BLACKPINK ရဲ့ အဖွဲ့ဝင် Jennie၊ Billboard Hot 100 မှာ ၁၅ ပတ်ကြာထိ ရပ်တည်နိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားအမျိုးသမီးဖြစ်လာ

 188

ရောင်နီ (NP News) - ဧပြီ ၁၁

ကမ္ဘာကျော် တောင်ကိုရီးယား K POP အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် Jennie ဟာ Billboard's Hot 100 မှာ ၁၅ ပတ်ထိ အကြာဆုံး ရပ်တည်နိုင်ခဲ့တဲ့ ပထမဆုံး K POP Idol အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ဧပြီလ ၉ ရက်နေ့က Billboard မှာ Jennie ၊ The Weeknd ၊ Lily-Rose Depp တို့ ပူးပေါင်း ပါဝင်ခဲ့တဲ့ "The Idol" ဇာတ်လမ်းတွဲထဲက "One of the girl" တေးသီချင်းဟာ နံပါတ် ၈၅ နေရာမှာ ဆက်လက်ရပ်တည်နေတာ တွေ့ရပါတယ်။ ဒီအတွက် ရလဒ်အနေနဲ့ Jennie ဟာ အခု Hot 100 မှာ ၁၅ ပတ်ကြာ စံချိန်တင် နေရာယူခဲ့တဲ့ ပထမဆုံး ကိုရီးယား မျိုးသမီးတစ်ကိုယ်တော် အဆိုတော်ဖြစ်လာခဲ့ပါတယ်။ "One of the Girls” ဟာ ယခင်လက ဇယားမှာ နံပါတ် ၅၁ ထိ ရောက်ရှိခဲ့ပြီး Jennie ဟာလည်း Hot 100 မှာ အမျိုးသမီး K-pop တစ်ကိုယ်တော် သီဆိုဖူးသမျှ အမြင့်ဆုံး အဆင့်အတွက် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

Jennie ဟာ Blackpink အဖွဲ့နဲ့ ၂၀၁၆ ခုနှစ်က ပွဲဦးထွက်လာခဲ့ပြီး လက်ရှိအချိန်မှာ Blackpink အဖွဲ့ အနေနဲ့ရော၊ Solo အနေနဲ့ပါ အောင်မြင်မှုတွေ ရရှိနေတဲ့ Idol တစ်ယောက် ဖြစ်ပါတယ်။

zawgyi version
ရောင်နီ (NP News) - ဧပြီ ၁၁




Related news

© 2021. All rights reserved.