အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့တွင် American bulldogs အမျိုးအစား ခွေးငါးကောင် ဝိုင်းကိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

 787

ဖြိုးခန့်(NP News) - အောက်တိုဘာ ၄

အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့လယ်ရှိ နေအိမ်တစ်ခုတွင် ခွေးများအကိုက်ခံရခြင်းကြောင့် အသက်(၆ဝ)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

လူနာတင်ယာဥ်အကူများက အောက်တိုဘာ(၃)ရက်နေ့ ညနေ(၄)နာရီ (၂၅)မိနစ်တွင် Kirkdale ခရိုင် St Brigids Crescent လမ်းရှိ နေအိမ်တစ်ခုတွင် တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ခွေးကိုက်ခံရသော အဆိုပါအမျိုးသမီးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ၎င်း၏ဆွေမျိုးများက အတည်ပြုပြောဆိုခဲ့သည်။ အဆိုပါအခင်းဖြစ်ပွားရာနေရာတွင် ရဲများသည် ပိတ်ဆို့မှုများပြုလုပ်ထားပြီး စုံစမ်း စစ်ဆေးမှုများကိုဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

ရဲတပ်ဖွဲ့အကြီးတန်းညွှန်ကြားရေးမှူးက အဆိုပါဖြစ်ရပ်အား တွေ့မြင်ခဲ့သူအားလုံးကို ဖြစ်စဥ်နှင့်ပတ်သက်ပြီး အပြည့်အစုံပြောပြပေးရန်တောင်းဆိုခဲ့သည်။ ရဲတပ်ဖွဲ့အကြီးတန်းညွှန်ကြားရေးမှူးက “ဒီဖြစ်ရပ်ဟာ ဒေသတွင်းက လူတွေနဲ့ ပြင်ပက လူတွေကို တုန်လှုပ်ချောက်ခြားမှုတွေဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်၊၊ ကျွန်တော်တို့ရဲ့အရာရှိတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေတာကြောင့် ဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေကို သိလို့ရှိရင် ကျွန်တော်တို့ကို လာပြောလှည့်ပါ” ဟု ပြောဆိုခဲ့သည်၊၊

အဆိုပါ တိုက်ခိုက်မှုတွင် အနည်းဆုံး ခွေးနှစ်ကောင်ပါဝင်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ အဆိုပါ အိမ်အနီးတွင်နေထိုင်သော အမျိုးသမီးတစ်ဦးက “ကျွန်မယောကျာ်း အိမ်ပြန်ရောက်တဲ့အချိန် ညနေ(၄) နာရီခန့်မှာ အမျိုးသမီးတစ်ဦးရဲ့အော်သံတွေကိုကြားခဲ့ရပါတယ်။ အဖြစ်အပျက်ကိုကြားလိုက်ရတဲ့အချိန်မှာတော့ အံ့သြသွားတာပါ” ဟု ဆိုသည်။

အမည်မဖော်လိုသော အမျိုးသားတစ်ဦးက “အမျိုးသမီးတစ်ဦးဟာ သေတဲ့အထိ ခွေးများရဲ့ကိုက်ခြင်းကို ခံခဲ့ရတာ ပါ၊၊ ဒါဟာ တကယ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်” ဟု ဆိုသည်။
အခြားအမျိုးသမီးတစ်ဦးက “ဒါဟာ အရမ်းကိုဆိုးရွားတဲ့ကိစ္စတစ်ခုပါ၊၊ သူမရဲ့မိသားစုဟာ ဘယ်လောက်အထိ ဝမ်းနည်းနေမလဲဆိုတာ တွေးကြည့်လို့တောင်မရပါဘူး” ဟု ဆိုသည်။

ကလေးကစားကွင်းနှင့် ပန်းခြံအနီးတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်အပြီး လူအများအပြားသည် ဝမ်းနည်းမှုနှင့် ထိတ်လန့်တုန်လှုပ်မှုများရှိခဲ့ကြောင်း သိရသည်။ နောက်ဆုံးထွက်ပေါ်နေသောသတင်းများအရ အဆိုပါအမျိုးသမီး ကို American bulldogs အမျိုးအစား ခွေးငါးကောင်၏ဝိုင်းကိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့များသည် စုံစမ်းစစ်ဆေးမှုများကို ဆက်လုပ်ဆောင်နေကြပြီး အသက်(၃၁)နှစ်အရွယ် အမျိုးသားတစ်ဦးကို အန္တရာယ်ရှိသော ခွေးများပိုင်ဆိုင်သည်ဆိုသော သံသယဖြင့်ဖမ်းဆီးစစ်ဆေးနေကာ အဆိုပါခွေးငါးကောင်ကို သတ်ပစ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အဂၤလန္ႏိုင္ငံ လီဗာပူးလ္ၿမိဳ႕တြင္ American bulldogs အမ်ိဳးအစား ေခြးငါးေကာင္ ဝိုင္းကိုက္မႈေၾကာင့္ အမ်ိဳးသမီး တစ္ဦး ေသဆုံး
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၄

အဂၤလန္ႏိုင္ငံ လီဗာပူးလ္ၿမိဳ႕လယ္ရွိ ေနအိမ္တစ္ခုတြင္ ေခြးမ်ားအကိုက္ခံရျခင္းေၾကာင့္ အသက္(၆ဝ)အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။

လူနာတင္ယာဥ္အကူမ်ားက ေအာက္တိုဘာ(၃)ရက္ေန႔ ညေန(၄)နာရီ (၂၅)မိနစ္တြင္ Kirkdale ခ႐ိုင္ St Brigids Crescent လမ္းရွိ ေနအိမ္တစ္ခုတြင္ တိုက္ခိုက္မႈတစ္ခုျဖစ္ခဲ့သည္ဟု ရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔ခဲ့ေၾကာင္း သိရသည္။

ေခြးကိုက္ခံရေသာ အဆိုပါအမ်ိဳးသမီးသည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ၎၏ေဆြမ်ိဳးမ်ားက အတည္ျပဳေျပာဆိုခဲ့သည္။ အဆိုပါအခင္းျဖစ္ပြားရာေနရာတြင္ ရဲမ်ားသည္ ပိတ္ဆို႔မႈမ်ားျပဳလုပ္ထားၿပီး စုံစမ္း စစ္ေဆးမႈမ်ားကိုဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕အႀကီးတန္းၫႊန္ၾကားေရးမႉးက အဆိုပါျဖစ္ရပ္အား ေတြ႕ျမင္ခဲ့သူအားလုံးကို ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အျပည့္အစုံေျပာျပေပးရန္ေတာင္းဆိုခဲ့သည္။ ရဲတပ္ဖြဲ႕အႀကီးတန္းၫႊန္ၾကားေရးမႉးက “ဒီျဖစ္ရပ္ဟာ ေဒသတြင္းက လူေတြနဲ႔ ျပင္ပက လူေတြကို တုန္လႈပ္ေခ်ာက္ျခားမႈေတြျဖစ္ေစမယ္ဆိုတာ ကြၽန္ေတာ္တို႔နားလည္ပါတယ္၊၊ ကြၽန္ေတာ္တို႔ရဲ႕အရာရွိေတြဟာ အခင္းျဖစ္ပြားရာေနရာမွာ စုံစမ္းစစ္ေဆးမႈေတြကို လုပ္ေဆာင္ေနတာေၾကာင့္ ျဖစ္ပြားခဲ့တဲ့အေၾကာင္းအရာေတြကို သိလို႔ရွိရင္ ကြၽန္ေတာ္တို႔ကို လာေျပာလွည့္ပါ” ဟု ေျပာဆိုခဲ့သည္၊၊

အဆိုပါ တိုက္ခိုက္မႈတြင္ အနည္းဆုံး ေခြးႏွစ္ေကာင္ပါဝင္ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာၾကားခဲ့သည္။ အဆိုပါ အိမ္အနီးတြင္ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦးက “ကြၽန္မေယာက်ာ္း အိမ္ျပန္ေရာက္တဲ့အခ်ိန္ ညေန(၄) နာရီခန႔္မွာ အမ်ိဳးသမီးတစ္ဦးရဲ႕ေအာ္သံေတြကိုၾကားခဲ့ရပါတယ္။ အျဖစ္အပ်က္ကိုၾကားလိုက္ရတဲ့အခ်ိန္မွာေတာ့ အံ့ၾသသြားတာပါ” ဟု ဆိုသည္။

အမည္မေဖာ္လိုေသာ အမ်ိဳးသားတစ္ဦးက “အမ်ိဳးသမီးတစ္ဦးဟာ ေသတဲ့အထိ ေခြးမ်ားရဲ႕ကိုက္ျခင္းကို ခံခဲ့ရတာ ပါ၊၊ ဒါဟာ တကယ္ကိုဝမ္းနည္းဖို႔ေကာင္းပါတယ္” ဟု ဆိုသည္။
အျခားအမ်ိဳးသမီးတစ္ဦးက “ဒါဟာ အရမ္းကိုဆိုး႐ြားတဲ့ကိစၥတစ္ခုပါ၊၊ သူမရဲ႕မိသားစုဟာ ဘယ္ေလာက္အထိ ဝမ္းနည္းေနမလဲဆိုတာ ေတြးၾကည့္လို႔ေတာင္မရပါဘူး” ဟု ဆိုသည္။

ကေလးကစားကြင္းႏွင့္ ပန္းၿခံအနီးတြင္ ျဖစ္ပြားခဲ့ေသာ အဆိုပါျဖစ္ရပ္အၿပီး လူအမ်ားအျပားသည္ ဝမ္းနည္းမႈႏွင့္ ထိတ္လန႔္တုန္လႈပ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ ေနာက္ဆုံးထြက္ေပၚေနေသာသတင္းမ်ားအရ အဆိုပါအမ်ိဳးသမီး ကို American bulldogs အမ်ိဳးအစား ေခြးငါးေကာင္၏ဝိုင္းကိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕မ်ားသည္ စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လုပ္ေဆာင္ေနၾကၿပီး အသက္(၃၁)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို အႏၲရာယ္ရွိေသာ ေခြးမ်ားပိုင္ဆိုင္သည္ဆိုေသာ သံသယျဖင့္ဖမ္းဆီးစစ္ေဆးေနကာ အဆိုပါေခြးငါးေကာင္ကို သတ္ပစ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.