသက္ေမြးဝမ္းေက်ာင္းခဲ့ဖူး ပါတယ္။

သူ႔ရဲ႕ ပြဲဦးထြက္အယ္လ္ဘမ္ Tommy Boy Records, It Takes A Thief (1994 ) ထြက္ရွိခဲ့ၿပီးေနာက္ ၄င္းရဲ႕သီခ်င္း Fantastic Voyage ဟာ Billboard Hot 100 မွာ အဆင့္ ၃ ကို ေရာက္ရွိခဲ့ပါတယ္။ ယင္းေနာက္ ကူလီယိုဟာ ရက္စ္အဆိုေတာ္လမ္းေၾကာင္းေပၚေရာက္ရွိလာခဲ့ကာ ၂ဝဝဝ ျပည့္ႏွစ္မွာ ဇနီးျဖစ္သူ ဂ်ိဳဆီဖာဆာလီနက္ နဲ႔ လက္ထပ္ခဲ့ၿပီး သားသမီး ၄ ဦး ထြန္းကားခဲ့ပါတယ္။

ဆိုရွယ္မီဒီယာမွာ ကူလီယိုရဲ႕မေမွ်ာ္လင့္ထားတဲ့ ႐ုတ္တရက္ေသဆုံးမႈအေပၚ ႏွေျမာတသ ဝမ္းနည္းပူေဆြးေၾကာင္း ေဖာ္ျပတဲ့ Post ေတြ အမ်ားအျပားျမင္ေတြ႕ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.