တောင်ကိုရီးယားမှာ စက်ရုံထွက်ကုန် ထုတ်လုပ်မှုနှုန်းတွေ ဆက်တိုက်ကျဆင်းလာ

 511

ရောင်နီ (NP News) - အောက်တိုဘာ ၂

ရုရှား - ယူကရိန်း စစ်ပွဲကြောင့် အတိုးနှုန်း မြင့်တက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် တောင်ကိုရီးယားရဲ့ စက်ရုံထုတ်လုပ်မှုနှုန်းဟာ သြဂုတ်လမှာ ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ ဒါဟာ ဒုတိယမြောက်လအဖြစ်ဆက်လက် ကျဆင်းလာတာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအတွက် ထိခိုက်လာနိုင်မယ့် လက္ခဏာဖြစ်လာခဲ့ပါတယ်။

အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးဟာ ဇူလိုင်လက ၁.၃ ရာခိုင်နှုန်း ကျဆင်းပြီးနောက် လစဉ်အခြေခံ စက်မှုကုန်ထွက်မှာ မျှော်လင့်ထားတာထက် ၁.၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစိုးရကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ယခင်နှစ် အလား တူလကလည်း စက်ရုံမှထွက်ရှိမှု ၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ၂ဝ၂၁ ခုနှစ် စက် တင်ဘာလနောက်ပိုင်း အနှေးကွေးဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ဝန် ဆောင်မှုကဏ္ဍအတွက် ထုတ်လုပ်မှုကတော့ ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လက်လီရောင်းချမှု ၄.၃ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂ဝ၂ဝ ခုနှစ် မေလနောက်ပိုင်း အများဆုံး အမြတ်ဖြစ်ခဲ့ပါတယ်။

တရုတ်၊ ဂျပန်နဲ့ ထိုင်ဝမ်တို့ အပါအဝင် အခြားအာရှနိုင်ငံတွေရဲ့ အဓိက စီးပွားရေးတွေမှာလည်း စက်ရုံထွက်ကုန် နှေးကွေးနေခြင်းကို ပြသနေပါတယ်။ ပေကျင်းရဲ့ အလွန်တင်းကျပ်သော “Zero COVID” မူဝါဒတွေဟာ ထုတ်လုပ်မှုနဲ့ ရောင်းအားကို ပိုမိုထိခိုက်လာတာကြောင့် စက်တင်ဘာလမှာ တရုတ်ရဲ့ စက်ရုံထုတ်လုပ်မှု ပိုမိုနှေးကွေးသွားခဲ့ကြောင်း သောကြာနေ့(စက်တင်ဘာလ ၃ဝ ရက်)က ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကကဏ္ဍစစ်တမ်းတစ်ခုအရ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး ကားများ၊ ချစ်ပ်များနဲ့ သင်္ဘောများ ထုတ်လုပ်တဲ့ တောင်ကိုရီးယားဟာ ကမ္ဘာ့စီးပွားရေးကို ၎င်းရဲ့ကုမ္ပဏီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ အသက်သွေးကြောဆိုင်ရာ ဘားရိုမီတာအဖြစ် ရှုမြင်ကြပါတယ်။ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ရဲ့ (၄ဝ)ရာခိုင်နှုန်း နီးပါးရှိတဲ့ တောင်ကိုရီးယား ပို့ကုန်ဟာ စက်တင်ဘာလမှာ သိသိသာသာ နှေးကွေးသွားဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင်တွေရဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။

“ဒါဟာ ပြည်တွင်းနဲ့ ကမ္ဘာ့စီးပွားရေးအတွက် သေချာပေါက် သက်ဆိုင်ပါတယ်။မျှော် မှန်းထားတာထက် အားနည်းလာတာကတော့ ကိုရီးယားရဲ့ အဓိကပို့ကုန်ပစ္စည်းတွေဖြစ်တဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ရေနံဓာတုပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုရီးယား GDP အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိမှာ သေချာပြီး ကမ္ဘာ့ဝယ်လိုအား အားနည်းမှုကိုလည်း ညွှန်ပြနေပါတယ်" လို့ ING မှ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် မင်ဂျုကန်က ပြောကြားခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယားမွာ စက္႐ုံထြက္ကုန္ ထုတ္လုပ္မႈႏႈန္းေတြ ဆက္တိုက္က်ဆင္းလာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂

႐ုရွား - ယူကရိန္း စစ္ပြဲေၾကာင့္ အတိုးႏႈန္း ျမင့္တက္မႈ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ေတာင္ကိုရီးယားရဲ႕ စက္႐ုံထုတ္လုပ္မႈႏႈန္းဟာ ၾသဂုတ္လမွာ ဆက္တိုက္က်ဆင္းခဲ့ပါတယ္။ ဒါဟာ ဒုတိယေျမာက္လအျဖစ္ဆက္လက္ က်ဆင္းလာတာျဖစ္ၿပီး ကမာၻ႔စီးပြားေရးအတြက္ ထိခိုက္လာႏိုင္မယ့္ လကၡဏာျဖစ္လာခဲ့ပါတယ္။

အာရွရဲ႕ စတုတၳအႀကီးဆုံး စီးပြားေရးဟာ ဇူလိုင္လက ၁.၃ ရာခိုင္ႏႈန္း က်ဆင္းၿပီးေနာက္ လစဥ္အေျခခံ စက္မႈကုန္ထြက္မွာ ေမွ်ာ္လင့္ထားတာထက္ ၁.၈ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း အစိုးရကိန္းဂဏန္းေတြက ေဖာ္ျပပါတယ္။ ယခင္ႏွစ္ အလား တူလကလည္း စက္႐ုံမွထြက္ရွိမႈ ၁ ရာခိုင္ႏႈန္းသာ ျမင့္တက္ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ စက္ တင္ဘာလေနာက္ပိုင္း အေႏွးေကြးဆုံးႏႈန္း ျဖစ္ခဲ့ပါတယ္။ သို႔ေသာ္လည္း ဝန္ ေဆာင္မႈက႑အတြက္ ထုတ္လုပ္မႈကေတာ့ ၁.၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး လက္လီေရာင္းခ်မႈ ၄.၃ ရာခိုင္ႏႈန္း ခုန္တက္သြားကာ ၂ဝ၂ဝ ခုႏွစ္ ေမလေနာက္ပိုင္း အမ်ားဆုံး အျမတ္ျဖစ္ခဲ့ပါတယ္။

တ႐ုတ္၊ ဂ်ပန္နဲ႔ ထိုင္ဝမ္တို႔ အပါအဝင္ အျခားအာရွႏိုင္ငံေတြရဲ႕ အဓိက စီးပြားေရးေတြမွာလည္း စက္႐ုံထြက္ကုန္ ေႏွးေကြးေနျခင္းကို ျပသေနပါတယ္။ ေပက်င္းရဲ႕ အလြန္တင္းက်ပ္ေသာ “Zero COVID” မူဝါဒေတြဟာ ထုတ္လုပ္မႈနဲ႔ ေရာင္းအားကို ပိုမိုထိခိုက္လာတာေၾကာင့္ စက္တင္ဘာလမွာ တ႐ုတ္ရဲ႕ စက္႐ုံထုတ္လုပ္မႈ ပိုမိုေႏွးေကြးသြားခဲ့ေၾကာင္း ေသာၾကာေန႔(စက္တင္ဘာလ ၃ဝ ရက္)က ထုတ္ျပန္ခဲ့တဲ့ ပုဂၢလိကက႑စစ္တမ္းတစ္ခုအရ သိရပါတယ္။

ကမာၻ႔အႀကီးဆုံး ကားမ်ား၊ ခ်စ္ပ္မ်ားနဲ႔ သေဘၤာမ်ား ထုတ္လုပ္တဲ့ ေတာင္ကိုရီးယားဟာ ကမာၻ႔စီးပြားေရးကို ၎ရဲ႕ကုမၸဏီေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ လႊမ္းၿခဳံထားတာေၾကာင့္ ကမာၻ႔ကုန္သြယ္ေရးရဲ႕ အသက္ေသြးေၾကာဆိုင္ရာ ဘား႐ိုမီတာအျဖစ္ ရႈျမင္ၾကပါတယ္။ ျပည္တြင္းအသားတင္ထုတ္ကုန္ (GDP) ရဲ႕ (၄ဝ)ရာခိုင္ႏႈန္း နီးပါးရွိတဲ့ ေတာင္ကိုရီးယား ပို႔ကုန္ဟာ စက္တင္ဘာလမွာ သိသိသာသာ ေႏွးေကြးသြားဖြယ္ရွိတယ္လို႔ စီးပြားေရးပညာရွင္ေတြရဲ႕ စစ္တမ္းတစ္ခုက ဆိုပါတယ္။

“ဒါဟာ ျပည္တြင္းနဲ႔ ကမာၻ႔စီးပြားေရးအတြက္ ေသခ်ာေပါက္ သက္ဆိုင္ပါတယ္။ေမွ်ာ္ မွန္းထားတာထက္ အားနည္းလာတာကေတာ့ ကိုရီးယားရဲ႕ အဓိကပို႔ကုန္ပစၥည္းေတြျဖစ္တဲ့ တစ္ပိုင္းလွ်ပ္ကူးပစၥည္းနဲ႔ ေရနံဓာတုပစၥည္းေတြပဲ ျဖစ္ပါတယ္။ ဒါဟာ ကိုရီးယား GDP အေပၚ အပ်က္သေဘာေဆာင္တဲ့ သက္ေရာက္မႈရွိမွာ ေသခ်ာၿပီး ကမာၻ႔ဝယ္လိုအား အားနည္းမႈကိုလည္း ၫႊန္ျပေနပါတယ္" လို႔ ING မွ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္ႏိုင္ငံဆိုင္ရာ အႀကီးတန္းစီးပြားေရးပညာရွင္ မင္ဂ်ဳကန္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.