ကေတီပယ်ရီနဲ့အချစ်ရေးအကြောင်း ဖွင့်ဟလာတဲ့ အော်လန်ဒိုဘလွန်း

 792

ရောင်နီ (NP News) - ဧပြီ ၂၁

သရုပ်ဆောင် အော်လန်ဒိုဘလွန်းဟာ ၈ နှစ်ကြာ date နေတဲ့ ရည်းစားဖြစ်သူ ကမ္ဘာကျော် ပေါ့စ်အဆိုတော် ကေတီပယ်ရီနဲ့ အချစ်ရေးအကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့(ဧပြီ ၁၈ ရက်) က What Now? အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူ ထရီဗာနိုဟ် နဲ့ "To the Edge” ဇာတ်လမ်းအကြောင်း မေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုဟ်က ဘလွန်းရဲ့ တွဲဖက် ကေတီပယ်ရီအကြောင်းကို ဆက်လက်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ဘလွန်းက သူ့အနေနဲ့ ကေတီနဲ့ ဆက်ဆံရေး ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ကြောင်း ဆိုကာ "ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းတွေဟာ ကြီးကျယ်ခန်းနားသလို ကေတီဟာလည်း ကျွန်တော့်အတွက် တစ်ခါတစ်ရံ စကြဝဠာတစ်ခုလိုပါပဲ" လို့ ၎င်းက ဆိုခဲ့ပါတယ်။ "ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ထားပြီး ဘဝခရီးကို ပြန်လျှောက်ဖို့ ကြိုးစားနေတယ်" လို့ ၎င်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘလွန်းနဲ့ ကေတီဟာ ၂၀၁၆ ခုနှစ်မှာ စတင် date ခဲ့ကြတာဖြစ်ပြီး ကလေး ၂ ယောက် ထွန်းကားခဲ့ပါတယ်။

zawgyi version
ေကတီပယ္ရီနဲ႔အခ်စ္ေရးအေၾကာင္း ဖြင့္ဟလာတဲ့ ေအာ္လန္ဒိုဘလြန္း
ေရာင္နီ (NP News) - ဧၿပီ ၂၁

သ႐ုပ္ေဆာင္ ေအာ္လန္ဒိုဘလြန္းဟာ ၈ ႏွစ္ၾကာ date ေနတဲ့ ရည္းစားျဖစ္သူ ကမာၻေက်ာ္ ေပါ့စ္အဆိုေတာ္ ေကတီပယ္ရီနဲ႔ အခ်စ္ေရးအေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔(ဧၿပီ ၁၈ ရက္) က What Now? အစီအစဥ္မွာ အစီအစဥ္ တင္ဆက္သူ ထရီဗာႏိုဟ္ နဲ႔ "To the Edge” ဇာတ္လမ္းအေၾကာင္း ေမးျမန္းျခင္း၊ ေျဖၾကားျခင္းတို႔ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ႏိုဟ္က ဘလြန္းရဲ႕ တြဲဖက္ ေကတီပယ္ရီအေၾကာင္းကို ဆက္လက္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။ အဲဒီမွာ ဘလြန္းက သူ႔အေနနဲ႔ ေကတီနဲ႔ ဆက္ဆံေရး ဘယ္လိုမွ ေျပာင္းလဲမွာ မဟုတ္ေၾကာင္း ဆိုကာ "ကြၽန္ေတာ္တို႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္းေတြဟာ ႀကီးက်ယ္ခန္းနားသလို ေကတီဟာလည္း ကြၽန္ေတာ့္အတြက္ တစ္ခါတစ္ရံ စၾကဝဠာတစ္ခုလိုပါပဲ" လို႔ ၎က ဆိုခဲ့ပါတယ္။ "ကြၽန္ေတာ္ သူ႔လက္ကို ဆုပ္ကိုင္ထားၿပီး ဘဝခရီးကို ျပန္ေလွ်ာက္ဖို႔ ႀကိဳးစားေနတယ္" လို႔ ၎က ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဘလြန္းနဲ႔ ေကတီဟာ ၂၀၁၆ ခုႏွစ္မွာ စတင္ date ခဲ့ၾကတာျဖစ္ၿပီး ကေလး ၂ ေယာက္ ထြန္းကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.