ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ OPEC+ ၏ အစည်းအဝေးမကျင်းပမီ ရေနံစိမ်း‌စျေးနှုန်းများ ပိုမိုမြင့်တက်လာ

 701

ဖြိုးခန့်(NP News) - အောက်တိုဘာ ၅

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ OPEC+ သည် အောက်တိုဘာ(၅)ရက်နေ့ပြုလုပ်မည့်တွေ့ဆုံပွဲတွင် ရေနံစိမ်း ထုတ်လုပ်မှုနှုန်းကိုလျှော့ချရန် သဘောတူနိုင်မည်ဟု မျှော်လင့်နေသလို လက်ရှိကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများ ရှိနေကြောင်းသိရသည်။

အောက်တိုဘာ(၄)ရက်နေ့ အစောပိုင်းမှာ အာရှကုန်သွယ်ရေးတွင် ရေနံစိမ်းစျေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ ကြောင်း သိရသည်။ လက်ရှိကမ္ဘာ့ရေနံစျေးကွက်တွင် Brent ရေနံစိမ်း တစ်စည်စျေးနှုန်းသည် အမေရိကန်ဒေါ်လာ (၈၉ ဒသမ ၂၉) ထိ မြင့်တက်နေကြောင်းသိရသည်။ အမေရိကန်၏ရေနံစိမ်းစျေးကွက်တွင်လည်း ရေနံစျေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၈၃ ဒသမ ၈၅) အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ရေနံစိမ်းစျေးနှုန်းသည် မေလနောက်ပိုင်းမှစတင်ပြီး စျေးနှုန်းများတွင် အမြင့်ဆုံးဖြစ်နေခဲ့ ကြောင်းသိရသည်။ ဝယ်လိုအားများပြားလာမှုကြောင့် စိုးရိမ်မှုများမြင့်တက်လာခဲ့ပြီး အောက်တိုဘာ(၃)ရက်နေ့ တွင် ရေနံစိမ်းစျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။

OPEC နှင့် ၎င်း၏မဟာမိတ်ဖြစ်သော OPEC+ ဟုခေါ်သော ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့သည် ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးလူချင်းတွေ့ဆုံဆွေးနွေးမည့်အစည်းအဝေးတွင် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း (၁) သန်း ကျော် လျော့ချနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။

ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ဝယ်လိုအားများကျဆင်းခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ရေနံထုတ်လုပ်မှုများ စံချိန်တင် လျော့ချခဲ့ရပြီးနောက် OPEC+ သည် ယခုနှစ်တွင် ရေနံထုတ်လုပ်မှုကို ပြန်လည်တိုးမြှင့်ခဲ့ကြောင်းသိရသည်။ မကြာသေးမီက မြင့်မားနေသည့် ရေနံစိမ်း‌စျေးနှုန်းများသိသိသာသာ ကျဆင်းလာပြီးနောက် ထုတ်လှုပ်မှုများကို ဖြတ်တောက်ခြင်းသည် တရားမျှတကြောင်း Goldman Sachs က ပြောကြားခဲ့သည်။

OPEC+ ၏ ယခင်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများသည် အမြတ်အစွန်းများရယူရန် ကြိုးပမ်းနေသောကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့်ပတ်သက်သည့်စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း CMC Markets မှ လေ့လာသုံးသပ်သူ Tina Teng က ပြောသည်။

Tina Tengက “ငွေချေးစာချုပ်ဈေးကွက် ကမောက်ကမဖြစ်မှု၊ ပိုင်ဆိုင်မှုများ ရောင်းချမှု၊ အမေရိကန်ဒေါ်လာဈေး အတက်အကျတွေနဲ့ ကမ္ဘာ့ဈေးကွက်တွေမှာ မသေချာမရေရာမှုတွေ က ရှိနေပါသေးတယ်” ဟု ဆိုသည်။

Zawgyi Version;
ေရနံတင္ပို႔သည့္ႏိုင္ငံမ်ားအဖြဲ႕ OPEC+ ၏ အစည္းအေဝးမက်င္းပမီ ေရနံစိမ္း‌ေစ်းႏႈန္းမ်ား ပိုမိုျမင့္တက္လာ
ၿဖိဳးခန႔္(NP News) - ေအာက္တိုဘာ ၅

ေရနံတင္ပို႔သည့္ႏိုင္ငံမ်ားအဖြဲ႕ OPEC+ သည္ ေအာက္တိုဘာ(၅)ရက္ေန႔ျပဳလုပ္မည့္ေတြ႕ဆုံပြဲတြင္ ေရနံစိမ္း ထုတ္လုပ္မႈႏႈန္းကိုေလွ်ာ့ခ်ရန္ သေဘာတူႏိုင္မည္ဟု ေမွ်ာ္လင့္ေနသလို လက္ရွိကမာၻ႔စီးပြားေရးအေပၚ စိုးရိမ္မႈမ်ား ရွိေနေၾကာင္းသိရသည္။

ေအာက္တိုဘာ(၄)ရက္ေန႔ အေစာပိုင္းမွာ အာရွကုန္သြယ္ေရးတြင္ ေရနံစိမ္းေစ်းႏႈန္းမ်ား ပိုမိုျမင့္တက္လာခဲ့ ေၾကာင္း သိရသည္။ လက္ရွိကမာၻ႔ေရနံေစ်းကြက္တြင္ Brent ေရနံစိမ္း တစ္စည္ေစ်းႏႈန္းသည္ အေမရိကန္ေဒၚလာ (၈၉ ဒသမ ၂၉) ထိ ျမင့္တက္ေနေၾကာင္းသိရသည္။ အေမရိကန္၏ေရနံစိမ္းေစ်းကြက္တြင္လည္း ေရနံေစ်းႏႈန္းမ်ား ျမင့္တက္လ်က္ရွိေနၿပီး ေရနံစိမ္းတစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၈၃ ဒသမ ၈၅) အထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံတြင္ ေရနံစိမ္းေစ်းႏႈန္းသည္ ေမလေနာက္ပိုင္းမွစတင္ၿပီး ေစ်းႏႈန္းမ်ားတြင္ အျမင့္ဆုံးျဖစ္ေနခဲ့ ေၾကာင္းသိရသည္။ ဝယ္လိုအားမ်ားျပားလာမႈေၾကာင့္ စိုးရိမ္မႈမ်ားျမင့္တက္လာခဲ့ၿပီး ေအာက္တိုဘာ(၃)ရက္ေန႔ တြင္ ေရနံစိမ္းေစ်းႏႈန္းမ်ား ျပန္လည္ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

OPEC ႏွင့္ ၎၏မဟာမိတ္ျဖစ္ေသာ OPEC+ ဟုေခၚေသာ ေရနံတင္ပို႔သည့္ႏိုင္ငံမ်ားအဖြဲ႕သည္ ၂ဝ၂ဝ ျပည့္ႏွစ္ ေနာက္ပိုင္း ပထမဆုံးလူခ်င္းေတြ႕ဆုံေဆြးေႏြးမည့္အစည္းအေဝးတြင္ တစ္ရက္လွ်င္ ေရနံစိမ္းစည္ေပါင္း (၁) သန္း ေက်ာ္ ေလ်ာ့ခ်ႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္းသိရသည္။

ကိုဗစ္(၁၉)ကပ္ေရာဂါေၾကာင့္ ဝယ္လိုအားမ်ားက်ဆင္းခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ေရနံထုတ္လုပ္မႈမ်ား စံခ်ိန္တင္ ေလ်ာ့ခ်ခဲ့ရၿပီးေနာက္ OPEC+ သည္ ယခုႏွစ္တြင္ ေရနံထုတ္လုပ္မႈကို ျပန္လည္တိုးျမႇင့္ခဲ့ေၾကာင္းသိရသည္။ မၾကာေသးမီက ျမင့္မားေနသည့္ ေရနံစိမ္း‌ေစ်းႏႈန္းမ်ားသိသိသာသာ က်ဆင္းလာၿပီးေနာက္ ထုတ္လႈပ္မႈမ်ားကို ျဖတ္ေတာက္ျခင္းသည္ တရားမွ်တေၾကာင္း Goldman Sachs က ေျပာၾကားခဲ့သည္။

OPEC+ ၏ ယခင္အစည္းအေဝးတြင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အျမတ္အစြန္းမ်ားရယူရန္ ႀကိဳးပမ္းေနေသာေၾကာင့္ တစ္ကမာၻလုံးဆိုင္ရာစီးပြားေရးႏွင့္ပတ္သက္သည့္စိုးရိမ္မႈမ်ား ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း CMC Markets မွ ေလ့လာသုံးသပ္သူ Tina Teng က ေျပာသည္။

Tina Tengက “ေငြေခ်းစာခ်ဳပ္ေဈးကြက္ ကေမာက္ကမျဖစ္မႈ၊ ပိုင္ဆိုင္မႈမ်ား ေရာင္းခ်မႈ၊ အေမရိကန္ေဒၚလာေဈး အတက္အက်ေတြနဲ႔ ကမာၻ႔ေဈးကြက္ေတြမွာ မေသခ်ာမေရရာမႈေတြ က ရွိေနပါေသးတယ္” ဟု ဆိုသည္။

Related news

© 2021. All rights reserved.