ခါဆွန်ဒေသနဲ့ Zaporizhzhia ဒေသတို့ရဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတပူတင်ဆို

 536

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

ရုရှားသမ္မတပူတင်ဟာ ရုရှားနဲ့ပူးပေါင်းဖို့ ဆန္ဒမဲပေးခဲ့တဲ့ ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းရှိ ခါဆွန် ဒေသနဲ့ Zaporizhzhia ဒေသတို့ရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းအရှေ့ဘက်ပိုင်းရှိ ဒွန်းညက်စ် နဲ့ လူဟန်စ်မြို့အပြင် သိမ်းပိုက်ထားတဲ့ ခါခွန်ဒေသနဲ့ Zaporizhzhia ဒေသတို့ကို ရုရှားနဲ့ပူးပေါင်းလိုခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို ဆန္ဒခံယူပွဲကျင်းပခဲ့ရာ အဲဒီဒေသလေးခုစလုံးက ရုရှားနဲ့ပူးပေါင်းဖို့ ဆန္ဒမဲပေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဒွန်းညက်စ်နဲ့ လူဟန်စ့်ဒေသတို့ရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ဖူးပါတယ်။ ရုရှားသမ္မတပူတင်က "ခါဆွန်ဒေသနဲ့ Zaporizhzhia ဒေသတို့ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပေးသွားမှာပါ" လို့ပြောပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေကတော့ ယူကရိန်းဒေသလေးခုမှာလုပ်ဆောင်ခဲ့တဲ့ ရုရှားရဲ့ဆန္ဒခံယူပွဲကို ဝေဖန်ပြစ်တင်ထားပြီး ရှက်စရာကောင်းတဲ့ဆန္ဒခံယူပွဲဖြစ်ကြောင်း၊ ရလဒ်တွေကို အသိအမှတ်ပြုမှာမဟုတ်ကြောင်း ဆိုထားပါတယ်။

အဆိုပါဒေသလေးခုဟာ ရုရှားနဲ့ပူးပေါင်းဖို့ဆန္ဒပြုခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ရုရှားနိုင်ငံ ပိုင်နက်များဖြစ်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ရုရှားသမ္မတပူတင်ဟာ ဆန္ဒခံယူပွဲ မကျင်းပခင် ရက်အနည်းငယ်အလိုတည်းက ရုရှားရဲ့အချုပ်အခြာအာဏာပိုင်နက်ကို ကာကွယ်သွားမှာဖြစ်ပြီး ပိုင်နက်နယ်မြေများကို ထိခိုက်မယ်ဆိုရင် နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်သွားဖွယ်ရှိတယ်လို့ ဆိုခဲ့ဖူးပါတယ်။

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ယူကရိန်းပိုင်နက် လေးခု သိမ်းယူတဲ့ အခမ်းအနားပွဲကျင်းပသွားဖွယ်ရှိနေပြီး ရုရှားသမ္မတပူတင်ကိုယ်တိုင် မိန့်ခွန်းပြောဆိုဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ယူကရိန်းဒေသ လေးခုရဲ့ခေါင်းဆောင်များဟာ ဒီသီတင်းပတ်အတွင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့ကိုသွားရောက်ပြီး ရုရှားသမ္မတပူတင်ကို ကတိပြုပြောဆိုတာမျိုးတွေ လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ခါဆြန္ေဒသနဲ႔ Zaporizhzhia ေဒသတို႔ရဲ႕လြတ္လပ္ေရးနဲ႔အခ်ဳပ္အျခာကို အသိအမွတ္ျပဳေၾကာင္း ႐ုရွားသမၼတပူတင္ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ဝ

႐ုရွားသမၼတပူတင္ဟာ ႐ုရွားနဲ႔ပူးေပါင္းဖို႔ ဆႏၵမဲေပးခဲ့တဲ့ ယူကရိန္းႏိုင္ငံအေရွ႕ဘက္ပိုင္းရွိ ခါဆြန္ ေဒသနဲ႔ Zaporizhzhia ေဒသတို႔ရဲ႕လြတ္လပ္ေရးကို အသိအမွတ္ျပဳေၾကာင္း အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

႐ုရွားဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းအေရွ႕ဘက္ပိုင္းရွိ ဒြန္းညက္စ္ နဲ႔ လူဟန္စ္ၿမိဳ႕အျပင္ သိမ္းပိုက္ထားတဲ့ ခါခြန္ေဒသနဲ႔ Zaporizhzhia ေဒသတို႔ကို ႐ုရွားနဲ႔ပူးေပါင္းလိုျခင္း ရွိ/မရွိ ဆိုတဲ့အခ်က္ကို ဆႏၵခံယူပြဲက်င္းပခဲ့ရာ အဲဒီေဒသေလးခုစလုံးက ႐ုရွားနဲ႔ပူးေပါင္းဖို႔ ဆႏၵမဲေပးခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဒြန္းညက္စ္နဲ႔ လူဟန္စ့္ေဒသတို႔ရဲ႕လြတ္လပ္ေရးကို အသိအမွတ္ျပဳေၾကာင္း ေၾကညာခဲ့ဖူးပါတယ္။ ႐ုရွားသမၼတပူတင္က "ခါဆြန္ေဒသနဲ႔ Zaporizhzhia ေဒသတို႔ရဲ႕လြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာအာဏာကို အသိအမွတ္ျပဳေပးသြားမွာပါ" လို႔ေျပာပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြကေတာ့ ယူကရိန္းေဒသေလးခုမွာလုပ္ေဆာင္ခဲ့တဲ့ ႐ုရွားရဲ႕ဆႏၵခံယူပြဲကို ေဝဖန္ျပစ္တင္ထားၿပီး ရွက္စရာေကာင္းတဲ့ဆႏၵခံယူပြဲျဖစ္ေၾကာင္း၊ ရလဒ္ေတြကို အသိအမွတ္ျပဳမွာမဟုတ္ေၾကာင္း ဆိုထားပါတယ္။

အဆိုပါေဒသေလးခုဟာ ႐ုရွားနဲ႔ပူးေပါင္းဖို႔ဆႏၵျပဳခဲ့တဲ့အတြက္ လက္ရွိအခ်ိန္မွာ ႐ုရွားႏိုင္ငံ ပိုင္နက္မ်ားျဖစ္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ႐ုရွားသမၼတပူတင္ဟာ ဆႏၵခံယူပြဲ မက်င္းပခင္ ရက္အနည္းငယ္အလိုတည္းက ႐ုရွားရဲ႕အခ်ဳပ္အျခာအာဏာပိုင္နက္ကို ကာကြယ္သြားမွာျဖစ္ၿပီး ပိုင္နက္နယ္ေျမမ်ားကို ထိခိုက္မယ္ဆိုရင္ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳတိုက္ခိုက္သြားဖြယ္ရွိတယ္လို႔ ဆိုခဲ့ဖူးပါတယ္။

႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က ယူကရိန္းပိုင္နက္ ေလးခု သိမ္းယူတဲ့ အခမ္းအနားပြဲက်င္းပသြားဖြယ္ရွိေနၿပီး ႐ုရွားသမၼတပူတင္ကိုယ္တိုင္ မိန႔္ခြန္းေျပာဆိုဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

အဆိုပါ ယူကရိန္းေဒသ ေလးခုရဲ႕ေခါင္းေဆာင္မ်ားဟာ ဒီသီတင္းပတ္အတြင္းမွာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကိုသြားေရာက္ၿပီး ႐ုရွားသမၼတပူတင္ကို ကတိျပဳေျပာဆိုတာမ်ိဳးေတြ လုပ္ေဆာင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.