ရုရှားကို ဒရုန်းများထောက်ပံ့နေသည်ဆိုသည့်သတင်းများကို အီရန်အစိုးရ ငြင်းဆို

 521

ဖြိုးခန့်(NP News) - အောက်တိုဘာ ၄

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်လာလျှင် အီရန်သည် ကြားနေနိုင်ငံဖြစ်ပြီး ရုရှားအား တိုက်ခိုက်ရေးဒရုန်းများ ထောက်ပံ့ပေးနေသည်ဆိုသည့် အစီရင်ခံစာများသည် အခြေအမြစ်မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အီရန်သည် ရုရှားသို့တိုက်ခိုက်ရေးဒရုန်းများ ပို့ဆောင်ပေးခြင်းသည် မိတ်ဆွေမပီသတဲ့လုပ်ရပ်ဖြစ်ကြောင်း ယူကရိန်းဘက်က ပြောဆိုခဲ့ပြီး ယူကရိန်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကို မကြာသေးမီက နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ ကြောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နာဆာကနာနီက “ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို UAV ဒရုန်းတွေ ထောက်ပံ့နေတယ်ဆိုတဲ့အချက်က အခြေအမြစ်မရှိပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး” ဟု ပြောဆိုခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နာဆာကနာနီက ယူကရိန်းစစ်ပွဲသည် နေတိုးမဟာမိတ်အဖွဲ့၏ ရန်လိုမှုများကြောင့်ဖြစ်ခဲ့ရသည်ဟု ပြောဆိုထားသလို ငြိမ်းချမ်းစွာဖြေရှင်းရန်အတွက် မည်သည့် ကြိုးစားအား ထုတ်မှုကိုမဆို အီရန်နိုင်ငံက ထောက်ခံကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အီရန်ထုတ် Shahed-136 နှင့်တူသော မောင်းသူမဲ့လေယာဉ်အများအပြားသည် Odessa ရှိ ပစ်မှတ်များကိုတိုက်ခိုက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီး နောက် ယူကရိန်းသည် အီရန်သံအမတ်အဖြစ် ခန့်အပ်လွှာအထောက်အထားများကို စက်တင်ဘာ (၂၃) ရက်နေ့ တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ယူကရိန်း၏ဆုံးဖြတ်ချက်ကို အီရန်က နောင်တရမိကြောင်းနှင့် သင့်လျော်သောတုံ့ပြန်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း နာဆာကနာနီက ပြောဆိုခဲ့သည်။ ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံမှအသုံးပြုသော မောင်းသူမဲ့လေယာဉ် များသည် အပြင်ပန်းကြည့်လျှင် အီရန်ထုတ် Shahed များနှင့် ဆင်တူနေသော်လည်း ရရှိထားသော အပိုင်းအစများ တွင် Cyrillic စာလုံးနှင့် ရုရှားအမည် 'Geran-2' (Geranium) ဟု အမြီးပေါ်တွင် ရေးထားသည်ကို တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

အီရန်သည် ရုရှားကို ဒရုန်းများထောက်ပံ့နေသည့်ဆိုသည့်စွပ်စွဲချက်သည် ယူကရိန်းအား Switchblade နှင့် Phoenix Ghost ကဲ့သို့သော နည်းဗျူဟာ kamikaze ဒရုန်းများကိုထောက်ပံ့ပေးနေသည့် အမေရိကန်နိုင်ငံဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းသည် ရုရှားကိုလက်နက်များဘယ်တော့မှ ရောင်းချခြင်းမပြုဟု ပြောဆိုထားသော တူရကီကုမ္ပဏီ Baykar Makina ထံမှ ဒရုန်းဒါဇင်ပေါင်းများစွာကို ရရှိထားကြောင်း သတင်းများထွက်ပေါ်နေခဲ့သည်။ တူရကီနိုင်ငံသည် ယူကရိန်းနှင့်ရုရှားစစ်ပွဲတွင် ကြားနေနိုင်ငံအဖြစ်သာရပ်တည်ကြောင်း အစောပိုင်းကတည်းက ပြောဆိုထားသည်။

Zawgyi Version;
႐ုရွားကို ဒ႐ုန္းမ်ားေထာက္ပံ့ေနသည္ဆိုသည့္သတင္းမ်ားကို အီရန္အစိုးရ ျငင္းဆို
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၄

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္လာလွ်င္ အီရန္သည္ ၾကားေနႏိုင္ငံျဖစ္ၿပီး ႐ုရွားအား တိုက္ခိုက္ေရးဒ႐ုန္းမ်ား ေထာက္ပံ့ေပးေနသည္ဆိုသည့္ အစီရင္ခံစာမ်ားသည္ အေျခအျမစ္မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။

အီရန္သည္ ႐ုရွားသို႔တိုက္ခိုက္ေရးဒ႐ုန္းမ်ား ပို႔ေဆာင္ေပးျခင္းသည္ မိတ္ေဆြမပီသတဲ့လုပ္ရပ္ျဖစ္ေၾကာင္း ယူကရိန္းဘက္က ေျပာဆိုခဲ့ၿပီး ယူကရိန္းႏိုင္ငံဆိုင္ရာ အီရန္သံအမတ္ကို မၾကာေသးမီက ႏိုင္ငံတြင္းမွ ႏွင္ထုတ္ခဲ့ ေၾကာင္းသိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ နာဆာကနာနီက “ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ ႐ုရွားကို UAV ဒ႐ုန္းေတြ ေထာက္ပံ့ေနတယ္ဆိုတဲ့အခ်က္က အေျခအျမစ္မရွိပါဘူး။ ဒီသတင္းနဲ႔ပတ္သက္လို႔ အတည္ျပဳႏိုင္ျခင္း ေတာ့ မရွိေသးပါဘူး” ဟု ေျပာဆိုခဲ့သည္။

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ နာဆာကနာနီက ယူကရိန္းစစ္ပြဲသည္ ေနတိုးမဟာမိတ္အဖြဲ႕၏ ရန္လိုမႈမ်ားေၾကာင့္ျဖစ္ခဲ့ရသည္ဟု ေျပာဆိုထားသလို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္အတြက္ မည္သည့္ ႀကိဳးစားအား ထုတ္မႈကိုမဆို အီရန္ႏိုင္ငံက ေထာက္ခံေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။ အီရန္ထုတ္ Shahed-136 ႏွင့္တူေသာ ေမာင္းသူမဲ့ေလယာဥ္အမ်ားအျပားသည္ Odessa ရွိ ပစ္မွတ္မ်ားကိုတိုက္ခိုက္ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚၿပီး ေနာက္ ယူကရိန္းသည္ အီရန္သံအမတ္အျဖစ္ ခန႔္အပ္လႊာအေထာက္အထားမ်ားကို စက္တင္ဘာ (၂၃) ရက္ေန႔ တြင္ ႐ုပ္သိမ္းခဲ့ေၾကာင္းသိရသည္။

ယူကရိန္း၏ဆုံးျဖတ္ခ်က္ကို အီရန္က ေနာင္တရမိေၾကာင္းႏွင့္ သင့္ေလ်ာ္ေသာတုံ႔ျပန္မႈမ်ား ျပဳလုပ္မည္ျဖစ္ ေၾကာင္း နာဆာကနာနီက ေျပာဆိုခဲ့သည္။ ယူကရိန္းစစ္ပြဲတြင္ ႐ုရွားႏိုင္ငံမွအသုံးျပဳေသာ ေမာင္းသူမဲ့ေလယာဥ္ မ်ားသည္ အျပင္ပန္းၾကည့္လွ်င္ အီရန္ထုတ္ Shahed မ်ားႏွင့္ ဆင္တူေနေသာ္လည္း ရရွိထားေသာ အပိုင္းအစမ်ား တြင္ Cyrillic စာလုံးႏွင့္ ႐ုရွားအမည္ 'Geran-2' (Geranium) ဟု အၿမီးေပၚတြင္ ေရးထားသည္ကို ေတြ႕ရွိခဲ့ရ ေၾကာင္း သိရသည္။

အီရန္သည္ ႐ုရွားကို ဒ႐ုန္းမ်ားေထာက္ပံ့ေနသည့္ဆိုသည့္စြပ္စြဲခ်က္သည္ ယူကရိန္းအား Switchblade ႏွင့္ Phoenix Ghost ကဲ့သို႔ေသာ နည္းဗ်ဴဟာ kamikaze ဒ႐ုန္းမ်ားကိုေထာက္ပံ့ေပးေနသည့္ အေမရိကန္ႏိုင္ငံဆီမွ ထြက္ေပၚလာျခင္းျဖစ္သည္။

ယူကရိန္းသည္ ႐ုရွားကိုလက္နက္မ်ားဘယ္ေတာ့မွ ေရာင္းခ်ျခင္းမျပဳဟု ေျပာဆိုထားေသာ တူရကီကုမၸဏီ Baykar Makina ထံမွ ဒ႐ုန္းဒါဇင္ေပါင္းမ်ားစြာကို ရရွိထားေၾကာင္း သတင္းမ်ားထြက္ေပၚေနခဲ့သည္။ တူရကီႏိုင္ငံသည္ ယူကရိန္းႏွင့္႐ုရွားစစ္ပြဲတြင္ ၾကားေနႏိုင္ငံအျဖစ္သာရပ္တည္ေၾကာင္း အေစာပိုင္းကတည္းက ေျပာဆိုထားသည္။

Picture

Ko Moe

04/10/2022 23:37

တိုက်ခိုက်နည်းတွေကဘတဖက်နဲ့တဖက် သွေးခွဲပြီးသား သွေးကွဲစေမဲ့ စကားနဲ့ စကားစစ်ထိုးကြတာ ဖြစ်ပါလိမ့်မယ်။

Picture

Ko Moe

05/10/2022 13:49

စာရေးပြီး ပြန်မစစ်နိုင်ဘူး။မအားဘူးရယ်။အခြေအနေရ ပြည်သူတစ်ဦးအနေနဲ့ ဝမ်းနည်းစွာ မကျေနပ်စွာ စိတ်မကောင်းကြီးစွာနဲ့ ရေးနေရတာပါ။အမေရိကန်ဟာ အာရှကို ဆိုဗီယက်လိုသဘောထားပါတယ်။ဂျပန်နဲ့ ကိုးရီးယားကလည်း ဒီနေရာမှာ သဘောတူချင်နေတာပါ။တရုတ်ကို ဂျပန်နဲ့ ကိုးရီးယားက ပူးသတ်နေသလို သူတို့ကိုလည်း တရုတ်ကြီးက တီးရသလောက်တီးနေကြတာပါပဲ။ယူကရိန်းအရေးဟာ လုံးဝ။ လျော့တွက်လို့ မရပါဘူး။

Related news

© 2021. All rights reserved.