တောင်ကိုရီးယားဖိုက်တင်မင်းသား မာဒုံဆော့ခ်၊ ချစ်သူ ရီဂျန်ဟွာနဲ့ မေလမှာ မင်္ဂလာဆောင်ဖြစ်မယ်ဖြစ်ကြောင်း ကြေညာ

 1176

ရောင်နီ (NP News) - ဧပြီ ၉

တောင်ကိုရီးယားလူကြမ်းဖိုက်တင် မင်းသား မာဒုန်ဆော့ဟာ ၄င်းရဲ့ချစ်သူ အစီအစဉ်တင်ဆက်သူ ရီဂျန်ဟွာနဲ့ မကြာခင်မှာ မင်္ဂလာပွဲ ကျင်းပတော့မယ့်အကြောင်း ၂ ယောက်စလုံးရဲ့အေဂျင်စီကနေ ထုတ်ဖော်ပြောကြားလာပါတယ်။

မာဒုန်ဆော့ခ်နဲ့ ရီဂျန်ဟွာတို့စုံတွဲ လာမယ့်မေလမှာ ရင်းနှီးသူတွေသာ သီးသန့်ဖိတ်ကြားပြီး မင်္ဂလာပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ မာဒုန်ဆော့ခ် နဲ့ ရီဂျန်ဟွာရဲ့အေဂျင်စီ Big Punch Entertainment ရဲ့ ကိုယ်စားလှယ်တစ်ဦးက ဧပြီလ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက လူသိရှင်ကြားတွဲခဲ့ကြတဲ့ မာဒုန်ဆော့ခ်နဲ့ ရီဂျန်ဟွာတို့ စုံတွဲဟာ ၂၀၂၁ ခုနှစ်၊ ကိုဗစ်ကာလအချိန်က လက်ထပ်ခဲ့ကြတာဖြစ်ပေမယ့် သီးခြားမင်္ဂလာအခမ်းအနားကျင်းပခြင်း မရှိသေးတာကြောင့် အခုနှစ် မေလမှာမှ မင်္ဂလာပွဲပြန်ကျင်းပရမှာဖြစ်ပါတယ်။

၎င်းတို့ရဲ့မင်္ဂလာပွဲကို မိသားစုတွေ၊ ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသိမိတ်ဆွေတွေနဲ့ပဲ သီးသန့်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားဖိုက္တင္မင္းသား မာဒုံေဆာ့ခ္၊ ခ်စ္သူ ရီဂ်န္ဟြာနဲ႔ ေမလမွာ မဂၤလာေဆာင္ျဖစ္မယ္ျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - ဧၿပီ ၉

ေတာင္ကိုရီးယားလူၾကမ္းဖိုက္တင္ မင္းသား မာဒုန္ေဆာ့ဟာ ၄င္းရဲ႕ခ်စ္သူ အစီအစဥ္တင္ဆက္သူ ရီဂ်န္ဟြာနဲ႔ မၾကာခင္မွာ မဂၤလာပြဲ က်င္းပေတာ့မယ့္အေၾကာင္း ၂ ေယာက္စလုံးရဲ႕ေအဂ်င္စီကေန ထုတ္ေဖာ္ေျပာၾကားလာပါတယ္။

မာဒုန္ေဆာ့ခ္နဲ႔ ရီဂ်န္ဟြာတို႔စုံတြဲ လာမယ့္ေမလမွာ ရင္းႏွီးသူေတြသာ သီးသန္႔ဖိတ္ၾကားၿပီး မဂၤလာပြဲက်င္းပသြားမွာ ျဖစ္တယ္လို႔ မာဒုန္ေဆာ့ခ္ နဲ႔ ရီဂ်န္ဟြာရဲ႕ေအဂ်င္စီ Big Punch Entertainment ရဲ႕ ကိုယ္စားလွယ္တစ္ဦးက ဧၿပီလ ၈ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ကတည္းက လူသိရွင္ၾကားတြဲခဲ့ၾကတဲ့ မာဒုန္ေဆာ့ခ္နဲ႔ ရီဂ်န္ဟြာတို႔ စုံတြဲဟာ ၂၀၂၁ ခုႏွစ္၊ ကိုဗစ္ကာလအခ်ိန္က လက္ထပ္ခဲ့ၾကတာျဖစ္ေပမယ့္ သီးျခားမဂၤလာအခမ္းအနားက်င္းပျခင္း မရွိေသးတာေၾကာင့္ အခုႏွစ္ ေမလမွာမွ မဂၤလာပြဲျပန္က်င္းပရမွာျဖစ္ပါတယ္။

၎တို႔ရဲ႕မဂၤလာပြဲကို မိသားစုေတြ၊ ေဆြမ်ိဳးေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အသိမိတ္ေဆြေတြနဲ႔ပဲ သီးသန႔္က်င္းပမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.