ဘရိုက်တန်အသင်းနဲ့ (၃)ဂိုးစီ သရေကျခဲ့သော်လည်း လီဗာပူးလ်အသင်းသားတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းပါးနေသေးကြောင်း နည်းပြယာဗင်ကလော့ ဝန်ခံပြောဆို

 426

ဖြိုးခန့်(NP News) - အောက်တိုဘာ ၂

လီဗာပူးလ်အသင်းသည် အိမ်ကွင်းတွင် ဘရိုက်တန်အသင်းကို (၃)ဂိုးစီ သရေကျခဲ့ပြီး ၎င်းတို့၏ပရီးမီးယားလိဂ်ပွဲစဥ်(၇)ပွဲတွင် ငါးကြိမ်မြောက်အမှတ်လျော့ခဲ့ပြီးနောက် နည်းပြယာဗင်ကလော့က လီဗာပူးလ်အသင်းသားများသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးနေသေးကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ဘရိုက်တန်အသင်းသည် နည်းပြသစ်ရောဘတ်တိုဒီဇာဘီလက်အောက်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်နေပြီး ပထမပိုင်း(၁၈)မိနစ်တွင် ဘယ်လ်ဂျီယံတိုက်စစ်မှူး လီအန်ဒရိုထရိုးဆက်သည် ဘရိုက်တန်အသင်းအတွက် အဖွင့်ဂိုး(၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး (၂)ဂိုးအသာဖြင့်ဦးဆောင်နိုင်ခဲ့ကာ လီဗာပူးလ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။

ရောဘတ်တိုဖာမီနိုသည် လီဗာပူးအသင်းအတွက် ချေပဂိုးများပြန်လည်သွင်းယူခဲ့သလို
ဘရိုက်တန်ကစားသမား အက်ဒမ်ဝက်ဘ်စတားသည် ကိုယ့်ဂိုးကိုပြန်သွင်းယူခဲ့သည့်အတွက် (၃)ဂိုး (၂)ဂိုးဖြင့် ပြန်လည်အသာစီးနိုင်ခဲ့သော်လည်း ဘယ်လ်ဂျီယံတိုက်စစ်မှူး လီအန်ဒရိုထရိုးဆက်က ပွဲချိန်(၈၃)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် (၃)ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ဘရိုက်တန်ကစားသမား လီအန်ဒရိုထရိုးဆက်သည် တစ်ဦးတည်း ဟက်ထရစ်ဂိုးကိုသွင်းယူနိုင်ခဲ့သည်။

နည်းပြကလော့က "လီဗာပူးလ်အသင်းသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက နည်းနေပါသေးတယ်။ ဒီလိုခက်ခဲတဲ့ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြကစားပြီး တစ်ဆင့်ချင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပြန်လည်ရယူရမှာပါ။ ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်အဝရှိခဲ့တဲ့ အခိုက်အတန့်တွေရှိခဲ့ပေမယ့် ဘောလုံးပေးပို့မှုတွေက တကယ်ကိုမကောင်းမွန်ခဲ့ပါဘူး။ကျွန်တော်တို့ပြိုင်ဖက်အသင်းရဲ့ဖိအားပေးကစားတာကို ခံခဲ့ရပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်ကစားပြီး အမှတ်တွေပိုလိုချင်ခဲ့ပေမယ့် အစပိုင်းမှာတည်းက တကယ်ကောင်းမွန်တဲ့ပြိုင်ဖက်အသင်းကို (၂)ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့နေပါတယ်။ ဘရိုက်တန်အသင်းကစားပုံကို တော်တော်လေးကိုကောင်းပါတယ်၊၊ ကျွန်တော်တို့ ဒီထက်ပိုပြီး ခြေစွမ်းပြကစားနိုင်အောင် ကြိုးစားရဦးမှာပါ" ဟု ပြောဆိုခဲ့သည်။

ဘရိုက်တန်အသင်းနှင့် ပွဲတွင် လီဗာပူးလ်အသင်း၏ ခံစစ်ပိုင်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိခဲ့ကြောင်း နည်းပြကလော့က ပြောဆိုခဲ့သည်။

နည်းပြကလော့က “ပြီးခဲ့တဲ့နှစ်က ဒီနေရာမှာ ကျွန်တော်တို့ တစ်ဂိုးတည်းသာရခဲ့တဲ့ အချိန်ကို အားလုံးမှတ်မိကြမှာပါ။ အဲဒီအချိန်တုန်းကလည်း ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိခဲ့ကြပါဘူး။ ဒီနေ့ကစားတဲ့ပုံစံကို မြင်တော့ အဲဒီနေ့ကို ပြန်မြင်ယောင်မိပါတယ်၊၊(၃)ဂိုး (၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့အချိန်တုန်းကလည်း နောက်တစ်ဂိုးမပေးရဖူးလို့ ယုံကြည်ချက်က ကျွန်တော့်မှာ မရှိခဲ့ပါဘူး။ (၃)ဂိုးစီ သရေကျသွားတာက ရှုံးနိမ့်သွားတယ်လို့ ခံစားရပါတယ်။လီဗာပူးလ်အသင်းသားတွေဟာ ဒီထက်ပိုပြီးကောင်းအောင်ကစားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ အလုပ်ကတော့ သူတို့အတွက် အကောင်းဆုံးညွှန်ကြားမှုတွေကို လုပ်ပေးဖို့ပါပဲ။ အသင်းသားတွေဟာ ဒီထက်ပိုပြီး ညီညွတ်ဖို့လိုအပ်နေပါသေးတယ်” ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ဘ႐ိုက္တန္အသင္းနဲ႔ (၃)ဂိုးစီ သေရက်ခဲ့ေသာ္လည္း လီဗာပူးလ္အသင္းသားေတြဟာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ နည္းပါးေနေသးေၾကာင္း နည္းျပယာဗင္ကေလာ့ ဝန္ခံေျပာဆို
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၂

လီဗာပူးလ္အသင္းသည္ အိမ္ကြင္းတြင္ ဘ႐ိုက္တန္အသင္းကို (၃)ဂိုးစီ သေရက်ခဲ့ၿပီး ၎တို႔၏ပရီးမီးယားလိဂ္ပြဲစဥ္(၇)ပြဲတြင္ ငါးႀကိမ္ေျမာက္အမွတ္ေလ်ာ့ခဲ့ၿပီးေနာက္ နည္းျပယာဗင္ကေလာ့က လီဗာပူးလ္အသင္းသားမ်ားသည္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈနည္းပါးေနေသးေၾကာင္း ဝန္ခံေျပာဆိုခဲ့သည္။

ဘ႐ိုက္တန္အသင္းသည္ နည္းျပသစ္ေရာဘတ္တိုဒီဇာဘီလက္ေအာက္တြင္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ေနၿပီး ပထမပိုင္း(၁၈)မိနစ္တြင္ ဘယ္လ္ဂ်ီယံတိုက္စစ္မႉး လီအန္ဒ႐ိုထ႐ိုးဆက္သည္ ဘ႐ိုက္တန္အသင္းအတြက္ အဖြင့္ဂိုး(၂)ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး (၂)ဂိုးအသာျဖင့္ဦးေဆာင္ႏိုင္ခဲ့ကာ လီဗာပူးလ္အသင္းကို ဖိအားေပးကစားႏိုင္ခဲ့သည္။

ေရာဘတ္တိုဖာမီႏိုသည္ လီဗာပူးအသင္းအတြက္ ေခ်ပဂိုးမ်ားျပန္လည္သြင္းယူခဲ့သလို
ဘ႐ိုက္တန္ကစားသမား အက္ဒမ္ဝက္ဘ္စတားသည္ ကိုယ့္ဂိုးကိုျပန္သြင္းယူခဲ့သည့္အတြက္ (၃)ဂိုး (၂)ဂိုးျဖင့္ ျပန္လည္အသာစီးႏိုင္ခဲ့ေသာ္လည္း ဘယ္လ္ဂ်ီယံတိုက္စစ္မႉး လီအန္ဒ႐ိုထ႐ိုးဆက္က ပြဲခ်ိန္(၈၃)မိနစ္တြင္ တစ္ဂိုးထပ္မံသြင္းယူႏိုင္ခဲ့သည့္အတြက္ (၃)ဂိုးစီသေရက်ခဲ့ျခင္းျဖစ္သည္။

အဆိုပါပြဲတြင္ ဘ႐ိုက္တန္ကစားသမား လီအန္ဒ႐ိုထ႐ိုးဆက္သည္ တစ္ဦးတည္း ဟက္ထရစ္ဂိုးကိုသြင္းယူႏိုင္ခဲ့သည္။

နည္းျပကေလာ့က "လီဗာပူးလ္အသင္းသားေတြရဲ႕ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈက နည္းေနပါေသးတယ္။ ဒီလိုခက္ခဲတဲ့ပြဲေတြမွာ အေကာင္းဆုံးေျခစြမ္းျပကစားၿပီး တစ္ဆင့္ခ်င္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈကို ျပန္လည္ရယူရမွာပါ။ ကြၽန္ေတာ္တို႔မွာ ယုံၾကည္မႈအျပည့္အဝရွိခဲ့တဲ့ အခိုက္အတန႔္ေတြရွိခဲ့ေပမယ့္ ေဘာလုံးေပးပို႔မႈေတြက တကယ္ကိုမေကာင္းမြန္ခဲ့ပါဘူး။ကြၽန္ေတာ္တို႔ၿပိဳင္ဖက္အသင္းရဲ႕ဖိအားေပးကစားတာကို ခံခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္ကစားၿပီး အမွတ္ေတြပိုလိုခ်င္ခဲ့ေပမယ့္ အစပိုင္းမွာတည္းက တကယ္ေကာင္းမြန္တဲ့ၿပိဳင္ဖက္အသင္းကို (၂)ဂိုး ျပတ္နဲ႔ ရႈံးနိမ့္ခဲ့ေနပါတယ္။ ဘ႐ိုက္တန္အသင္းကစားပုံကို ေတာ္ေတာ္ေလးကိုေကာင္းပါတယ္၊၊ ကြၽန္ေတာ္တို႔ ဒီထက္ပိုၿပီး ေျခစြမ္းျပကစားႏိုင္ေအာင္ ႀကိဳးစားရဦးမွာပါ" ဟု ေျပာဆိုခဲ့သည္။

ဘ႐ိုက္တန္အသင္းႏွင့္ ပြဲတြင္ လီဗာပူးလ္အသင္း၏ ခံစစ္ပိုင္းႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားရွိခဲ့ေၾကာင္း နည္းျပကေလာ့က ေျပာဆိုခဲ့သည္။

နည္းျပကေလာ့က “ၿပီးခဲ့တဲ့ႏွစ္က ဒီေနရာမွာ ကြၽန္ေတာ္တို႔ တစ္ဂိုးတည္းသာရခဲ့တဲ့ အခ်ိန္ကို အားလုံးမွတ္မိၾကမွာပါ။ အဲဒီအခ်ိန္တုန္းကလည္း ကြၽန္ေတာ္တို႔ဟာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရွိခဲ့ၾကပါဘူး။ ဒီေန႔ကစားတဲ့ပုံစံကို ျမင္ေတာ့ အဲဒီေန႔ကို ျပန္ျမင္ေယာင္မိပါတယ္၊၊(၃)ဂိုး (၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အခ်ိန္တုန္းကလည္း ေနာက္တစ္ဂိုးမေပးရဖူးလို႔ ယုံၾကည္ခ်က္က ကြၽန္ေတာ့္မွာ မရွိခဲ့ပါဘူး။ (၃)ဂိုးစီ သေရက်သြားတာက ရႈံးနိမ့္သြားတယ္လို႔ ခံစားရပါတယ္။လီဗာပူးလ္အသင္းသားေတြဟာ ဒီထက္ပိုၿပီးေကာင္းေအာင္ကစားႏိုင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အလုပ္ကေတာ့ သူတို႔အတြက္ အေကာင္းဆုံးၫႊန္ၾကားမႈေတြကို လုပ္ေပးဖို႔ပါပဲ။ အသင္းသားေတြဟာ ဒီထက္ပိုၿပီး ညီၫြတ္ဖို႔လိုအပ္ေနပါေသးတယ္” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.