BRICS အဖွဲ့ ငွေကြေးကို ဖန်တီးအတွက် အစီအစဉ်တွေမရှိဘူးလို့ ရုရှားအစိုးရပြော
174
Pika (NP News) - ဖေဖော်ဝါရီ ၁
BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံငွေကြေးတစ်ခုကိုဖန်တီးဖို့ အစီအစဉ်တွေမရှိပေမယ့်လည်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့အတွက် ပူးတွဲရင်းနှီးမြှုပ်နှံမှုပလက်ဖောင်းတွေကို တက်ကြွစွာဆွေးနွေးနေတယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာငွေကြေးနေရာမှာ အစားထိုးဖို့အတွက် ဘုံငွေကြေးတစ်ခုကို ဖန်တီးခဲ့မယ်ဆိုရင် အခွန်စည်းကြပ်မှုတွေလုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်ပြုပြောဆိုမှုတွေကို ဒီမစ်ထရီပက်စကော့ဗ်က ယခုလိုတုံ့ပြန်ပြောဆိုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒီမစ်ထရီပက်စကော့ဗ်က “BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံငွေကြေးတစ်ခုဖန်တီးဖို့ စဉ်းစားထားတာမျိုး မရှိပါဘူး။ အဲဒါကို အရင်တည်းကဆွေးနွေးခဲ့တာမျိုးမရှိသလို လောလောဆယ်အစီအစဉ်တွေမှာလည်း ပါဝင်တာမျိုး မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
အဲဒီအစား BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ တတိယနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူချောမွေ့စေမယ့် ပူးပေါင်း ရင်းနှီးမြုပ်နှံမှု ပလက်ဖောင်းအသစ်တွေ တည်ထောင်ဖို့ အာရုံစိုက်နေပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အာရုံစိုက်ထားတယ်လို့ ဒီမစ်ထရိပက်စကော့ဗ်ကပြောကြားခဲ့ပါတယ်။ BRICS အဖွဲ့ဝင် နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာကို အရန်ငွေကြေးအဖြစ် အစားထိုးခဲ့မယ်ဆိုရင် BRICS အဖွဲ့ဝင်နိုင်ငံတွေကို အခွန်စည်းကြပ်မှုတွေလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ(၃၀)ရက်မှာ ထပ်မံသတိပေးပြောဆို ခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “BRICSအဖွဲ့ဝင်နိုင်ငံတွေဟာ ကုန်သွယ်မှု သို့မဟုတ် အခြားနေရာတွေမှာ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ အခွင့်အလမ်းမရှိသလို အဲ့ဒီလိုမျိုးလုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့ဘယ်လိုနိုင်ငံမဆို အခွန်စည်းကြပ်မှုတွေကို ရင်ဆိုင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
BRICS အဖြဲ႕ ေငြေၾကးကို ဖန္တီးအတြက္ အစီအစဥ္ေတြမရွိဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁
BRICS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ဘုံေငြေၾကးတစ္ခုကိုဖန္တီးဖို႔ အစီအစဥ္ေတြမရွိေပမယ့္လည္း စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈေတြကို တိုးျမႇင့္ဖို႔အတြက္ ပူးတြဲရင္းႏွီးျမႇဳပ္ႏွံမႈပလက္ေဖာင္းေတြကို တက္ႂကြစြာေဆြးေႏြးေနတယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
BRICS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာေငြေၾကးေနရာမွာ အစားထိုးဖို႔အတြက္ ဘုံေငြေၾကးတစ္ခုကို ဖန္တီးခဲ့မယ္ဆိုရင္ အခြန္စည္းၾကပ္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ၿခိမ္းေျခာက္ခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ျပဳေျပာဆိုမႈေတြကို ဒီမစ္ထရီပက္စေကာ့ဗ္က ယခုလိုတုံ႔ျပန္ေျပာဆိုခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
ဒီမစ္ထရီပက္စေကာ့ဗ္က “BRICS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ဘုံေငြေၾကးတစ္ခုဖန္တီးဖို႔ စဥ္းစားထားတာမ်ိဳး မရွိပါဘူး။ အဲဒါကို အရင္တည္းကေဆြးေႏြးခဲ့တာမ်ိဳးမရွိသလို ေလာေလာဆယ္အစီအစဥ္ေတြမွာလည္း ပါဝင္တာမ်ိဳး မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။
အဲဒီအစား BRICS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ တတိယႏိုင္ငံေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လြယ္ကူေခ်ာေမြ႕ေစမယ့္ ပူးေပါင္း ရင္းႏွီးျမဳပ္ႏွံမႈ ပလက္ေဖာင္းအသစ္ေတြ တည္ေထာင္ဖို႔ အာ႐ုံစိုက္ေနၿပီး အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္းအျပန္အလွန္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြျပဳလုပ္ဖို႔ အာ႐ုံစိုက္ထားတယ္လို႔ ဒီမစ္ထရိပက္စေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ BRICS အဖြဲ႕ဝင္ ႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာကို အရန္ေငြေၾကးအျဖစ္ အစားထိုးခဲ့မယ္ဆိုရင္ BRICS အဖြဲ႕ဝင္ႏိုင္ငံေတြကို အခြန္စည္းၾကပ္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ဇန္နဝါရီလ(၃၀)ရက္မွာ ထပ္မံသတိေပးေျပာဆို ခဲ့တာလည္းျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “BRICSအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ကုန္သြယ္မႈ သို႔မဟုတ္ အျခားေနရာေတြမွာ အေမရိကန္ေဒၚလာကို အစားထိုးဖို႔ အခြင့္အလမ္းမရွိသလို အဲ့ဒီလိုမ်ိဳးလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းတဲ့ဘယ္လိုႏိုင္ငံမဆို အခြန္စည္းၾကပ္မႈေတြကို ရင္ဆိုင္ရမွာပါ”လို႔ ေျပာခဲ့ပါတယ္။