ယူကရိန်းနိုင်ငံမှ ထွက်ခွာလာတဲ့ ယာဉ်တန်းတစ်စီးကို ရုရှားမှ ပစ်ခတ်ခြင်းကြောင့် လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း
817
ရောင်နီ (NP News) - အောက်တိုဘာ ၂
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အရပ်သား ရွှေ့ပြောင်းရေးယာဉ်တန်းတစ်ခုကို ရုရှားတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ ခြင်းကြောင့် အောက်တိုဘာလ ၁ ရက်၊ စနေနေ့က လူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါ တယ်။
ယူကရိန်းနယ်မြေတွေကို မော်စကိုက တရားမဝင်သိမ်းပိုက်ပြီးနောက် စစ်ပွဲများ ပြင်းထန်လာကာ ဗုံးကြဲတိုက်ခိုက် မှုများလည်း ပိုမိုတွေ့ရှိလာရပါတယ်။
“ကွတ်ယန်ဆက် ခရိုင်မှာ အရပ်သားတွေပါဝင်တဲ့ ကားတွေကို ပစ်ခတ်မှုတွေ့ရှိခဲ့ပါတယ်။ ပဏာမ အချက်အလက် တွေအရ ကားထဲမှာ လူ ၂ဝ ယောက် သေဆုံးနေတာ တွေ့ခဲ့ရတယ်” လို့ ခါကဗ်အုပ်ချုပ်ရေးမှူး အိုလက်ဆိုင်ဂူ ဘော့ဗ် က တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။
ယင်းနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ၂ ဦး ကလေး ၁၃ ဦး အပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း ၄င်းက အတည်ပြုခဲ့ပါတယ်။
“ရုရှားတွေက အရပ်သားတွေကို အနီးကပ်ပစ်တယ်၊ ထွက်ပြေးဖို့ကြိုးစားတဲ့အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်။ ဒါဟာ တရားမျှတမှုမရှိတဲ့ရက်စက်မှုပါပဲ” လို့ ဆိုင်ဂူဘော့ဗ် က ပြောကြားပါတယ်။
“အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ကြိုးပမ်းနေတဲ့ စက်တင်ဘာ ၂၅ ရက်မှာ ရုရှားစစ်တပ်က ပစ်သတ်ခဲ့ တာဖြစ်တယ်” လို့ ယူကရိန်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝ ရက်၊ သောကြာနေ့ကလည်း ဇာပိုရီဇီယာဒေသမှာ အရပ်သားယာဉ်တန်းကို ပစ်ခတ်မှု ကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၃ဝ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့လက ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ကို အောင်မြင်စွာဆင်နွှဲပြီးနောက် ခါကိဗ်ဒေသ အများ အပြားမှ ရုရှားတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့ပေမယ့်လည်း ယင်းဒေသကို ဆက်လက်ပစ်ခတ်မှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ၊ ပြစ်တင်ရှုတ်ချမှုတွေမြင့်တက်လာတာနဲ့အမျှ ယူကရိန်းဘက်မှ တန်ပြန်တိုက်ခိုက်မှုများလည်း ပိုမိုအားကောင်းလာခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ယူကရိန္းႏိုင္ငံမွ ထြက္ခြာလာတဲ့ ယာဥ္တန္းတစ္စီးကို ႐ုရွားမွ ပစ္ခတ္ျခင္းေၾကာင့္ လူ ၂၄ ဦး ေသဆုံးခဲ့ေၾကာင္း
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂
ယူကရိန္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ အရပ္သား ေ႐ႊ႕ေျပာင္းေရးယာဥ္တန္းတစ္ခုကို ႐ုရွားတပ္ဖြဲ႕ေတြက ပစ္ခတ္ခဲ့ ျခင္းေၾကာင့္ ေအာက္တိုဘာလ ၁ ရက္၊ စေနေန႔က လူ ၂၄ ဦး ေသဆုံးခဲ့တယ္လို႔ ယူကရိန္းအရာရွိေတြက ေျပာပါ တယ္။
ယူကရိန္းနယ္ေျမေတြကို ေမာ္စကိုက တရားမဝင္သိမ္းပိုက္ၿပီးေနာက္ စစ္ပြဲမ်ား ျပင္းထန္လာကာ ဗုံးႀကဲတိုက္ခိုက္ မႈမ်ားလည္း ပိုမိုေတြ႕ရွိလာရပါတယ္။
“ကြတ္ယန္ဆက္ ခ႐ိုင္မွာ အရပ္သားေတြပါဝင္တဲ့ ကားေတြကို ပစ္ခတ္မႈေတြ႕ရွိခဲ့ပါတယ္။ ပဏာမ အခ်က္အလက္ ေတြအရ ကားထဲမွာ လူ ၂ဝ ေယာက္ ေသဆုံးေနတာ ေတြ႕ခဲ့ရတယ္” လို႔ ခါကဗ္အုပ္ခ်ဳပ္ေရးမႉး အိုလက္ဆိုင္ဂူ ေဘာ့ဗ္ က တယ္လီဂရမ္မွာ ေျပာၾကားခဲ့ပါတယ္။
ယင္းေနာက္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး ၂ ဦး ကေလး ၁၃ ဦး အပါအဝင္ လူ ၂၄ ဦး ေသဆုံးခဲ့ေၾကာင္း ၄င္းက အတည္ျပဳခဲ့ပါတယ္။
“႐ုရွားေတြက အရပ္သားေတြကို အနီးကပ္ပစ္တယ္၊ ထြက္ေျပးဖို႔ႀကိဳးစားတဲ့အရပ္သားေတြကို တိုက္ခိုက္ခဲ့တယ္။ ဒါဟာ တရားမွ်တမႈမရွိတဲ့ရက္စက္မႈပါပဲ” လို႔ ဆိုင္ဂူေဘာ့ဗ္ က ေျပာၾကားပါတယ္။
“အရပ္သားေတြကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းဖို႔ႀကိဳးပမ္းေနတဲ့ စက္တင္ဘာ ၂၅ ရက္မွာ ႐ုရွားစစ္တပ္က ပစ္သတ္ခဲ့ တာျဖစ္တယ္” လို႔ ယူကရိန္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလ ၃ဝ ရက္၊ ေသာၾကာေန႔ကလည္း ဇာပိုရီဇီယာေဒသမွာ အရပ္သားယာဥ္တန္းကို ပစ္ခတ္မႈ ေၾကာင့္ ကေလးငယ္ေတြအပါအဝင္ အနည္းဆုံး လူ ၃ဝ ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရရွိခဲ့တယ္လို႔ ယူကရိန္းက ေျပာပါတယ္။ ၿပီးခဲ့တဲ့လက ယူကရိန္းရဲ႕တန္ျပန္ထိုးစစ္ကို ေအာင္ျမင္စြာဆင္ႏႊဲၿပီးေနာက္ ခါကိဗ္ေဒသ အမ်ား အျပားမွ ႐ုရွားတပ္ဖြဲ႕ဝင္မ်ား ဆုတ္ခြာသြားခဲ့ေပမယ့္လည္း ယင္းေဒသကို ဆက္လက္ပစ္ခတ္မႈမ်ား ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။ ႐ုရွားအေပၚ ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈမ်ား၊ ျပစ္တင္ရႈတ္ခ်မႈေတြျမင့္တက္လာတာနဲ႔အမွ် ယူကရိန္းဘက္မွ တန္ျပန္တိုက္ခိုက္မႈမ်ားလည္း ပိုမိုအားေကာင္းလာခဲ့တယ္လို႔ သိရပါတယ္။