နော့သ်စတင်းမ်း ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု နောက်ကွယ်က လက်မည်းကြီး

 1724

Htay Oung (NP News) - အောက်တိုဘာ ၁

ဘောလ်တစ်ပင်လယ်ကို ဖြတ်သန်းသွယ်တန်းထားတဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်း နော့သ်စတင်းမ်း -ဝမ်း ဓါတ်ငွေ့ပိုက်လိုင်းဟာ ဘွန်းဟုမ်းလ်ကျွန်း အရှေ့မြောက်ဘက်အရောက်မှာ ယခုသီတင်းပတ်အတွင်း ယိုစိမ့်ပေါက် နှစ်ခုကို တွေ့ရှိခဲ့ကြောင်း ဒိန်းမတ် စွမ်းအင်အေဂျင်စီက ပြောကြားခဲ့ပါတယ်။ အလားတူ အခြားဓါတ်ငွေ့ ပိုက်လိုင်းဖြစ်တဲ့ နော့စတင်းမ်-တူးမှာလည်း အဲ့ဒီကျွန်း အရှေ့တောက်ဘက် ဆွီဒင်နိုင်ငံရေပိုင်နက်အတွင်း အရောက်မှာ တတိယနဲ့ စတုတ္ထမြောက် ယိုစိမ့်ပေါက်တွေကို တွေ့ရှိခဲ့ရတယ်လို့ ဂျာမန် “ဒွိုက်ဝယ်လီ” DW သ တင်းအေဂျင်စီက စက်တင်ဘာလ ၃ဝ ရက်ကရေးသားပါတယ်။

ယိုစိမ့်ပေါက်တွေဟာ သာမန် ခပ်သေးသေး အက်ကြောင်း မဟုတ်ပဲ တကယ့် အ ပေါက်ကြီးများဖြစ်ကြောင်း ဒိန်းမတ် အေဂျင်စီက ပြောပါတယ်။

အဲ့ဒီအတောအတွင်း ဘောလ်တစ်ပင်လယ်မှာ ပေါက်ကွဲမှု နှစ်ခု ဖြစ်ပေါ်ခဲ့တာကို ဆွီဒင်အမျိုးသား ငလျင်ဗဟိုဌာနက တွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုတွေဟာ ဖင်လန်နိုင်ငံလောက်အထိ ဝေးကွာကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။ ယိုစိမ့်ပေါက်တွေဟာ သီးသန့်စီးပွားရေးဇုန် ပင်လယ်ရေမျက်နှာပြင်ပေါ်ကို သဘာဝဓာတ်ငွေ့တွေ တွန်းတင်နေပါတယ်။ အဲ့ဒါကြောင့် ကုန်သွယ်ရေကြောင်းသင်္ဘောများအတွက် ဘွန်းဟုမ်းလ် ကျွန်းတစ်ဝိုက် ၅ မိုင်အကွာ မှ ရှောင်ကွင်း ခုတ်မောင်းကြရန်နဲ့ လေယာဉ်များအတွက် အမြင့်ပေ ၃ဝဝ အောက် ပျံသန်းခြင်း မပြုရန် တားမြစ်လိုက်ရပါတယ်။

ယိုစိမ့်ပေါက်ဖြစ်ရခြင်းအကြောင်းရင်းဟာ ဖောက်ခွဲခံရလို့သာ အများဆုံး ဖြစ်ပုံရပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ၊ ဒိန်းမတ် ဝန်ကြီးချုပ်နဲ့ ပိုလန်ဝန်ကြီးချုပ်တို့ ယိုစ်မ့်ပေါက်ဖြစ်ရခြင်းဟာ တမင်ရည်ရွယ်တဲ့ ဖျက်လိုဖျက်ဆီး လုပ်ရပ်ကြောင့်သာဖြစ်ပြီး ယူကရိန်းမှာ အခြေအနေတွေ တိုးမြင့်လာစေဖို့ နောက်ထပ် အမှတ်အသား ဖြစ်လာပြီလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ တမင်ဖျက်ဆီးသလား ထင်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကလည်း ပြောပါတယ်။

ရုရှား ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်ပေါက်ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ဘောလ်တစ်ပင်လယ်ဒေသ ရှစ်နိုင်ငံအနက် လေးနိုင်ငံတို့နဲ့ အရေးတကြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အဖျက်အမှောက်လုပ်ရပ်ကို လစ်လျူ့ရှုလို့ မရပဲ ဥပဒေချိုးဖောက်မှုအဖြစ် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးက DW ကို ပြော ပြပါတယ်။

နော်ဝေး ဓါတ်ငွေ့ကို ဒိန်းမတ်မှတဆင့် ပိုလန်နိုင်ငံကို ပို့လွှတ်မယ့် “ဘောလ်တစ်ပိုက်လိုင်း” ကို ဖွင့်လှစ်လိုက်ချိန် ခုလို “နော့သ်စတင်းမ်း” ပိုက်လိုင်း ယိုစမ့်ပေါက် ဖြစ်ရခြင်းဟာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်သာဖြစ်ခဲ့ရင် ဥရောပအတွက် ဘယ်လောက်သတိထားဖို့လိုပြီး ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာကို သတိပေးချက်ဖြစ်ကြောင်း ဖင်လန်နိုင်ငံ အရှေ့ပိုင်းမှာ ဥရောပကော်မရှင် ညီလာခံကျင်းပနေစဉ် ဟဲလ်ဆင်ကီးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ညီလာခံကျင်းပတဲ့ အဲ့ဒီနေရာဟာ နော့သ်စတင်းမ်ပိုက်လိုင်းအဆုံး ရုရှား “ဗီဘော့“ မြိုက မိုင် ၄၀ လောက်ပဲဝေးပြီး ဖင်လန်-ရုရှားနယ်စပ်ဆိုရင် ၁၉ မိုင်လောက်သာ ဝေးပါတယ်။

ခုဖြစ်ရပ်ရဲ့ ရည်ရွယ်ချက်ဟာ နော့သ်စတင်းမ်ပိုက်လိုင်းကို လုံးလုံးလျားလျား ပျက်ပြားသွားစေဖို့လား ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းလောက်ပဲ ရပ်တန့်စေဖို့လားဆိုတာ မသိနိုင်သေးပါဘူး၊ ခေါင်းအေးအေးထားပြီး ဆင်ခြင်တုံတရားနဲ့ သုံးသပ်ဖို့ လိုကြောင်း၊ အဲ့ဒီပိုက်လိုင်းက ပို့လွှတ်နေတဲ့ ဓါတ်ငွေ့ဆိုတာ ဥရောပနိုင်ငံတချို့မှာ ပြတ်လပ်နေတဲ့ ကုန်စည်တစ်ခုဖြစ်ကြောင်း ဖင်လန်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးက ပြောပါတယ်။

အခုဖြစ်ထာဟာ နိဒါန်းပျိုးယုံပဲရှိသေးပြီး နောင်နှစ် ယူကရိန်းကို သိမ်းယူမယ့် ပူတင်က သူ့ရည်ရွယ်ချက်ကို ပိုလန်နဲ့ ဖင်လန်တို့အပါအဝင် အနောက်နိုင်ငံတွေထံ အသိပေးလိုက်တာ ဖြစ်နိုင်ကြောင်း ရုရှားနဲ့ ထိစပ်နေတဲ့ ပိုလန်ဒေသခံ စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းပါတယ်။

"ဝမ်းနည်းစရာကောင်းတာက ဥရောပ အရှေ့ပိုင်းမိတ်ဖက်နိုင်ငံတွေဟာ ရန်လိုတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း အဆက်မပြတ် လိုက်ပါနေကြပါတယ်၊ အရှေ့ပိုင်း ယူကရိန်းမှာ ရန်စရာရောက်တဲ့ စစ်ရေးအကူအညီမျိုးတွေ ပေးကမ်းနေမယ်ဆိုရင် ဥရောပအနောက်ပိုင်းအပေါ် ပြန်ပြီး ရန်စခံရတဲ့မျိုးကိုလည်း ရှောင်လွှဲလို့ မရဘူးဆိုတာ ထင်ရှားပါတယ်" လို့ ပိုလန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။

နော့စ်စတင်းမ်ပိုက်လိုင်း ယိုစိမ့်ပေါက်ဖြစ်ရခြင်းအတွက် ကျွမ်းကျင်သူအများအပြားတို့က ရုရှားအပေါ် အပြစ်တင်ကြပေမဲ့ ယခုအချိန်အထိ မည်သူမျှ သက်သေ မပြနိုင်သေးပါဘူး။ ဘယ်အချိန် ဘယ်လိုနည်းနဲ့မှ သက်သေပြနိုင်မှာလည်း မဟုတ်ပါဘူး။

အထောက်အထားအားလုံးအရ အဖျက်အမှောက်လုပ်ကြောင်း သံသယဖြစ်စရာရှိပြီး ခွဲခြမ်းစိတ်ဖြာမှု အများစုက ဖောက်ခွဲဖျက်ဆီးမှုဟာ ရုရှား(လက်ချက်) ဖြစ်ကြောင်း ပြသနေပါတယ်။ အဲဒီလိုဆိုရင် ရုရှားအတွက် ဘာအကျိုးရှိမှာလဲ။

သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုနဲ့ ပတ်သက်လို့ အထူးသဖြင့် ဆောင်းရာသီနဲ့ အအေးဒဏ်ဆိုးရွားချိန်မျိုးလို အသည်းအသန်လိုအပ်တဲ့ အခြေအနေမှာ အချိန်မီသတ်မှတ်ထားတဲ့အတိုင်း ပိုက်လိုင်းတွေကို အသက်မသွင်းနိုင်ရင် ဥရောပအပေါ် ရုရှားရဲ့ လွှမ်းမိုးမှု လျော့နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ ရုရှားအတွက် Hybrid warfare “မျိုးပေါင်းစပ်စစ်ပွဲ “ကို ဆင်နွှဲဖို့ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဥရောပဓာတ်ငွေ့ဈေးကွက်အနေနဲ့ ဆောင်းရာသီမတိုင်မီ မျှော်လင့်တာထက် ပိုမိုများပြားတဲ့ ဓါတ်ငွေ့သိုလှောင်မှု ပမာဏကို ပြည့်မှီသွားပြီးနောက် အနည်းငယ် ငြိမ်သက်သွားချိန်မှာ ခုလိုဖြစ်ရတာ မတည်မငြိမ်၊ မသေချာမှုတွေကို အစပျိုးပေးဖို့ လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းတွေကို “နော့သ်စတင်းမ်း အေဂျီ” လို့ ခေါ်တဲ့ ဂျာမန်ကုမ္ပဏီက ပိုင်ဆိုင်ပြီး ရှယ်ယာအများစုဟာ ရုရှားအစိုးရပိုင် “ဂတ်ဇ်ပွန် “ လက်ထဲမှာ ရှိနေပါတယ်။ ယူကရိန်းစစ်ကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ပိုက်လိုင်းပြုပြင်ခြင်း လုပ်ငန်းများကို မထိခိုက်စေကြောင်း ဂျာမနီက ပြောပေမဲ့ အဲ့ဒီဒဏ်ခတ်မှု ကြောင့်ပဲ မပြုပြင်နိုင် ဖြစ်နေကြောင်း မော်စကိုက အခိုင်အမာ ပြောနေပါတယ်။

နော့သ်စတင်းမ်း-ဝမ်းနဲ့ တူး ပိုက်လိုင်းတွေဟာ ၄.၁ စင်တီမီတာအထူရှိတဲ့ သံမဏိပိုက်ပေါ်မှာ သံကူကွန်ကရစ် ၁၁ စင်တီမီတာ အထူနဲ့ ဖုံးအုပ်ထားတာဖြစ်လို့ တော်ယုံ သဘာဝဘေးဒဏ်ကြောင့် ကွဲအက်ဖို့ အလွန်ခဲယဉ်းပါတယ်။

ရုရှားကတော့ ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်ပေါက်ဖြစ်တယ်ဆိုခြင်းဟာ အလွန်စိုးရိမ်စရာကောင်းပြီး အဖျက်အမှောက်လုပ်ခံရသလားဆိုတာအပါအဝင် ချက်ချင်း စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုခဲ့ပါတယ်။

နော့သ်စတင်းမ်ပိုက်လိုင်း ဓာတ်ငွေ့များ ယိုစိမ့်တဲ့နေရာမှာ တွေ့ရှိချက်များအရ ပင်လယ်ရေပြင်အတွင်း ပေါက်ကွဲမှုများကြောင့်ဖြစ်ပြီး ဘောလ်တစ်ပင်လယ် ငလျင်နဲ့ ပင်လယ်ကြမ်းပြင် မြေပြိုမှုများကြောင့် မဟုတ်တာ သေချာကြောင်း ဆွီဒင် ငလျင်ပညာရှင်တစ်ဦးက အင်္ဂါနေ့မှာ ပြောဆိုတယ်လို့ Star သတင်း အေဂျင်စီက စက်တင်ဘာလ ၂၈ ရက်ကရေးသားပါတယ်။

ပိုက်လိုင်းပေါက်ပြဲမှုတွေဟာ ရာသီဥတုပျက်စီးခြင်းကြောင့် ထွက်ပေါ်လေ့ရှိတဲ့ မီသိန်းဓါတ်ငွေ့ကို တစ်ချက်တည်းနဲ့ စံချိန်တင်ပမာဏအထိ ထုတ်လွှတ်မှုကြောင့်ဖြစ်ကြောင်း ဒိန်းမတ်နဲ့ ဆွီဒင်တို့၏ ပူးတွဲအစီရင်ခံစာကို ကိုးကားပြီး ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ်က သောကြာနေ့မှာ ပြောဆိုတယ်လို့ Guardian က ယနေ့ သတင်းဖော်ပြပါတယ်။ ဒီအတွက် ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြမယ်လို့ သိရှိရပါတယ်။

ထောက်လှမ်းရေးသတင်းရင်းမြစ်များကို ကိုးကားပြီး ဂျာမန် စပီးဂျဲလ်သတင်းမဂ္ဂဇင်းက ရေးသားရာမှာ စစ်သုံး TNT ယမ်း ၅ဝဝ ကီလိုဂရမ်ကို အသုံးပြုထားတဲ့ ပေါက်ကွဲမှုကြောင့် ပိုက်လိုင်းများရဲ့ လေးနေရာကို ထိမှန်ခဲ့ကြောင်း၊ အဲ့ဒီပမာဏဟာ အကြီးစား ဗုံးကြဲလေယာဉ်က ဗုံးတစ်လုံးရဲ့ ပေါက်ကွဲအားနှင့် ညီမျှကြောင်း၊ ပေါက်ကွဲမှုများရဲ့ စွမ်းအားကို တွက်ချက်ရာမှာ ဂျာမန်စုံစမ်းစစ်ဆေးရေးမှူးများအနေနဲ့ ငလျင်ဆိုင်ရာ မှတ်တမ်းများကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ကြောင်း သိရှိရပါတယ်။

ခုလိုဖြစ်ရတာ ယူကရိန်းမှာ ရှိတဲ့ ရုရှားဆန့်ကျင်ရေးအုပ်စုရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ နေတိုးစစ်စာချုပ်အဖွဲ့ STO သိပ္ပံနှင့်နည်းပညာဋ္ဌာန ညွှန်ကြားရေးမှူးက ခန့်မှန်းပါတယ်။

ဒါပေမဲ့ ပိုလန် လွှတ်တော်အမတ်တစ် ယောက်ကတော့ အဲ့ဒီလို တမင်ဖျက်ဆီးတာမျိုကို ဝါရှင်တန်လည်း ဖြစ်နိုင်ကြောင်း၊ “ ကျေးဇူးပါ အမေရိကန်တွေရေ..“ လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှာကို အများစိုးရိမ်နေကြတဲ့ ဘောလ်တစ်ပင် လယ်ရေ မျက်နှာပြင်ပေါ်က ဧရာမ ဓါတ်ငွေ့ပလုံစီကွက်ကြီး ဓါတ်ပုံနဲ့အတူ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားပါတယ်။

zawgyi version
ေနာ့သ္စတင္းမ္း ဓာတ္ေငြ႕ပိုက္လိုင္း ယိုစိမ့္မႈ ေနာက္ကြယ္က လက္မည္းႀကီး
Htay Oung (NP News) - ေအာက္တိုဘာ ၁

ေဘာလ္တစ္ပင္လယ္ကို ျဖတ္သန္းသြယ္တန္းထားတဲ့ ႐ုရွားဓာတ္ေငြ႕ပိုက္လိုင္း ေနာ့သ္စတင္းမ္း -ဝမ္း ဓါတ္ေငြ႕ပိုက္လိုင္းဟာ ဘြန္းဟုမ္းလ္ကြၽန္း အေရွ႕ေျမာက္ဘက္အေရာက္မွာ ယခုသီတင္းပတ္အတြင္း ယိုစိမ့္ေပါက္ ႏွစ္ခုကို ေတြ႕ရွိခဲ့ေၾကာင္း ဒိန္းမတ္ စြမ္းအင္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ အလားတူ အျခားဓါတ္ေငြ႕ ပိုက္လိုင္းျဖစ္တဲ့ ေနာ့စတင္းမ္-တူးမွာလည္း အဲ့ဒီကြၽန္း အေရွ႕ေတာက္ဘက္ ဆြီဒင္ႏိုင္ငံေရပိုင္နက္အတြင္း အေရာက္မွာ တတိယနဲ႔ စတုတၳေျမာက္ ယိုစိမ့္ေပါက္ေတြကို ေတြ႕ရွိခဲ့ရတယ္လို႔ ဂ်ာမန္ “ဒြိဳက္ဝယ္လီ” DW သ တင္းေအဂ်င္စီက စက္တင္ဘာလ ၃ဝ ရက္ကေရးသားပါတယ္။

ယိုစိမ့္ေပါက္ေတြဟာ သာမန္ ခပ္ေသးေသး အက္ေၾကာင္း မဟုတ္ပဲ တကယ့္ အ ေပါက္ႀကီးမ်ားျဖစ္ေၾကာင္း ဒိန္းမတ္ ေအဂ်င္စီက ေျပာပါတယ္။

အဲ့ဒီအေတာအတြင္း ေဘာလ္တစ္ပင္လယ္မွာ ေပါက္ကြဲမႈ ႏွစ္ခု ျဖစ္ေပၚခဲ့တာကို ဆြီဒင္အမ်ိဳးသား ငလ်င္ဗဟိုဌာနက ေတြ႕ရွိခဲ့ၿပီး ေပါက္ကြဲမႈေတြဟာ ဖင္လန္ႏိုင္ငံေလာက္အထိ ေဝးကြာေၾကာင္း မွတ္တမ္းတင္ခဲ့ပါတယ္။ ယိုစိမ့္ေပါက္ေတြဟာ သီးသန႔္စီးပြားေရးဇုန္ ပင္လယ္ေရမ်က္ႏွာျပင္ေပၚကို သဘာဝဓာတ္ေငြ႕ေတြ တြန္းတင္ေနပါတယ္။ အဲ့ဒါေၾကာင့္ ကုန္သြယ္ေရေၾကာင္းသေဘၤာမ်ားအတြက္ ဘြန္းဟုမ္းလ္ ကြၽန္းတစ္ဝိုက္ ၅ မိုင္အကြာ မွ ေရွာင္ကြင္း ခုတ္ေမာင္းၾကရန္နဲ႔ ေလယာဥ္မ်ားအတြက္ အျမင့္ေပ ၃ဝဝ ေအာက္ ပ်ံသန္းျခင္း မျပဳရန္ တားျမစ္လိုက္ရပါတယ္။

ယိုစိမ့္ေပါက္ျဖစ္ရျခင္းအေၾကာင္းရင္းဟာ ေဖာက္ခြဲခံရလို႔သာ အမ်ားဆုံး ျဖစ္ပုံရပါတယ္။ ဥေရာပေကာ္မရွင္ ဥကၠ႒၊ ဒိန္းမတ္ ဝန္ႀကီးခ်ဳပ္နဲ႔ ပိုလန္ဝန္ႀကီးခ်ဳပ္တို႔ ယိုစ္မ့္ေပါက္ျဖစ္ရျခင္းဟာ တမင္ရည္႐ြယ္တဲ့ ဖ်က္လိုဖ်က္ဆီး လုပ္ရပ္ေၾကာင့္သာျဖစ္ၿပီး ယူကရိန္းမွာ အေျခအေနေတြ တိုးျမင့္လာေစဖို႔ ေနာက္ထပ္ အမွတ္အသား ျဖစ္လာၿပီလို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ တမင္ဖ်က္ဆီးသလား ထင္ရတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကင္ကလည္း ေျပာပါတယ္။

႐ုရွား ဓါတ္ေငြ႕ပိုက္လိုင္းမွာ ယိုစိမ့္ေပါက္ျဖစ္ရျခင္းနဲ႔ ပတ္သက္ၿပီး ေဘာလ္တစ္ပင္လယ္ေဒသ ရွစ္ႏိုင္ငံအနက္ ေလးႏိုင္ငံတို႔နဲ႔ အေရးတႀကီး ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း၊ အဖ်က္အေမွာက္လုပ္ရပ္ကို လစ္လ်ဴ႕ရႈလို႔ မရပဲ ဥပေဒခ်ိဳးေဖာက္မႈအျဖစ္ စုံစမ္းစစ္ေဆးသြားမွာျဖစ္ေၾကာင္း ဖင္လန္ႏိုင္ငံျခားေရး ဝန္ႀကီးက DW ကို ေျပာ ျပပါတယ္။

ေနာ္ေဝး ဓါတ္ေငြ႕ကို ဒိန္းမတ္မွတဆင့္ ပိုလန္ႏိုင္ငံကို ပို႔လႊတ္မယ့္ “ေဘာလ္တစ္ပိုက္လိုင္း” ကို ဖြင့္လွစ္လိုက္ခ်ိန္ ခုလို “ေနာ့သ္စတင္းမ္း” ပိုက္လိုင္း ယိုစမ့္ေပါက္ ျဖစ္ရျခင္းဟာ တမင္ရည္႐ြယ္ခ်က္ရွိရွိ လုပ္ရပ္သာျဖစ္ခဲ့ရင္ ဥေရာပအတြက္ ဘယ္ေလာက္သတိထားဖို႔လိုၿပီး ဘယ္ေလာက္ ထိခိုက္ႏိုင္တယ္ဆိုတာကို သတိေပးခ်က္ျဖစ္ေၾကာင္း ဖင္လန္ႏိုင္ငံ အေရွ႕ပိုင္းမွာ ဥေရာပေကာ္မရွင္ ညီလာခံက်င္းပေနစဥ္ ဟဲလ္ဆင္ကီးႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ညီလာခံက်င္းပတဲ့ အဲ့ဒီေနရာဟာ ေနာ့သ္စတင္းမ္ပိုက္လိုင္းအဆုံး ႐ုရွား “ဗီေဘာ့“ ၿမိဳက မိုင္ ၄၀ ေလာက္ပဲေဝးၿပီး ဖင္လန္-႐ုရွားနယ္စပ္ဆိုရင္ ၁၉ မိုင္ေလာက္သာ ေဝးပါတယ္။

ခုျဖစ္ရပ္ရဲ႕ ရည္႐ြယ္ခ်က္ဟာ ေနာ့သ္စတင္းမ္ပိုက္လိုင္းကို လုံးလုံးလ်ားလ်ား ပ်က္ျပားသြားေစဖို႔လား ဒါမွမဟုတ္ တစ္စိတ္တစ္ပိုင္းေလာက္ပဲ ရပ္တန႔္ေစဖို႔လားဆိုတာ မသိႏိုင္ေသးပါဘူး၊ ေခါင္းေအးေအးထားၿပီး ဆင္ျခင္တုံတရားနဲ႔ သုံးသပ္ဖို႔ လိုေၾကာင္း၊ အဲ့ဒီပိုက္လိုင္းက ပို႔လႊတ္ေနတဲ့ ဓါတ္ေငြ႕ဆိုတာ ဥေရာပႏိုင္ငံတခ်ိဳ႕မွာ ျပတ္လပ္ေနတဲ့ ကုန္စည္တစ္ခုျဖစ္ေၾကာင္း ဖင္လန္ႏိုင္ငံဆိုင္ရာ ဂ်ာမနီသံအမတ္ႀကီးက ေျပာပါတယ္။

အခုျဖစ္ထာဟာ နိဒါန္းပ်ိဳးယုံပဲရွိေသးၿပီး ေနာင္ႏွစ္ ယူကရိန္းကို သိမ္းယူမယ့္ ပူတင္က သူ႔ရည္႐ြယ္ခ်က္ကို ပိုလန္နဲ႔ ဖင္လန္တို႔အပါအဝင္ အေနာက္ႏိုင္ငံေတြထံ အသိေပးလိုက္တာ ျဖစ္ႏိုင္ေၾကာင္း ႐ုရွားနဲ႔ ထိစပ္ေနတဲ့ ပိုလန္ေဒသခံ စီးပြားေရးကြၽမ္းက်င္သူတစ္ဦးက ခန႔္မွန္းပါတယ္။

"ဝမ္းနည္းစရာေကာင္းတာက ဥေရာပ အေရွ႕ပိုင္းမိတ္ဖက္ႏိုင္ငံေတြဟာ ရန္လိုတဲ့ ႏိုင္ငံေရးလမ္းစဥ္အတိုင္း အဆက္မျပတ္ လိုက္ပါေနၾကပါတယ္၊ အေရွ႕ပိုင္း ယူကရိန္းမွာ ရန္စရာေရာက္တဲ့ စစ္ေရးအကူအညီမ်ိဳးေတြ ေပးကမ္းေနမယ္ဆိုရင္ ဥေရာပအေနာက္ပိုင္းအေပၚ ျပန္ၿပီး ရန္စခံရတဲ့မ်ိဳးကိုလည္း ေရွာင္လႊဲလို႔ မရဘူးဆိုတာ ထင္ရွားပါတယ္" လို႔ ပိုလန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးက မွတ္ခ်က္ေပးပါတယ္။

ေနာ့စ္စတင္းမ္ပိုက္လိုင္း ယိုစိမ့္ေပါက္ျဖစ္ရျခင္းအတြက္ ကြၽမ္းက်င္သူအမ်ားအျပားတို႔က ႐ုရွားအေပၚ အျပစ္တင္ၾကေပမဲ့ ယခုအခ်ိန္အထိ မည္သူမွ် သက္ေသ မျပႏိုင္ေသးပါဘူး။ ဘယ္အခ်ိန္ ဘယ္လိုနည္းနဲ႔မွ သက္ေသျပႏိုင္မွာလည္း မဟုတ္ပါဘူး။

အေထာက္အထားအားလုံးအရ အဖ်က္အေမွာက္လုပ္ေၾကာင္း သံသယျဖစ္စရာရွိၿပီး ခြဲျခမ္းစိတ္ျဖာမႈ အမ်ားစုက ေဖာက္ခြဲဖ်က္ဆီးမႈဟာ ႐ုရွား(လက္ခ်က္) ျဖစ္ေၾကာင္း ျပသေနပါတယ္။ အဲဒီလိုဆိုရင္ ႐ုရွားအတြက္ ဘာအက်ိဳးရွိမွာလဲ။

သဘာဝဓာတ္ေငြ႕ ပို႔လႊတ္မႈနဲ႔ ပတ္သက္လို႔ အထူးသျဖင့္ ေဆာင္းရာသီနဲ႔ အေအးဒဏ္ဆိုး႐ြားခ်ိန္မ်ိဳးလို အသည္းအသန္လိုအပ္တဲ့ အေျခအေနမွာ အခ်ိန္မီသတ္မွတ္ထားတဲ့အတိုင္း ပိုက္လိုင္းေတြကို အသက္မသြင္းႏိုင္ရင္ ဥေရာပအေပၚ ႐ုရွားရဲ႕ လႊမ္းမိုးမႈ ေလ်ာ့နည္းသြားႏိုင္ပါတယ္။ ဒါေပမဲ့လည္း ဒါဟာ ႐ုရွားအတြက္ Hybrid warfare “မ်ိဳးေပါင္းစပ္စစ္ပြဲ “ကို ဆင္ႏႊဲဖို႔ ေနာက္ထပ္နည္းလမ္းတစ္ခု ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။

ဥေရာပဓာတ္ေငြ႕ေဈးကြက္အေနနဲ႔ ေဆာင္းရာသီမတိုင္မီ ေမွ်ာ္လင့္တာထက္ ပိုမိုမ်ားျပားတဲ့ ဓါတ္ေငြ႕သိုေလွာင္မႈ ပမာဏကို ျပည့္မွီသြားၿပီးေနာက္ အနည္းငယ္ ၿငိမ္သက္သြားခ်ိန္မွာ ခုလိုျဖစ္ရတာ မတည္မၿငိမ္၊ မေသခ်ာမႈေတြကို အစပ်ိဳးေပးဖို႔ လႈံ႕ေဆာ္မႈတစ္ခု ျဖစ္ႏိုင္ပါတယ္။

ဓာတ္ေငြ႕ပိုက္လိုင္းေတြကို “ေနာ့သ္စတင္းမ္း ေအဂ်ီ” လို႔ ေခၚတဲ့ ဂ်ာမန္ကုမၸဏီက ပိုင္ဆိုင္ၿပီး ရွယ္ယာအမ်ားစုဟာ ႐ုရွားအစိုးရပိုင္ “ဂတ္ဇ္ပြန္ “ လက္ထဲမွာ ရွိေနပါတယ္။ ယူကရိန္းစစ္ေၾကာင့္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြဟာ ပိုက္လိုင္းျပဳျပင္ျခင္း လုပ္ငန္းမ်ားကို မထိခိုက္ေစေၾကာင္း ဂ်ာမနီက ေျပာေပမဲ့ အဲ့ဒီဒဏ္ခတ္မႈ ေၾကာင့္ပဲ မျပဳျပင္ႏိုင္ ျဖစ္ေနေၾကာင္း ေမာ္စကိုက အခိုင္အမာ ေျပာေနပါတယ္။

ေနာ့သ္စတင္းမ္း-ဝမ္းနဲ႔ တူး ပိုက္လိုင္းေတြဟာ ၄.၁ စင္တီမီတာအထူရွိတဲ့ သံမဏိပိုက္ေပၚမွာ သံကူကြန္ကရစ္ ၁၁ စင္တီမီတာ အထူနဲ႔ ဖုံးအုပ္ထားတာျဖစ္လို႔ ေတာ္ယုံ သဘာဝေဘးဒဏ္ေၾကာင့္ ကြဲအက္ဖို႔ အလြန္ခဲယဥ္းပါတယ္။

႐ုရွားကေတာ့ ဓါတ္ေငြ႕ပိုက္လိုင္းမွာ ယိုစိမ့္ေပါက္ျဖစ္တယ္ဆိုျခင္းဟာ အလြန္စိုးရိမ္စရာေကာင္းၿပီး အဖ်က္အေမွာက္လုပ္ခံရသလားဆိုတာအပါအဝင္ ခ်က္ခ်င္း စုံစမ္းစစ္ေဆးၿပီး အေရးယူေဆာင္႐ြက္ဖို႔ ကရင္မလင္ေျပာေရးဆိုခြင့္ရွိသူက ေတာင္းဆိုခဲ့ပါတယ္။

ေနာ့သ္စတင္းမ္ပိုက္လိုင္း ဓာတ္ေငြ႕မ်ား ယိုစိမ့္တဲ့ေနရာမွာ ေတြ႕ရွိခ်က္မ်ားအရ ပင္လယ္ေရျပင္အတြင္း ေပါက္ကြဲမႈမ်ားေၾကာင့္ျဖစ္ၿပီး ေဘာလ္တစ္ပင္လယ္ ငလ်င္နဲ႔ ပင္လယ္ၾကမ္းျပင္ ေျမၿပိဳမႈမ်ားေၾကာင့္ မဟုတ္တာ ေသခ်ာေၾကာင္း ဆြီဒင္ ငလ်င္ပညာရွင္တစ္ဦးက အဂၤါေန႔မွာ ေျပာဆိုတယ္လို႔ Star သတင္း ေအဂ်င္စီက စက္တင္ဘာလ ၂၈ ရက္ကေရးသားပါတယ္။

ပိုက္လိုင္းေပါက္ၿပဲမႈေတြဟာ ရာသီဥတုပ်က္စီးျခင္းေၾကာင့္ ထြက္ေပၚေလ့ရွိတဲ့ မီသိန္းဓါတ္ေငြ႕ကို တစ္ခ်က္တည္းနဲ႔ စံခ်ိန္တင္ပမာဏအထိ ထုတ္လႊတ္မႈေၾကာင့္ျဖစ္ေၾကာင္း ဒိန္းမတ္နဲ႔ ဆြီဒင္တို႔၏ ပူးတြဲအစီရင္ခံစာကို ကိုးကားၿပီး ကုလသမဂၢ သဘာဝပတ္ဝန္းက်င္ အစီအစဥ္က ေသာၾကာေန႔မွာ ေျပာဆိုတယ္လို႔ Guardian က ယေန႔ သတင္းေဖာ္ျပပါတယ္။ ဒီအတြက္ ကုလလုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးၾကမယ္လို႔ သိရွိရပါတယ္။

ေထာက္လွမ္းေရးသတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး ဂ်ာမန္ စပီးဂ်ဲလ္သတင္းမဂၢဇင္းက ေရးသားရာမွာ စစ္သုံး TNT ယမ္း ၅ဝဝ ကီလိုဂရမ္ကို အသုံးျပဳထားတဲ့ ေပါက္ကြဲမႈေၾကာင့္ ပိုက္လိုင္းမ်ားရဲ႕ ေလးေနရာကို ထိမွန္ခဲ့ေၾကာင္း၊ အဲ့ဒီပမာဏဟာ အႀကီးစား ဗုံးႀကဲေလယာဥ္က ဗုံးတစ္လုံးရဲ႕ ေပါက္ကြဲအားႏွင့္ ညီမွ်ေၾကာင္း၊ ေပါက္ကြဲမႈမ်ားရဲ႕ စြမ္းအားကို တြက္ခ်က္ရာမွာ ဂ်ာမန္စုံစမ္းစစ္ေဆးေရးမႉးမ်ားအေနနဲ႔ ငလ်င္ဆိုင္ရာ မွတ္တမ္းမ်ားကိုလည္း ထည့္သြင္းတြက္ခ်က္ခဲ့ေၾကာင္း သိရွိရပါတယ္။

ခုလိုျဖစ္ရတာ ယူကရိန္းမွာ ရွိတဲ့ ႐ုရွားဆန႔္က်င္ေရးအုပ္စုရဲ႕ လက္ခ်က္ျဖစ္ႏိုင္တယ္လို႔ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ STO သိပၸံႏွင့္နည္းပညာ႒ာန ၫႊန္ၾကားေရးမႉးက ခန႔္မွန္းပါတယ္။

ဒါေပမဲ့ ပိုလန္ လႊတ္ေတာ္အမတ္တစ္ ေယာက္ကေတာ့ အဲ့ဒီလို တမင္ဖ်က္ဆီးတာမ်ိဳကို ဝါရွင္တန္လည္း ျဖစ္ႏိုင္ေၾကာင္း၊ “ ေက်းဇူးပါ အေမရိကန္ေတြေရ..“ လို႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္လာမွာကို အမ်ားစိုးရိမ္ေနၾကတဲ့ ေဘာလ္တစ္ပင္ လယ္ေရ မ်က္ႏွာျပင္ေပၚက ဧရာမ ဓါတ္ေငြ႕ပလုံစီကြက္ႀကီး ဓါတ္ပုံနဲ႔အတူ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားပါတယ္။

Related news

© 2021. All rights reserved.