စက်သုံးဆီ အ‌ရည်အသွေးနှင့် အချိန်အတွယ်မှန်ကန်စေရန် ရှောင်တခင် စစ်ဆေး

 383

NP News - ဖေဖော်ဝါရီ ၁

စက်သုံးဆီများ၏ အရည်အသွေး နှင့် အချိန်အတွယ် ကိုက်ညီမှန်ကန်မှုရှိစေရန်အတွက် ပုံမှန်စစ်ဆေးခြင်းများ နှင့် ရှောင်တခင် စစ်ဆေးခြင်းများကို Mobile Fuel Lab ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။
အဓိက ရည်ရွယ်ချက်အနေဖြင့်လည်း ပြည်သူများသည် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရ သောစက်သုံးဆီအတွက် အရည်အသွေးနှင့် အချိန်အတွယ်များကို တိကျမှုန်ကန်ပြည့်ဝစွာ ရရှိရန်ဖြစ်ကြောင်း သိရသည်။

“ရောင်းချတဲ့ စက်သုံးဆီတွေဟာ သတ်မှတ်ထားတဲ့ Specification ကိုက်/မကိုက် ပြည်နယ် နှင့် တိုင်းမှာ ရှိတဲ့ ကြီးကြပ်စစ်ဆေးရေးရုံးတွေကနေ ပုံမှန်နဲ့ ရှောင်တခင်စစ်ဆေးခြင်းဆိုတာရှိပါတယ်။ ပုံမှန်စစ်ဆေးခြင်း တစ်လကို တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ ရှိပြီး၊ ရှောင်တခင်စစ်ဆေးတာကိုတော့ ဒေသအလိုက် စစ်ဆေးပါတယ်။ ရှောင်တခင် စစ်ဆေးရင် အချိန်အတွယ်ကို မှန်မမှန်စစ်ဆေးပါတယ်။ Mobile Fuel Lab ဆိုတာရှိတယ်။ အဲဒါနဲ့ လိုက်လံ စစ်ဆေးပြီး အရည်အသွေးတွေကို စစ်ဆေးပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှလည်း နေ့စဉ် စက်သုံးဆီ လက်လီ ရောင်းဈေးများကို တိုင်းနှင့်ပြည်နယ်များတွင် ထုတ်ပေးနေပြီး နေ့စဉ်သတင်းစာများတွင်လည်း ထည့်သွင်း ထုတ်ပြန်ပေးနေရာ အဆိုပါထုတ်ပြန်ထားသောဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချခြင်း ရှိ/မရှိ ကိုလည်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်သုံးဆီအရောင်းဆိုင်ပေါင်း (၃၂၉၉)ဆိုင်ရှိပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ကြီးကြပ်စစ်ဆေးရေးရုံးများထားရှိကာ စစ်ဆေးလျက်ရှိ‌ကြောင်း သိရသည်။

Zawgyi Version:
စက္သုံးဆီ အ‌ရည္အေသြးႏွင့္ အခ်ိန္အတြယ္မွန္ကန္ေစရန္ ေရွာင္တခင္ စစ္ေဆး
NP News - ေဖေဖာ္ဝါရီ ၁

စက္သုံးဆီမ်ား၏ အရည္အေသြး ႏွင့္ အခ်ိန္အတြယ္ ကိုက္ညီမွန္ကန္မႈရွိေစရန္အတြက္ ပုံမွန္စစ္ေဆးျခင္းမ်ား ႏွင့္ ေရွာင္တခင္ စစ္ေဆးျခင္းမ်ားကို Mobile Fuel Lab ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ေရနံထြက္ပစၥည္းႀကီးၾကပ္ေရးဦးစီးဌာနမွ သိရသည္။
အဓိက ရည္႐ြယ္ခ်က္အေနျဖင့္လည္း ျပည္သူမ်ားသည္ သတ္မွတ္ထားသည့္ ရည္ၫႊန္းေဈးႏႈန္းအတိုင္း ဝယ္ယူရ ေသာစက္သုံးဆီအတြက္ အရည္အေသြးႏွင့္ အခ်ိန္အတြယ္မ်ားကို တိက်မႈန္ကန္ျပည့္ဝစြာ ရရွိရန္ျဖစ္ေၾကာင္း သိရသည္။

“ေရာင္းခ်တဲ့ စက္သုံးဆီေတြဟာ သတ္မွတ္ထားတဲ့ Specification ကိုက္/မကိုက္ ျပည္နယ္ ႏွင့္ တိုင္းမွာ ရွိတဲ့ ႀကီးၾကပ္စစ္ေဆးေရး႐ုံးေတြကေန ပုံမွန္နဲ႔ ေရွာင္တခင္စစ္ေဆးျခင္းဆိုတာရွိပါတယ္။ ပုံမွန္စစ္ေဆးျခင္း တစ္လကို တစ္ႀကိမ္ကေန ႏွစ္ႀကိမ္အထိ ရွိၿပီး၊ ေရွာင္တခင္စစ္ေဆးတာကိုေတာ့ ေဒသအလိုက္ စစ္ေဆးပါတယ္။ ေရွာင္တခင္ စစ္ေဆးရင္ အခ်ိန္အတြယ္ကို မွန္မမွန္စစ္ေဆးပါတယ္။ Mobile Fuel Lab ဆိုတာရွိတယ္။ အဲဒါနဲ႔ လိုက္လံ စစ္ေဆးၿပီး အရည္အေသြးေတြကို စစ္ေဆးပါတယ္” ဟု စြမ္းအင္ဝန္ႀကီးဌာန၊ ေရနံထြက္ပစၥည္းႀကီးၾကပ္ေရးဦးစီး ဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွလည္း ေန႔စဥ္ စက္သုံးဆီ လက္လီ ေရာင္းေဈးမ်ားကို တိုင္းႏွင့္ျပည္နယ္မ်ားတြင္ ထုတ္ေပးေနၿပီး ေန႔စဥ္သတင္းစာမ်ားတြင္လည္း ထည့္သြင္း ထုတ္ျပန္ေပးေနရာ အဆိုပါထုတ္ျပန္ထားေသာေဈးႏႈန္းမ်ားအတိုင္း မွန္ကန္စြာေရာင္းခ်ျခင္း ရွိ/မရွိ ကိုလည္း စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ စက္သုံးဆီအေရာင္းဆိုင္ေပါင္း (၃၂၉၉)ဆိုင္ရွိၿပီး တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အလိုက္ ႀကီးၾကပ္စစ္ေဆးေရး႐ုံးမ်ားထားရွိကာ စစ္ေဆးလ်က္ရွိ‌ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.