ဟာရီကိန်းမုန်တိုင်း Ian တိုက်ခတ်မှုများကြောင့် ဖလော်ရီဒါပြည်နယ်အတွင်း သေဆုံးမှုမြင့်တက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတပြော

 453

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း Ian တိုက်ခတ်မှုများကြောင့် လူသေဆုံးမှု သိသိသာသာ တိုးမြှင့်ဖွယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ လက်ရှိအချိန်မှာ ဖလော်ရီဒါပြည်နယ်အတွင်းရှိ ရေများထဲပိတ်မိနေသူများ၊ ပြိုကျပျက်စီးနေတဲ့အိမ်တွေထဲ ပိတ်မိနေသူများကို ဆွဲထုတ်ကယ်ဆယ်ဖို့ ကြိုးပမ်းနေကြောင်းသိရပါတယ်။ ဟာရီကိန်းမုန်တိုင်း Ian ဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် ကုန်တွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာ လူသေဆုံးမှုအများအပြားရှိနေခဲ့ပေမယ့် စာရင်းအတိအကျ မသိသေးကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

အမေရိကန်အစိုးရဟာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ကူညီပေးသွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။

အမေရိကန်သမ္မတ က "မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်အတွင်းမှာ သေဆုံးသူဘယ်နှစ်ဦးရှိမလဲဆိုတာ အတိအကျမသိသေးဘူး။ သေဆုံးသူအရေအတွက် များပြားနိုင်တဲ့ဆိုတဲ့သတင်းတွေကြားနေရတယ်" လို့ပြောပါတယ်။

မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်အတွင်းရှိ အိမ်များနဲ့ စီးပွားရေးလုပ်ငန်းအများအပြား သက်ရောက်မှုရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းများနဲ့ အိမ်ခြေ ၂ ဒသမ ၆ သန်းခန့် မုန်ုတိုင်းဒဏ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖလော်ရီဒါပြည်နယ်အတွင်းရှိ Sanibel Island ကျွန်းဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရတဲ့ ဒေသတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်ကိုတိုက်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ဂျော်ဂျီယာပြည်နယ် နဲ့ ကာရိုလိုင်းနားပြည်နယ်များကို ဦးတည်နေတယ်လို့လည်း သိရပါတယ်။

ဖလော်ရီဒါပြည်နယ်ရှိ Charlotte County အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ၎င်းတို့ဒေသအတွင်းမှာ မုန်တိုင်းကြောင့် အနည်းဆုံး ၁ဝ ဦး သေဆုံးထားတယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ လက်ရှိအချိန်မှာ ဖလော်ရီဒါပြည်နယ်အတွင်းရှိနေရာအများအပြားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဟာရီကိန္းမုန္တိုင္း Ian တိုက္ခတ္မႈမ်ားေၾကာင့္ ဖေလာ္ရီဒါျပည္နယ္အတြင္း ေသဆုံးမႈျမင့္တက္ႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ဝ

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ဖေလာ္ရီဒါျပည္နယ္မွာ ဟာရီကိန္းမုန္တိုင္း Ian တိုက္ခတ္မႈမ်ားေၾကာင့္ လူေသဆုံးမႈ သိသိသာသာ တိုးျမႇင့္ဖြယ္ရွိေနေၾကာင္း သတိေပးေျပာဆိုလိုက္ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ဟာ လက္ရွိအခ်ိန္မွာ ဖေလာ္ရီဒါျပည္နယ္အတြင္းရွိ ေရမ်ားထဲပိတ္မိေနသူမ်ား၊ ၿပိဳက်ပ်က္စီးေနတဲ့အိမ္ေတြထဲ ပိတ္မိေနသူမ်ားကို ဆြဲထုတ္ကယ္ဆယ္ဖို႔ ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။ ဟာရီကိန္းမုန္တိုင္း Ian ဟာ စက္တင္ဘာ ၂၉ ရက္ေန႔မွာ ဖေလာ္ရီဒါျပည္နယ္ ကုန္တြင္းပိုင္းကိုဝင္ေရာက္တိုက္ခတ္ခဲ့ရာ လူေသဆုံးမႈအမ်ားအျပားရွိေနခဲ့ေပမယ့္ စာရင္းအတိအက် မသိေသးေၾကာင္း အေမရိကန္အစိုးရက ေျပာပါတယ္။

အေမရိကန္အစိုးရဟာ မုန္တိုင္းေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ားကို ကူညီေပးသြားမယ္လို႔ ကတိျပဳေျပာဆိုထားပါတယ္။

အေမရိကန္သမၼတ က "မုန္တိုင္းေၾကာင့္ ဖေလာ္ရီဒါျပည္နယ္အတြင္းမွာ ေသဆုံးသူဘယ္ႏွစ္ဦးရွိမလဲဆိုတာ အတိအက်မသိေသးဘူး။ ေသဆုံးသူအေရအတြက္ မ်ားျပားႏိုင္တဲ့ဆိုတဲ့သတင္းေတြၾကားေနရတယ္" လို႔ေျပာပါတယ္။

မုန္တိုင္းေၾကာင့္ ဖေလာ္ရီဒါျပည္နယ္အတြင္းရွိ အိမ္မ်ားနဲ႔ စီးပြားေရးလုပ္ငန္းအမ်ားအျပား သက္ေရာက္မႈရွိခဲ့ၿပီး စီးပြားေရးလုပ္ငန္းမ်ားနဲ႔ အိမ္ေျခ ၂ ဒသမ ၆ သန္းခန႔္ မုႏ္ုတိုင္းဒဏ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ဖေလာ္ရီဒါျပည္နယ္အတြင္းရွိ Sanibel Island ကြၽန္းဟာ မုန္တိုင္းဒဏ္ အဆိုး႐ြားဆုံးခံရတဲ့ ေဒသတစ္ခုျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ မုန္တိုင္းဟာ ဖေလာ္ရီဒါျပည္နယ္ကိုတိုက္ခတ္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ေဂ်ာ္ဂ်ီယာျပည္နယ္ နဲ႔ ကာ႐ိုလိုင္းနားျပည္နယ္မ်ားကို ဦးတည္ေနတယ္လို႔လည္း သိရပါတယ္။

ဖေလာ္ရီဒါျပည္နယ္ရွိ Charlotte County အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ ၎တို႔ေဒသအတြင္းမွာ မုန္တိုင္းေၾကာင့္ အနည္းဆုံး ၁ဝ ဦး ေသဆုံးထားတယ္လို႔ ဆိုပါတယ္။ ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ လက္ရွိအခ်ိန္မွာ ဖေလာ္ရီဒါျပည္နယ္အတြင္းရွိေနရာအမ်ားအျပားမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.