ဧပြီလ(၂) ရက်နေ့တွင် စစ်မှုထမ်းခြင်းစတင်ခဲ့တဲ့ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် Song Kang

 498

Pika (NP News) - ဧပြီ ၉

တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် Song Kang သည် ဧပြီလ(၂)ရက်နေ့တွင် စစ်မှုထမ်းခြင်းကို စတင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် Song Kang သည် တရားဝင်ပွဲများ လုပ်ဆောင်ခြင်းမျိုးမရှိဘဲ လူသစ်စုဆောင်းရေး စင်တာသို့ သီးသန့်ဝင်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။ ဧပြီလ(၁)ရက်နေ့တွင် Song Kang က ၎င်းအနေဖြင့် စစ်မှုထမ်းဆောင်တော့မည်ဖြစ်ကြောင်းနှင့် ပရိသတ်များကိုကျေးဇူးတင်ကြောင်း စာရေးသားကာမျှဝေခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းအနေဖြင့် စစ်မှုထမ်းဆောင်ပြီးပါက ကျန်းကျန်းမာမာဖြင့်ပြန်လာမည်ဟု ကတိပေးသည့် စာကိုလည်း မျှဝေခဲ့ကြောင်းသိရသည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း အကောင်းဆုံးကြိုး စားသွားမည်ဟု ပရိသတ်များကို Song Kang က ပြောကြားခဲ့ကြောင်းလည်း သိရသည်။

၂၀၁၇ ခုနှစ်တွင် The Liar and His Lover ဒရမ်မာစီးရီးဖြင့်ပွဲဦးထွက်ခဲ့သော Song Kang သည် Love Alarm နှင့် Sweet Home တို့ကဲ့သို့သော Netflix စီးရီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုမှုများကို စတင်ရရှိခဲ့ကြောင်းသိရသည်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သော Song Kang သည် Nevertheless, Forecasting Love and Weather, Navillera နှင့် My Demon တို့ကဲ့သို့သောစီးရီးများတွင် ၎င်းအကောင်း ဆုံးသရုပ်ဆောင်စွမ်းရည်များကို ပြသနိုင်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ဧၿပီလ(၂) ရက္ေန႔တြင္ စစ္မႈထမ္းျခင္းစတင္ခဲ့တဲ့ ေတာင္ကိုရီးယား႐ုပ္ရွင္သ႐ုပ္ေဆာင္ Song Kang
Pika (NP News) - ဧၿပီ ၉

ေတာင္ကိုရီးယား႐ုပ္ရွင္သ႐ုပ္ေဆာင္ Song Kang သည္ ဧၿပီလ(၂)ရက္ေန႔တြင္ စစ္မႈထမ္းျခင္းကို စတင္ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ Song Kang သည္ တရားဝင္ပြဲမ်ား လုပ္ေဆာင္ျခင္းမ်ိဳးမရွိဘဲ လူသစ္စုေဆာင္းေရး စင္တာသို႔ သီးသန႔္ဝင္ေရာက္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ ဧၿပီလ(၁)ရက္ေန႔တြင္ Song Kang က ၎အေနျဖင့္ စစ္မႈထမ္းေဆာင္ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ ပရိသတ္မ်ားကိုေက်းဇူးတင္ေၾကာင္း စာေရးသားကာမွ်ေဝခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎အေနျဖင့္ စစ္မႈထမ္းေဆာင္ၿပီးပါက က်န္းက်န္းမာမာျဖင့္ျပန္လာမည္ဟု ကတိေပးသည့္ စာကိုလည္း မွ်ေဝခဲ့ေၾကာင္းသိရသည္။ စစ္တပ္တြင္ တာဝန္ထမ္းေဆာင္ေနစဥ္အခ်ိန္အတြင္း အေကာင္းဆုံးႀကိဳး စားသြားမည္ဟု ပရိသတ္မ်ားကို Song Kang က ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

၂၀၁၇ ခုႏွစ္တြင္ The Liar and His Lover ဒရမ္မာစီးရီးျဖင့္ပြဲဦးထြက္ခဲ့ေသာ Song Kang သည္ Love Alarm ႏွင့္ Sweet Home တို႔ကဲ့သို႔ေသာ Netflix စီးရီးမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏိုင္ငံတကာ အသိအမွတ္ျပဳမႈမ်ားကို စတင္ရရွိခဲ့ေၾကာင္းသိရသည္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ Song Kang သည္ Nevertheless, Forecasting Love and Weather, Navillera ႏွင့္ My Demon တို႔ကဲ့သို႔ေသာစီးရီးမ်ားတြင္ ၎အေကာင္း ဆုံးသ႐ုပ္ေဆာင္စြမ္းရည္မ်ားကို ျပသႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.